ရုရွားတရားသူႀကီးတစ္ဦးဟာ ဘုရားေက်ာင္းထဲမွာ Pokemon Go ဂိမ္းကစားၿပီး ဗီဒီယုိရိုက္တင္ခဲ့တဲ့ ရုရွားႏုိင္ငံသား YouTuber တစ္ေယာက္ကုိ အျပစ္ရွိတယ္လုိ႔ အမိန္႔ခ်ခဲ့ပါတယ္။ ေမာ္စကုိၿမိဳ႕ေတာ္အနီးက နယ္ၿမိဳ႕တစ္ၿမိဳ႕မွာ ေနထုိင္တဲ့ အသက္ ၂၂ႏွစ္အရြယ္ Ruslan Sokolovsky ဟာ “ဘာသာေရးေစာ္ကားမႈ” လုိ႔ေခါင္းစဥ္တပ္ခံရတဲ့ အမႈအတြက္ ေထာင္ဒဏ္ငါးႏွစ္ခ်မယ့္ အေရးနဲ႔ ရင္ဆို္င္ေနရတာပါ။

Sokolovsky ဟာ Yekaterinburg ၿမိဳ႕ ဘုရားေက်ာင္းမွာ ၿပီးခဲ့တဲ့ ၂၀၁၆ခုႏွစ္ ၾသဂုတ္လတုန္းက Pokemon Go ဂိမ္းထဲမွာ Pokemon ဖမ္းေနပံုကုိ ဗီဒီယုိ၇ုိက္ကူးၿပီး YouTube မွာ တင္ခဲ့တာပါ။ ဒီဗီဒီယုိဟာ အေတာ္ၾကာျမင့္ခဲ့ၿပီျဖစ္ေပမယ့္ အစုိးရပုိင္းက တာဝန္ရွိေသးေတြအေနနနဲ႔ ဒီလုပ္ရပ္ဟာ ဘာသာေရးကုိ ထိခုိက္ေစတယ္လုိ႔ ယူဆၿပီး စြဲခ်က္တင္ခဲ့တာပါ။

https://youtu.be/PfMn1yahGYk

“ဘုရားေက်ာင္းနားမွာ ဘယ္သူ စမတ္ဖုန္းနဲ႔ လမ္းေလွ်ာက္ရဲလဲ?” လုိ႔ သူက ဗီဒီယုိအစမွာ ေမးခဲ့ပါတယ္။ “သူတုိ႔ ဘာေသာက္ေၾကာင္းနဲ႔ ဒီအရာကုိ ပိတ္ပင္ထားတာပါလဲ” လုိ႔ YouTube ဗီဒီယုိမွာ ေမးျမန္းခဲ့ပါတယ္။

ဒီဗီဒီယုိတင္ၿပီး ရက္သတၱပတ္ၾကာေတာ့ ရဲေတြက သူ႔တုိက္ခန္းထဲကုိ ဝင္ေရာက္ၿပီး ဖမ္းဆီးသြားခဲ့တာပါ။ ႏုိင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႕ကေတာ့ Sokolovsky ကုိလႊတ္ေပးဖုိ႔နဲ႔ ဥပေဒမဲ့ဖမ္းဆီးမႈကုိ ရပ္တန္႔ဖုိ႔ ေတာင္းဆုိခဲ့ပါတယ္။ ရုရွားႏုိင္ငံသား ၁၄၀၀၀ ဟာ ၿပီးခဲ့တဲ့ ၂၀၁၆ စက္တင္ဘာ တစ္လထဲတင္ ရရွားအာဏာပုိင္ေတြရဲ႕ ဆက္သြယ္ေမးျမန္းျခင္းကုိ ခံခဲ့ရေၾကာင္း BBC က ထုတ္ေဖာ္ခဲ့ပါတယ္။

Joker (Akhayar)

Ref: Engadget

==============

ဘုရားကျောင်းထဲမှာ ‘Pokemon Go’ ကစားခဲ့တဲ့ ရုရှားဘလော့ဂါ ထောင်ဒဏ်ငါးနှစ်အချခံရ

ရုရှားတရားသူကြီးတစ်ဦးဟာ ဘုရားကျောင်းထဲမှာ Pokemon Go ဂိမ်းကစားပြီး ဗီဒီယိုရိုက်တင်ခဲ့တဲ့ ရုရှားနိုင်ငံသား YouTuber တစ်ယောက်ကို အပြစ်ရှိတယ်လို့ အမိန့်ချခဲ့ပါတယ်။ မော်စကိုမြို့တော်အနီးက နယ်မြို့တစ်မြို့မှာ နေထိုင်တဲ့ အသက် ၂၂နှစ်အရွယ် Ruslan Sokolovsky ဟာ “ဘာသာရေးစော်ကားမှု” လို့ခေါင်းစဉ်တပ်ခံရတဲ့ အမှုအတွက် ထောင်ဒဏ်ငါးနှစ်ချမယ့် အရေးနဲ့ ရင်ဆိုင်နေရတာပါ။

Sokolovsky ဟာ Yekaterinburg မြို့ ဘုရားကျောင်းမှာ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် သြဂုတ်လတုန်းက Pokemon Go ဂိမ်းထဲမှာ Pokemon ဖမ်းနေပုံကို ဗီဒီယို၇ိုက်ကူးပြီး YouTube မှာ တင်ခဲ့တာပါ။ ဒီဗီဒီယိုဟာ အတော်ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် အစိုးရပိုင်းက တာဝန်ရှိသေးတွေအနေနနဲ့ ဒီလုပ်ရပ်ဟာ ဘာသာရေးကို ထိခိုက်စေတယ်လို့ ယူဆပြီး စွဲချက်တင်ခဲ့တာပါ။

“ဘုရားကျောင်းနားမှာ ဘယ်သူ စမတ်ဖုန်းနဲ့ လမ်းလျှောက်ရဲလဲ?” လို့ သူက ဗီဒီယိုအစမှာ မေးခဲ့ပါတယ်။ “သူတို့ ဘာသောက်ကြောင်းနဲ့ ဒီအရာကို ပိတ်ပင်ထားတာပါလဲ” လို့ YouTube ဗီဒီယိုမှာ မေးမြန်းခဲ့ပါတယ်။

ဒီဗီဒီယိုတင်ပြီး ရက်သတ္တပတ်ကြာတော့ ရဲတွေက သူ့တိုက်ခန်းထဲကို ဝင်ရောက်ပြီး ဖမ်းဆီးသွားခဲ့တာပါ။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကတော့ Sokolovsky ကိုလွှတ်ပေးဖို့နဲ့ ဥပဒေမဲ့ဖမ်းဆီးမှုကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။ ရုရှားနိုင်ငံသား ၁၄၀၀၀ ဟာ ပြီးခဲ့တဲ့ ၂၀၁၆ စက်တင်ဘာ တစ်လထဲတင် ရရှားအာဏာပိုင်တွေရဲ့ ဆက်သွယ်မေးမြန်းခြင်းကို ခံခဲ့ရကြောင်း BBC က ထုတ်ဖော်ခဲ့ပါတယ်။

Ref: Engadget