[Zawgyi]










ကြည်သာ (Akhayar)

www.akhayar.com


[Unicode]

စိုင်းစိုင်းကတော့စိုင်းစိုင်းပါပဲ

စိုင်းစိုင်းခမ်းလှိုင်ရဲ့ အခွေသစ်ဖြစ်တဲ့ Sai Sai is Sai Sai ဆိုတဲ့ အခွေဝယ်ယူသူတွေအတွက် လက်မှတ်ထိုးပွဲ ကို ဧပြီလ ၁ ရက်နေ့ က Junction Square မှာ ကျင်းပခဲ့ပါတယ်။စိုင်းစိုင်းက လာအားပေးကြတဲ့ သူတွေကို ကျေးဇူးတင်တဲ့ အနေနဲ့ သူ့ရဲ့လူမှုကွန်ရက်မှာအခုလိုဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။

စိုင်းစိုင်းနဲ့သုရဲ့ပရိသတ်များ

စိုင်းစိုင်းနဲ့သုရဲ့ပရိသတ်များ

“ကျနော့်အနုပညာသက်တမ်းတလျှောက်စံချိန်တင် လက်မှတ်ထိုးပွဲဖြစ်ပါတယ်
နေ့လည် ၁ နာရီခွဲမှာ စထိုးတာ ည ၇ နာရီခွဲအထိ
၆ နာရီ non stop ထိုးရတာပါ
ပွဲတစ်ပွဲထဲမှာ ဒီလောက်အရေအတွက်အထိရောင်းရတာလည်း ဒါပထမဆုံးဖြစ်ပြီးတော့ လူအရေအတွက်လည်း အများဆုံးပါပဲ
စင်တာအပြင်အထိ တန်းစီနေကြတာ တစ်ဘက်မှာလည်း အားလည်းနာတယ် တစ်ဘက်မှာလည်း အားပေးမှုအတွက် ကြည်နူးဝမ်းသာပါတယ်
မထွက်သေး နားမထောင်ရသေးတဲ့ အခွေအသစ်အတွက် ဒီလောက်အားပေးတာ ကျနော့်အနုပညာကို ယုံကြည်မှုပေးထားတာ အခုအချိန်အထိ ကြက်သီးထနေပါတယ်
ဒီနေ့ပွဲအတွက် ပရိသတ်အားလုံးရော
ပါဝင်ကူညီကြသူတွေရော Operation မှာပါဝင်ခဲ့ကြတဲ့ ဘော်ဒါတွေ လုပ်ဖော်ကိုင်ဖက်တွေရော လူတိုင်းလူတိုင်းကို ကျေးဇူး အထူး (အထူး ) တင်ပါတယ်ခင်ဗျား” ဆိုပြီးဖော်ပြခဲ့တာဖြစ်ပါတယ်။

စိုင်းစိုင်းနဲ့သူရဲ့ ပရိသတ်များ

စိုင်းစိုင်းနဲ့သူရဲ့ ပရိသတ်များ

အဲ့နေ့ပွဲမှာပဲ Selfie 5000 လောက်ကို မနားတမ်းရိုက်ခဲ့ဖူးတာ ပထမဆုံးအကြိမ်ဖြစ်တယ် လို့လည်း စိုင်းစိုင်းက ရေးသားဖော်ပြထားပါသေးတယ်။

Photo Credit- Sai Sai Facebook

ကြည်သာ (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။