This Football update is proudly sponsored by Telenor Myanmar.

[Zawgyi]






REF:The Sun
Photo:Goal.com, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com

အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

နိုင်ငံအသင်းကနေ အနားယူခဲ့တဲ့ ရုရှားဝါရင့်နောက်ခံလူ အိုင်ဂနာရှီဗစ်ရှ် Ignashevich

ခရိုအေးရှားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူကြောင်း ရုရှားအသင်းရဲ့ ဝါရင့်နောက်ခံလူ အိုင်ဂနာရှီဗစ်ရှ် Ignashevich က ကြေညာခဲ့ပါတယ်။ နိုင်ငံအသင်းအတွက် ပွဲအများဆုံး ကစားပေးထားတဲ့ ဝါရင့်နောက်ခံလူ အိုင်ဂနာရှီဗစ်ရှ် Ignashevich ဟာ (၁၆)နှစ်တာ ကာလအတွင်း နိုင်ငံအသင်းအတွက် (၁၂၇)ပွဲအထိ ကစားပေးခဲ့တာဖြစ်ပါတယ်။ အသက် (၃၈)နှစ် အရွယ်ရှိ အိုင်ဂနာရှီဗစ်ရှ် Ignashevich က “ကျွန်တော့်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား၊ နောက်ဆုံးပြိုင်ပွဲဖြစ်ပြီး နိုင်ငံအသင်းအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ပွဲပါ”လို့ ခရိုအေးရှားနဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

Sergei-Ignashevich-Russias-most-capped-player-has-announced-his-retirement

Sergei-Ignashevich-Russias-most-capped-player-has-announced-his-retirement

ခရိုအေးရှားအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အိုင်ဂနာရှီဗစ်ရှ် Ignashevich က တရားဝင်ကြေညာခဲ့တာဖြစ်ပြီး (၁၂၇)ပွဲ ကစားပေးခဲ့ကာ (၈)ဂိုးအထိ သွင်းယူပေးခဲ့တဲ့ နောက်ခံလူတစ်ဦးဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်ကစတင်ပြီး နိုင်ငံအသင်းအတွက် စတင်ပါဝင်ခဲ့တဲ့ အိုင်ဂနာရှီဗစ်ရှ် Ignashevich ဟာ ရုရှားနောက်တန်းမှာ (၁၆)နှစ်ကြာ ပါဝင်ကစားပေးခဲ့တဲ့ ဝါရင့်နောက်ခံလူတစ်ဦးဖြစ်ပါတယ်။

REF:The Sun
Photo:Goal.com, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com