This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အေကာင္းဆံုး ေျခစြမ္းေတြနဲ႔ ဂိုးျပတ္ႏိုင္ပြဲရယူကာ အဖြင့္လွခဲ့တဲ့ အိမ္ရွင္ ရုရွားအသင္း

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲ အဖြင့္ပြဲစဥ္မွာေတာ့ အိမ္ရွင္ ရုရွားအသင္းက ေဆာ္ဒီအာေရဗ်အသင္းကို ဂိုးျပတ္အႏိုင္ယူၿပီး အိမ္ကြင္း ပရိသတ္ေတြရဲ႕ ေရွ႕ေမွာက္မွာ မ်က္ႏွာပန္းလွခဲ့ပါတယ္။ ပရိသတ္ (၈)ေသာင္းဆန္႔ နာမည္ေက်ာ္ လုဇ္နီကီကြင္းႀကီးအတြင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္မွာေတာ့ အိမ္ရွင္ ရုရွားအသင္းက (၅-၀)ဂိုးဆိုတဲ့ ျပတ္သားတဲ့ အႏုိင္ရလဒ္ကို အိမ္ကြင္း ပရိသတ္ေတြေရွ႕ေမွာက္မွာ ရယူေပးခဲ့တာ ျဖစ္ပါတယ္။ ရုရွားအသင္းရဲ႕ ဂိုးျပတ္ႏိုင္ပြဲအတြက္ လူစားဝင္ ကြင္းလယ္လူ ရွရီရွက္ဖ္ရဲ႕ စြမ္းေဆာင္ရည္ေတြက အဓိက က်ခဲ့ပါတယ္။ အသင္းအတြက္ အႏိုင္ဂိုး (၂)ဂိုးကို သြင္းယူေပးခဲ့သလို ဒီေန႔ပြဲစဥ္ရဲ႕ အေကာင္းဆံုး ကစားသမားဆုကိုပါ ရရွိခဲ့ပါတယ္။ အဖြင့္ပြဲစဥ္ ျဖစ္တာနဲ႔အညီ (၂)သင္းစလံုးအတြက္ ရလဒ္ပိုင္းက အေရးပါေနခဲ့လို႔ အဓိက ကစားသမား အစံုအလင္နဲ႔ ပြဲထြက္လာခဲ့တယ္။ အေစာပိုင္း မိနစ္ေတြမွာ ေဆာ္ဒီအသင္းရဲ႕ ကစားပံုက ရုရွားအသင္းကို ဖိအားသက္ေရာက္မႈ တခ်ိဳ႔ရွိခဲ့ေပမယ့္ ပြဲခ်ိန္ၾကာလာတာနဲ႔အမွ် အိမ္ရွင္အသင္းရဲ႕ တိုက္စစ္ဆင္မႈေတြကို ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ခဲ့ရပါတယ္။ ေဆာ္ဒီအသင္းက ပြဲစဥ္တစ္ေလွ်ာက္ ေဘာလံုးပိုင္ဆိုင္မႈ အသာစီးရယူႏိုင္ခဲ့ေပမယ့္ ရုရွားအသင္းရဲ႕ ကြင္းလယ္ ကစားကြက္ေအာက္မွာ ရုန္းကန္ခဲ့ရၿပီး ဂိုးေပါက္ ကန္သြင္းမႈ တခ်ိဳ႔သာ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

Russias-Denis-Cheryshev

Russias-Denis-Cheryshev

ပြဲကစားခ်ိန္ (၁၂)မိနစ္အေရာက္မွာ ေဆာ္ဒီေနာက္ခံလူေတြရဲ႕ လူကပ္ကစားပံု အားနည္းမႈေၾကာင့္ ရရွိလာတဲ့ အခြင့္အေရးကို ကြင္းလယ္လူ ဂါဇင္စကီးက ဂိုးသမားနဲ႔ တစ္ဦးခ်င္း အေနအထားမွာ အပိုင္ေခါင္းတိုက္ သြင္းယူခဲ့တာ ျဖစ္ပါတယ္။ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့တဲ့ ေတာင္ပံတိုက္စစ္ ကစားသမား ဂိုလိုဗင္ရဲ႕ အကြက္ျမင္မႈေၾကာင့္လည္း ရုရွားတို႔ ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဦးေဆာင္ဂိုးေပးလိုက္ရေပမယ့္ ေဆာ္ဒီအသင္း ကစားပံုမပ်က္သြားဘဲ အိမ္ရွင္အသင္းကို ဖိအားေပးဖို႔ ေဘာလံုးပိုင္ဆိုင္မႈ အသာစီး ရယူထားႏိုင္ခဲ့ပါတယ္။ ရုရွားအသင္း ဂိုးျပတ္ႏိုင္ပြဲ ရရွိဖို႔ ပြဲရဲ႕ အလွည့္အေျပာင္းတစ္ခုကေတာ့ ပြဲကစားခ်ိန္ (၂၄)မိနစ္အေရာက္မွာ ျဖစ္လာခဲ့ပါတယ္။ ကြင္းလယ္ တိုက္စစ္ေနရာမွာ ပြဲထြက္လာတဲ့ ဇာဂိုယက္ဗ္ ဒဏ္ရာရရွိသြားခဲ့လို႔ ရွရီရွက္ဖ္နဲ႔ လူစားလဲခဲ့ရတာက အိမ္ရွင္အသင္းအတြက္ ဂိုးျပတ္ႏိုင္ပြဲရဖို႔ အလွည့္အေျပာင္း တစ္ခုလို ျဖစ္ခဲ့ပါတယ္။ ရွရီရွက္ဖ္ လူစားဝင္လာၿပီးေနာက္ပိုင္း သူ႔ရဲ႕ ရုန္းအားေၾကာင့္ ေဆာ္ဒီ ခံစစ္ကစားပံု ၿပိဳဆင္းသြားခဲ့ၿပီး ဂိုးျပတ္ႏိုင္ပြဲကို ရရွိခဲ့တာ ျဖစ္ပါတယ္။ ရုရွားအသင္းအတြက္ ေနာက္ထပ္ အႏိုင္ဂိုးေတြကို ဒီေန႔ပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ရရွိခဲ့တဲ့ ရွရီရွက္ဖ္က ပြဲကစားခ်ိန္ (၄၃)မိနစ္နဲ႔ (၉၁)မိနစ္ေတြမွာ သြင္းယူေပးခဲ့သလို ဝါရင့္တိုက္စစ္မွဴး ဇီယူဘာက လူစားဝင္ၿပီး (၁)မိနစ္အၾကာ (၇၁)မိနစ္မွာ ေခါင္းတိုက္သြင္းယူေပးခဲ့ၿပီး ပြဲသိမ္းအႏိုင္ဂိုးကိုေတာ့ ပြဲကစားခ်ိန္ (၉၄)မိနစ္မွာ ရရွိလာတဲ့ ဖရီးကစ္ကို ေတာင္ပံတိုက္စစ္ကစားသမား ဂိုလိုဗင္က လွလွပပ ကန္သြင္း အဆံုးသတ္ခဲ့တာျဖစ္ပါတယ္။

Russia-Vs-Saudi-Match

Russia-Vs-Saudi-Match

ေဆာ္ဒီအသင္းကို ဂိုးျပတ္အႏိုင္ယူခဲ့တဲ့ အိမ္ရွင္ ရုရွားအသင္းကေတာ့ ကမၻာ႔ဖလားၿပိဳင္ပြဲ ေနာက္ဆံုး (၅)ပြဲဆက္ ႏိုင္ပြဲ ေပ်ာက္ဆံုးေနတာကို အဆံုးသတ္ႏိုင္ခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ တတိယေျမာက္ ကမၻာ႔ဖလားႏိုင္ပြဲကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဆိုဗီယက္ျပည္ေထာင္စု ၿပိဳကြဲၿပီးေနာက္ပိုင္း ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ရုန္းကန္ခဲ့ရၿပီး ပါဝင္ ယွဥ္ၿပိဳင္ခြင့္ရခဲ့တဲ့ အႀကိမ္တိုင္း အုပ္စုက လွည့္ျပန္ခဲ့ရတဲ့ ရုရွားအသင္းအတြက္ အဖြင့္ပြဲ ဂိုးျပတ္ႏိုင္ပြဲေၾကာင့္ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ အခြင့္အေရးေကာင္း တစ္ရပ္ကို ရရွိခဲ့တာ ျဖစ္ပါတယ္။ လက္က်န္ပြဲစဥ္ေတြျဖစ္တဲ့ အီဂ်စ္၊ ဥရုေဂြးအသင္းေတြနဲ႔ ပြဲစဥ္မွာ ရလဒ္ေကာင္းေတြကို ရယူႏိုင္ခဲ့မယ္ဆိုရင္ေတာ့ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္ ရံႈးထြက္အဆင့္ကို တက္ေရာက္ဖို႔ ေမွ်ာ္လင့္ႏိုင္မွာျဖစ္ပါတယ္။

ရုရွား-ေဆာ္ဒီ ပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မ်ား
– အေကာင္းဆံုး ကစားသမားဆုကို ရရွိခဲ့တဲ့ ကြင္းလယ္လူ ရွရီရွက္ဖ္ကေတာ့ ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ အဖြင့္ပြဲစဥ္မွာ လူစားဝင္ၿပီး အသင္းအတြက္ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ပထမဆံုး ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
– ရုရွားအသင္းအတြက္ တတိယ အႏိုင္ဂိုးကို ေခါင္းတိုက္ သြင္းယူေပးခဲ့တဲ့ ဝါရင့္တိုက္စစ္မွဴး ဇီယူဘာကေတာ့ သူ႔ရဲ႕ လက္ေရြးစင္ ကစားသမားဘဝ တတိယေျမာက္ သြင္းဂိုးကို ထိခ်က္ (၃)ခ်က္နဲ႔ သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။
– ကင္မရြန္းအသင္းဘက္ကို ၁၉၉၄ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အႏိုင္ဂိုးေတြ သြင္းယူေပးခဲ့တဲ့ ဆလန္ကို ေနာက္ပိုင္း ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ရုရွားအသင္းအတြက္ ပထမဆံုး တစ္ပြဲတည္း (၂)ဂိုး သြင္းယူေပးခဲ့တဲ့ ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
– ၁၉၃၄ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အေမရိကန္အသင္းကို (၇-၁)ဂိုးနဲ႔ အဖြင့္ပြဲစဥ္မွာ အႏိုင္ရခဲ့တဲ့ အီတလီအသင္းအၿပီး ဂိုးျပတ္ႏိုင္ပြဲ ရယူႏိုင္ခဲ့တဲ့ အိမ္ရွင္အသင္းအျဖစ္ ရုရွားအသင္း မွတ္တမ္းဝင္ခဲ့ပါတယ္။
– ကမၻာ႔ဖလားၿပိဳင္ပြဲ အဖြင့္ပြဲစဥ္ေတြမွာ အိမ္ရွင္အသင္းေတြ ဘယ္ေတာ့မွ မရံႈးနိမ့္ခဲ့တဲ့ မွတ္တမ္းကို ရုရွားအသင္းက ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ (၁၆ ပြဲႏိုင္၊ ၆ ပြဲသေရ)

Photo:Google
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အကောင်းဆုံး ခြေစွမ်းတွေနဲ့ ဂိုးပြတ်နိုင်ပွဲရယူကာ အဖွင့်လှခဲ့တဲ့ အိမ်ရှင် ရုရှားအသင်း

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာတော့ အိမ်ရှင် ရုရှားအသင်းက ဆော်ဒီအာရေဗျအသင်းကို ဂိုးပြတ်အနိုင်ယူပြီး အိမ်ကွင်း ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ မျက်နှာပန်းလှခဲ့ပါတယ်။ ပရိသတ် (၈)သောင်းဆန့် နာမည်ကျော် လုဇ်နီကီကွင်းကြီးအတွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် ရုရှားအသင်းက (၅-ဝ)ဂိုးဆိုတဲ့ ပြတ်သားတဲ့ အနိုင်ရလဒ်ကို အိမ်ကွင်း ပရိသတ်တွေရှေ့မှောက်မှာ ရယူပေးခဲ့တာ ဖြစ်ပါတယ်။ ရုရှားအသင်းရဲ့ ဂိုးပြတ်နိုင်ပွဲအတွက် လူစားဝင် ကွင်းလယ်လူ ရှရီရှက်ဖ်ရဲ့ စွမ်းဆောင်ရည်တွေက အဓိက ကျခဲ့ပါတယ်။ အသင်းအတွက် အနိုင်ဂိုး (၂)ဂိုးကို သွင်းယူပေးခဲ့သလို ဒီနေ့ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။ အဖွင့်ပွဲစဉ် ဖြစ်တာနဲ့အညီ (၂)သင်းစလုံးအတွက် ရလဒ်ပိုင်းက အရေးပါနေခဲ့လို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့တယ်။ အစောပိုင်း မိနစ်တွေမှာ ဆော်ဒီအသင်းရဲ့ ကစားပုံက ရုရှားအသင်းကို ဖိအားသက်ရောက်မှု တချို့ရှိခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ အိမ်ရှင်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပါတယ်။ ဆော်ဒီအသင်းက ပွဲစဉ်တစ်လျှောက် ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့ပေမယ့် ရုရှားအသင်းရဲ့ ကွင်းလယ် ကစားကွက်အောက်မှာ ရုန်းကန်ခဲ့ရပြီး ဂိုးပေါက် ကန်သွင်းမှု တချို့သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

Russias-Denis-Cheryshev

Russias-Denis-Cheryshev

ပွဲကစားချိန် (၁၂)မိနစ်အရောက်မှာ ဆော်ဒီနောက်ခံလူတွေရဲ့ လူကပ်ကစားပုံ အားနည်းမှုကြောင့် ရရှိလာတဲ့ အခွင့်အရေးကို ကွင်းလယ်လူ ဂါဇင်စကီးက ဂိုးသမားနဲ့ တစ်ဦးချင်း အနေအထားမှာ အပိုင်ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား ဂိုလိုဗင်ရဲ့ အကွက်မြင်မှုကြောင့်လည်း ရုရှားတို့ ဦးဆောင်ဂိုး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ဆော်ဒီအသင်း ကစားပုံမပျက်သွားဘဲ အိမ်ရှင်အသင်းကို ဖိအားပေးဖို့ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူထားနိုင်ခဲ့ပါတယ်။ ရုရှားအသင်း ဂိုးပြတ်နိုင်ပွဲ ရရှိဖို့ ပွဲရဲ့ အလှည့်အပြောင်းတစ်ခုကတော့ ပွဲကစားချိန် (၂၄)မိနစ်အရောက်မှာ ဖြစ်လာခဲ့ပါတယ်။ ကွင်းလယ် တိုက်စစ်နေရာမှာ ပွဲထွက်လာတဲ့ ဇာဂိုယက်ဗ် ဒဏ်ရာရရှိသွားခဲ့လို့ ရှရီရှက်ဖ်နဲ့ လူစားလဲခဲ့ရတာက အိမ်ရှင်အသင်းအတွက် ဂိုးပြတ်နိုင်ပွဲရဖို့ အလှည့်အပြောင်း တစ်ခုလို ဖြစ်ခဲ့ပါတယ်။ ရှရီရှက်ဖ် လူစားဝင်လာပြီးနောက်ပိုင်း သူ့ရဲ့ ရုန်းအားကြောင့် ဆော်ဒီ ခံစစ်ကစားပုံ ပြိုဆင်းသွားခဲ့ပြီး ဂိုးပြတ်နိုင်ပွဲကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ရုရှားအသင်းအတွက် နောက်ထပ် အနိုင်ဂိုးတွေကို ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ ရှရီရှက်ဖ်က ပွဲကစားချိန် (၄၃)မိနစ်နဲ့ (၉၁)မိနစ်တွေမှာ သွင်းယူပေးခဲ့သလို ဝါရင့်တိုက်စစ်မှူး ဇီယူဘာက လူစားဝင်ပြီး (၁)မိနစ်အကြာ (၇၁)မိနစ်မှာ ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ပွဲသိမ်းအနိုင်ဂိုးကိုတော့ ပွဲကစားချိန် (၉၄)မိနစ်မှာ ရရှိလာတဲ့ ဖရီးကစ်ကို တောင်ပံတိုက်စစ်ကစားသမား ဂိုလိုဗင်က လှလှပပ ကန်သွင်း အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

Russia-Vs-Saudi-Match

Russia-Vs-Saudi-Match

ဆော်ဒီအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ အိမ်ရှင် ရုရှားအသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေတာကို အဆုံးသတ်နိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် တတိယမြောက် ကမ္ဘာ့ဖလားနိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုန်းကန်ခဲ့ရပြီး ပါဝင် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အကြိမ်တိုင်း အုပ်စုက လှည့်ပြန်ခဲ့ရတဲ့ ရုရှားအသင်းအတွက် အဖွင့်ပွဲ ဂိုးပြတ်နိုင်ပွဲကြောင့် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေးကောင်း တစ်ရပ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်ပွဲစဉ်တွေဖြစ်တဲ့ အီဂျစ်၊ ဥရုဂွေးအသင်းတွေနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်းတွေကို ရယူနိုင်ခဲ့မယ်ဆိုရင်တော့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။

ရုရှား-ဆော်ဒီ ပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်များ
– အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ ကွင်းလယ်လူ ရှရီရှက်ဖ်ကတော့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အဖွင့်ပွဲစဉ်မှာ လူစားဝင်ပြီး အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
– ရုရှားအသင်းအတွက် တတိယ အနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူပေးခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ဇီယူဘာကတော့ သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝ တတိယမြောက် သွင်းဂိုးကို ထိချက် (၃)ချက်နဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
– ကင်မရွန်းအသင်းဘက်ကို ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တဲ့ ဆလန်ကို နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုရှားအသင်းအတွက် ပထမဆုံး တစ်ပွဲတည်း (၂)ဂိုး သွင်းယူပေးခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
– ၁၉၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်အသင်းကို (၇-၁)ဂိုးနဲ့ အဖွင့်ပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ အီတလီအသင်းအပြီး ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့တဲ့ အိမ်ရှင်အသင်းအဖြစ် ရုရှားအသင်း မှတ်တမ်းဝင်ခဲ့ပါတယ်။
– ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်တွေမှာ အိမ်ရှင်အသင်းတွေ ဘယ်တော့မှ မရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းကို ရုရှားအသင်းက ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ (၁၆ ပွဲနိုင်၊ ၆ ပွဲသရေ)

Photo:Google
Aung Kyaw Wai (Akhayar)
www.akhayar.com