[Zawgyi]



“မကြံကောင်းမစည်ရာ





ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

သီတင်းကျွတ်လာကန်တော့မယ့် ကောင်မလေးတွေကို သတိပေးလိုက်တဲ့ စိုင်းစိုင်း

သီတင်းကျွတ်မှာ လာကန်တော့ဖို့ စဉ်းစားထားကြတဲ့ ကောင်မလေးတွေကို စိုင်းစိုင်းက အခုလိုသတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ စိုင်းစိုင်းဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာအခုလိုတင်ထားတာပါ။

“မကြံကောင်းမစည်ရာ
သီတင်းကျွတ် လာကန်တော့ဖို့စဉ်းစားနေတဲ့ ကောင်မလေးတွေ ဒီမယ်ကြည့်

( အမှန်တကယ်ကိုက်ကြောင်းအာမခံပါသည် )” ဆိုပြီးတော့ ခွေးလေးနှစ်ကောင်နဲ့ ပုံကို တင်ထားတာဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ အတွက် တက်သစ်စအနုပညာရှင်တွေ ထက်တော့ အသက်ကြီးသူ ၊ ဝါကြီးသူတစ်ယောက်လည်းဖြစ်ပါတယ်။

စိုင်းစိုင်း ကတော့ အသက် ၃၉ နှစ်ရှိတယ် ဆိုပေမယ့်လည်း လူငယ်အဆိုတော်တွေလိုပဲ မိန်းကလေးအများစုရဲ့အားပေးခြင်းကို ရရှိနေသလို အောင်မြင်မှုတွေကို လက်ရှိအချိန်အထိ အကောင်းဆုံး ထိန်းသိမ်းထားနိုင်သူတစ်ဦးလို့ ဆိုရမှာဖြစ်ပါတယ်။

Photo Credit: Sai Sai Kham Leng Facebook

ကြည်သာ (Akhayar)

www.akhayar.com