This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အီဂ်စ္လက္ေရြးစင္အသင္းက အနားယူဖုိ႔ စဥ္းစားေနတဲ့ ဆာလာ Salah

အီဂ်စ္အသင္းရဲ႕ နာမည္ေက်ာ္ကစားသမား ဆာလာ Salah ဟာ ႏုိင္ငံလက္ေရြးစင္အသငး္ကေန အံ့အားသင့္ဖြယ္ အနားယူဖုိ႔ စဥ္းစားေနတယ္လုိ႔ သတင္းေတြထြက္ေပၚေနတယ္။ ဆာလာအေနနဲ႔ လက္ေရြးစင္အသင္းက အနားယူဖို႔စဥ္းစားရတဲ့အေၾကာင္းရင္းက ႐ုရွားႏုိင္ငံ၊ ေခ်ခ်င္းညာေဒသမွာ အီဂ်စ္အသင္းေလ့က်င့္ခန္းဆင္းဖုိ႔ အေျခစုိက္ခဲ့တာနဲ႔ပတ္သက္ေနတယ္ဆုိၿပီး ၿဗိတိန္မီဒီယာေတြက ေဖာ္ျပခဲ့ၾကတယ္။ ေခ်ခ်င္းညာေဒသက စစ္အဖဲြေခါင္းေဆာင္ ရမ္ဇန္ကာဒီေယာ့ Ramzan Kadyrov ဟာ ကမၻာ႔ဖလားၿပိဳင္ပဲြမတိုင္ခင္ အီဂ်စ္အသင္းရဲ႕ Training Base Camp ကုိ လာခဲ့ၿပီး အီဂ်စ္ Star ဆာလာနဲ႔အတူ ဓာတ္ပုံ႐ုိက္ခံခဲ့သလုိ အီဂ်စ္ေဘာလုံးအသင္းကုိ ဂုဏ္ျပဳညစာနဲ႔ တည့္ခင္းဧည့္ခံခဲ့ပါတယ္။ ဒါ့အျပင္ ရမ္ဇန္ကာဒီေယာ့က ဆာလာဟာ ေခ်ခ်င္းညာေဒသအတြက္ အထူးဂုဏ္ျပဳခံျပည္သူတစ္ဦးျဖစ္တယ္လုိ႔ သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ခ်ီးက်ဴးေရးသားခဲ့တယ္။

Mohamed-Salah-considering-quitting-Egypt-team-over-Ramzan-Kadyrov-row

Mohamed-Salah-considering-quitting-Egypt-team-over-Ramzan-Kadyrov-row

ရမ္ဇန္ကာဒီေယာ့ဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြေၾကာင့္ ေ၀ဖန္မႈေတြနဲ႔ ရင္ဆုိင္ေနရသူျဖစ္ၿပီး သူကေတာ့ အဲဒီစြပ္စဲြမႈေတြကုိ ျငင္းဆန္ထားပါတယ္။ အီဂ်စ္ေဘာလုံးအဖဲြ႕ခ်ဳပ္အေနနဲ႔ ႏုိင္ငံအသင္းရဲ႕ Training Base Camp ေရြးခ်ယ္တာမွာ ေခ်ခ်င္းညာေဒသကုိ ရည္ရြယ္ခ်က္ရွိရွိေရြးခ်ယ္ခဲ့တာျဖစ္တယ္ဆုိၿပီး စြပ္စဲြမႈေတြထြက္ေပၚေနတာေၾကာင့္ ဆာလာဟာ အားကစားနဲ႔ႏုိင္ငံေရး ေရာယွက္ေနတာကုိ မႀကိဳက္ႏွစ္သက္တဲ့အတြက္ လက္ေရြးစင္အသင္းက အနားယူဖုိ႔ စဥ္းစားေနတာပါ။ အီဂ်စ္အသင္းဟာ ဒီေန႔(တနလၤာ)မွာ ေဆာ္ဒီအာေရဗ်အသင္းနဲ႔ အုပ္စုေနာက္ဆုံးပဲြကစားရမွာျဖစ္ၿပီး ဒီပဲြမွာ ဆာလာဟာ အသငး္အတြက္ ပါ၀င္ကစားမွာ မဟုတ္ဘူးလုိ႔ မီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။ အဲဒီ သတင္းေတြကုိ အီဂ်စ္ေဘာလုံးအဖဲြ႕ခ်ဳပ္က ျငင္းဆန္ခဲ့ၿပီး “ဆာလာဟာ အသင္းနဲ႔အတူ ေပ်ာ္ေပ်ာ္ရႊရႊင္ပဲရွိေနပါတယ္။ အသင္းကေန ဆာလာ ထြက္ခြာမယ္ဆုိတဲ့ သတင္းေတြဟာ လုံး၀ မမွန္ကန္ပါဘူး”ဆုိၿပီး သတင္းထုတ္ျပန္ခဲ့တယ္။ ဆာလာဟာ ၿပီးခဲ့တဲ့ဧၿပီလတုန္းကလည္း သူ႔ရဲ႕ပုံရိပ္အသုံးျပဳမႈနဲ႔ပတ္သက္ၿပီး အီဂ်စ္ေဘာလုံးအဖဲြ႕ခ်ဳပ္နဲ႔ ျပႆနာျဖစ္ပြားခဲ့ပါေသးတယ္။ အီဂ်စ္ေဘာလုံးအဖဲြ႕ခ်ဳပ္က သူတို႔ရဲ႕စပြန္ဆာ WE အတြက္ Promotion အျဖစ္ ဆာလာရဲ႕ပုံကုိ အသုံးျပဳခဲ့ၿပီး ဆာလာဟာ WE ရဲ႕ ၿပိဳင္ဘက္ကုမၸဏီ Vodafone နဲ႔ စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆုိထားတာေၾကာင့္ အီဂ်စ္ေဘာလုံးအဖဲြ႕ခ်ဳပ္ရဲ႕လုပ္ရပ္ကုိ ဆာလာက ေ၀ဖန္ျပစ္တင္ခဲ့တာျဖစ္ပါတယ္။

REF:BBC,CNN
Photo:Business Insider,Getty Images
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အီဂျစ်လက်ရွေးစင်အသင်းက အနားယူဖို့ စဉ်းစားနေတဲ့ ဆာလာ Salah

အီဂျစ်အသင်းရဲ့ နာမည်ကျော်ကစားသမား ဆာလာ Salah ဟာ နိုင်ငံလက်ရွေးစင်အသင်းကနေ အံ့အားသင့်ဖွယ် အနားယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတယ်။ ဆာလာအနေနဲ့ လက်ရွေးစင်အသင်းက အနားယူဖို့စဉ်းစားရတဲ့အကြောင်းရင်းက ရုရှားနိုင်ငံ၊ ချေချင်းညာဒေသမှာ အီဂျစ်အသင်းလေ့ကျင့်ခန်းဆင်းဖို့ အခြေစိုက်ခဲ့တာနဲ့ပတ်သက်နေတယ်ဆိုပြီး ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြတယ်။ ချေချင်းညာဒေသက စစ်အဖွဲခေါင်းဆောင် ရမ်ဇန်ကာဒီယော့ Ramzan Kadyrov ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အီဂျစ်အသင်းရဲ့ Training Base Camp ကို လာခဲ့ပြီး အီဂျစ် Star ဆာလာနဲ့အတူ ဓာတ်ပုံရိုက်ခံခဲ့သလို အီဂျစ်ဘောလုံးအသင်းကို ဂုဏ်ပြုညစာနဲ့ တည့်ခင်းဧည့်ခံခဲ့ပါတယ်။ ဒါ့အပြင် ရမ်ဇန်ကာဒီယော့က ဆာလာဟာ ချေချင်းညာဒေသအတွက် အထူးဂုဏ်ပြုခံပြည်သူတစ်ဦးဖြစ်တယ်လို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ချီးကျူးရေးသားခဲ့တယ်။

Mohamed-Salah-considering-quitting-Egypt-team-over-Ramzan-Kadyrov-row

Mohamed-Salah-considering-quitting-Egypt-team-over-Ramzan-Kadyrov-row

ရမ်ဇန်ကာဒီယော့ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူဖြစ်ပြီး သူကတော့ အဲဒီစွပ်စွဲမှုတွေကို ငြင်းဆန်ထားပါတယ်။ အီဂျစ်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ နိုင်ငံအသင်းရဲ့ Training Base Camp ရွေးချယ်တာမှာ ချေချင်းညာဒေသကို ရည်ရွယ်ချက်ရှိရှိရွေးချယ်ခဲ့တာဖြစ်တယ်ဆိုပြီး စွပ်စွဲမှုတွေထွက်ပေါ်နေတာကြောင့် ဆာလာဟာ အားကစားနဲ့နိုင်ငံရေး ရောယှက်နေတာကို မကြိုက်နှစ်သက်တဲ့အတွက် လက်ရွေးစင်အသင်းက အနားယူဖို့ စဉ်းစားနေတာပါ။ အီဂျစ်အသင်းဟာ ဒီနေ့(တနင်္လာ)မှာ ဆော်ဒီအာရေဗျအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲကစားရမှာဖြစ်ပြီး ဒီပွဲမှာ ဆာလာဟာ အသင်းအတွက် ပါဝင်ကစားမှာ မဟုတ်ဘူးလို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။ အဲဒီ သတင်းတွေကို အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ငြင်းဆန်ခဲ့ပြီး “ဆာလာဟာ အသင်းနဲ့အတူ ပျော်ပျော်ရွှရွှင်ပဲရှိနေပါတယ်။ အသင်းကနေ ဆာလာ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေဟာ လုံး၀ မမှန်ကန်ပါဘူး”ဆိုပြီး သတင်းထုတ်ပြန်ခဲ့တယ်။ ဆာလာဟာ ပြီးခဲ့တဲ့ဧပြီလတုန်းကလည်း သူ့ရဲ့ပုံရိပ်အသုံးပြုမှုနဲ့ပတ်သက်ပြီး အီဂျစ်ဘောလုံးအဖွဲ့ချုပ်နဲ့ ပြဿနာဖြစ်ပွားခဲ့ပါသေးတယ်။ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က သူတို့ရဲ့စပွန်ဆာ WE အတွက် Promotion အဖြစ် ဆာလာရဲ့ပုံကို အသုံးပြုခဲ့ပြီး ဆာလာဟာ WE ရဲ့ ပြိုင်ဘက်ကုမ္ပဏီ Vodafone နဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုထားတာကြောင့် အီဂျစ်ဘောလုံးအဖွဲ့ချုပ်ရဲ့လုပ်ရပ်ကို ဆာလာက ဝေဖန်ပြစ်တင်ခဲ့တာဖြစ်ပါတယ်။

REF:BBC,CNN
Photo:Business Insider,Getty Images
Naing Linn(Akhayar)
www.akhayar.com