[Zawgyi]






ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

ကမ္ဘာ့ဖလားကြောင့် စိုင်းစိုင်းတစ်ယောက်ဗျာများနေရကြောင်း

ဘောလုံးပွဲတွေ နဲ့ ရှုတင်တွေအကြားမှာ ဗျာများနေရတဲ့ အကြောင်းကို စိုင်းစိုင်းခမ်းလှိုင်ကအခုလိုရေးသားထားတာဖြစ်ပါတယ်။ ဘောလုံးပွဲကြိုက်တဲ့ အနုပညာရှင်တစ်ဦးဖြစ်လို့ ဒီလိုအခက်အခဲတွေရင်ဆိုင်နေရတဲ့ အတွက် ဘယ်လိုအိပ်ရာထရမလဲ အရပ်တတို့ရယ် ဆိုပြီးတော့ ပရိသတ်ကို မေးခွန်းထုတ်ထားပါသေးတယ်။

“ကမ္ဘာ့ဖလားနဲ့ ရှုတင်ရိုက်ကွင်းဆိုတာ
ဓမ္မာသောက အင်းဝရာဇာပါပဲ
မင်းဂွတ်သီးနဲ့ သကြားလို
ချောကလက်နဲ့ ပဲမြစ်လို
ဖရဲသီးနဲ့ ဘဲဥလို တွဲဖက်ရန်မသင့်တဲ့အရာ
ကိုယ်ဘယ်လို အိပ်ရာထရမလဲ အရပ်ကတို့ရယ်”

အောင်မြင်မှုတွေနဲ့ အမြဲတွေ့ရတဲ့ စိုင်းစိုင်း

စိုင်းစိုင်း ဟာအောင်မြင်မှုတွေကို ၁၀ စုနှစ် ၂ခုနီးပါးလောက်ကို ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ တစ်ကိုယ်တည်းလူပျိုကြီးအနေနဲ့ အနုပညာလုပ်ငန်းတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:Sai Sai Kham Leng Facebook Page(Amazing Grace)

www.akhayar.com