[Zawgyi]

ဒါရုိက္တာ Ryan Coogler ဟာ Black Panther ေနာက္ဆက္တြဲကုိ ရုိက္ကူးေတာ့မယ္

Black Panther (2018) မွာ ေအာင္ျမင္မႈမ်ားစြာရထားတဲ့ ဒါရုိက္တာ Ryan Coogler ကုိ ေနာက္ဆက္တြဲရုိက္ကူးဖုိ႔ Marvel Studios နဲ႔ သေဘာတူညီမႈရေနၿပီလုိ႔ သတင္းထြက္ေနပါတယ္။ Black Panther (2018) ဟာ လူႀကိဳက္မ်ားခဲ့ၿပီး ဝင္ေငြ ေဒၚလာ ၁.၃၄၇ ဘီလီယံ (ေဒၚလာ ၁,၃၄၇ သန္း) အထိကုိ ရရွိခဲ့ပါတယ္။ ပထမကားမွာ ေအာင္ျမင္မႈရခဲ့တာေၾကာင့္ Marvel Studios အေနနဲ႔ ဒုတိယေနာက္ဆက္တြဲမွာလည္း Ryan Coogler နဲ႔ လက္တြဲခ်င္ဟန္ရွိပါတယ္။

Creed (2015) နဲ႔ Black Panther (2018) ရုပ္ရွင္ေတြနဲ႔ ေအာင္ျမင္မႈရလာတဲ့ ဒါရုိက္တာ Ryan Coogler ဟာ မင္းသား Michael B. Jordan နဲ႔ Wrong Answer (ျဖန္႔ခ်ိႏွစ္ မေၾကညာေသး) ရုပ္ရွင္ကားအတြက္ ျပင္ဆင္ေနပါတယ္။ Ryan Coogler ဟာ Black Panther ေနာက္ဆက္တြဲဇာတ္ကားမွာလည္း ဒါရုိက္တာအေနနဲ႔သာမက ဇာတ္ညႊန္းဆရာအေနနဲ႔ပါ တာဝန္ယူဖြယ္ရွိပါတယ္။

ဇာတ္ညႊန္းကုိ ၂ဝ၁၉ခုႏွစ္အေစာပုိင္းမွာ ေရးသားဖြယ္ရွိၿပီး ရုိက္ကူးေရးကုိ ၂ဝ၁၉ႏွစ္ကုန္ပုိင္း ဒါမွမဟုတ္ ၂ဝ၂ဝႏွစ္ဆန္းပိုင္းမွာ စတင္ဖြယ္ရွိတယ္လုိ႔ သိရပါတယ္။ ကဲ . . . Black Panther ေနာက္ဆက္တြဲဟာ မၾကာခင္အခ်ိန္မွာပဲ ဖန္သားျပင္ေပၚမွာ ေရာက္လာေတာ့မွာဆုိေတာ့ Marvel Fan ေတြအတြက္ ေပ်ာ္စရာပါပဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ဒါရိုက်တာ Ryan Coogler ဟာ Black Panther နောက်ဆက်တွဲကို ရိုက်ကူးတော့မယ်

Black Panther (2018) မှာ အောင်မြင်မှုများစွာရထားတဲ့ ဒါရိုက်တာ Ryan Coogler ကို နောက်ဆက်တွဲရိုက်ကူးဖို့ Marvel Studios နဲ့ သဘောတူညီမှုရနေပြီလို့ သတင်းထွက်နေပါတယ်။ Black Panther (2018) ဟာ လူကြိုက်များခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၁.၃၄၇ ဘီလီယံ (ဒေါ်လာ ၁,၃၄၇ သန်း) အထိကို ရရှိခဲ့ပါတယ်။ ပထမကားမှာ အောင်မြင်မှုရခဲ့တာကြောင့် Marvel Studios အနေနဲ့ ဒုတိယနောက်ဆက်တွဲမှာလည်း Ryan Coogler နဲ့ လက်တွဲချင်ဟန်ရှိပါတယ်။

Creed (2015) နဲ့ Black Panther (2018) ရုပ်ရှင်တွေနဲ့ အောင်မြင်မှုရလာတဲ့ ဒါရိုက်တာ Ryan Coogler ဟာ မင်းသား Michael B. Jordan နဲ့ Wrong Answer (ဖြန့်ချိနှစ် မကြေညာသေး) ရုပ်ရှင်ကားအတွက် ပြင်ဆင်နေပါတယ်။ Ryan Coogler ဟာ Black Panther နောက်ဆက်တွဲဇာတ်ကားမှာလည်း ဒါရိုက်တာအနေနဲ့သာမက ဇာတ်ညွှန်းဆရာအနေနဲ့ပါ တာဝန်ယူဖွယ်ရှိပါတယ်။

ဇာတ်ညွှန်းကို ၂ဝ၁၉ခုနှစ်အစောပိုင်းမှာ ရေးသားဖွယ်ရှိပြီး ရိုက်ကူးရေးကို ၂ဝ၁၉နှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂ဝ၂ဝနှစ်ဆန်းပိုင်းမှာ စတင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ကဲ . . . Black Panther နောက်ဆက်တွဲဟာ မကြာခင်အချိန်မှာပဲ ဖန်သားပြင်ပေါ်မှာ ရောက်လာတော့မှာဆိုတော့ Marvel Fan တွေအတွက် ပျော်စရာပါပဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com