[Zawgyi]









ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

စင်ကာပူမှာဖျော်ဖြေရန်ရောက်ရှိနေကြတဲ့ စိုင်းစိုင်းနဲ့ သူငယ်ချင်းများ

စင်ကာပူမှာ စိုင်းစိုင်း နဲ့အတူ G Fatt ၊ ဘန်နီဖြိုး ၊ ဘကြီးဖြိုး ၊ ဦးနေဝင်း ၊ ဂျွန် ၊ အမရာဘုန်း တို့ က ပါဝင်သီဆိုဖျော်ဖြေရန်အတွက် ရောက်ရှိနေကြပါတယ်။

နောက်ပြီး မျိုးကျော့မြိုင်လည်း သီဆိုဖျော်ဖြေမှာ ဖြစ်တယ်လို့ စိုင်းစိုင်း ကပြောပါတယ်။ စိုင်းစိုင်း တို့ကတော့ စင်ကာပူ ကို အရင်ရောက်ရှိနေကြပြီဖြစ်ပြီး ကိုမျိုးကျော့မြိုင်ကတော့ Show ပွဲ အမှီလာရောက်မယ်လို့လည်းသိရပါတယ်။

ဒီနှစ်မှာလည်း Frenzo Singapore Show ကို လာရောက်ဖျော်ဖြေဖြစ်သလို ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တို့ ကလည်း လာရောက်ဖျော်ဖြေဖူးတယ်လို့ စိုင်းစိုင်းခမ်းလှိုင်က Live လွှင့်ပြီးပြောခဲ့တာဖြစ်ပါတယ်။

အရင်နှစ်တွေက စင်ကာပူမှာဖျော်ဖြေခဲ့တဲ့ ပုံ

ပြီးခဲ့တဲ့ စိုင်းစိုင်း Birthday Show တုန်းက

စင်ကာပူမှာ သြဂုတ်လ ၅ရက်နေ့ ညနေ ၃ နာရီ ကနေ ၇ နာရီ အထိ စိုင်းစိုင်းနဲ့ သူငယ်ချင်းတွေ ကတော့ Zouk Club မှာဖျော်ဖြေသွားကြမယ်လို့သိရပါတယ်။

Photo Credit:Sai Sai Kham Leng Facebook Page

ကြည်သာ (Akhayar)

www.akhayar.com