This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

၂၀၁၈ ကမၻာ႔ဖလားအဖြင့္ပဲြမွာ ရလဒ္ေကာင္းရယူဖုိ႔ အေျခအေနေကာင္းတဲ့ အိမ္ရွင္႐ုရွား

တစ္ကမၻာလုံးက ေဘာလုံးပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြႀကီးကေတာ့ ဒီေန႔(ၾကာသပေတး)မွာ စတင္ပါၿပီ။ အုပ္စုအဖြင့္ပဲြမတိုင္ခင္ အိမ္ရွင္ျဖစ္တဲ့ ႐ုရွားႏုိင္ငံက ကမၻာ႔ဖလားဖြင့္ပဲြကုိ ဘယ္လုိမ်ိဳး ခမ္းခမ္းနားနားက်င္းပမလဲဆုိတာ ပရိသတ္ေတြ မ်က္၀ါးထင္ထင္ ျမင္ေတြ႕ရေတာ့မွာပါ။ အုပ္စုအဖြင့္ပဲြအျဖစ္ အိမ္ရွင္ ႐ုရွားနဲ႔ အာရွထိပ္သီးအသင္းတစ္သင္းျဖစ္တဲ့ ေဆာ္ဒီအာေရဗ်တို႔ ဆုံေတြ႕မွာျဖစ္ၿပီး အိမ္ရွင္အသင္း ႏုိင္ပဲြနဲ႔ စတင္ဖြင့္လွစ္လား၊ ေဆာ္ဒီအာေရဗ်အသင္းကပဲ မထင္မွတ္တာေတြကုိ လုပ္ျပႏုိင္မလားဆုိတာ စိတ္၀င္စားစရာပါပဲ . . .

႐ုရွား

Russia-National-Football-Team

Russia-National-Football-Team

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြကုိ အိမ္ရွင္အျဖစ္ က်င္းပခြင့္ရခဲ့တဲ့ ႐ုရွားအသငး္ဟာ ကုိယ့္ေျမ၊ ကုိယ့္ကြင္း၊ ကုိယ့္ပရိသတ္ေတြေရွ႕မွာ ထုိက္သင့္တဲ့ ေအာင္ျမင္မႈရယူဖုိ႔ ဆႏၵျပင္းျပေနမွာပါ။ ဒါေပမဲ့ အသင္းမွာ သက္ႀကီးကစားသမား မ်ားျပားေနတာက ျပႆနာတစ္ခုပါပဲ။ ခ်ယ္လ္ဆီးကစားသမားေဟာင္း ဇာေကာ့ဗ္ Zhirkov (၃၄ႏွစ္)၊ အသက္(၃၈)ႏွစ္အရြယ္အထိေရာက္ေနၿပီျဖစ္တဲ့ CSKA ေမာ္စကုိ ၀ါရင့္ေနာက္ခံလူႀကီး အီဂနာရွီဗစ္ခ်္ Ignashevich တို႔လုိ ကစားသမားေတြပါ၀င္ေနၿပီး အသင္းရဲ႕ပ်မ္းမွ်အသက္က (၃၀) ၀န္းက်င္ျဖစ္ေနတာေၾကာင့္ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ သက္ႀကီးအသငး္ေတြထဲမွာ တစ္သင္းအပါအ၀င္ျဖစ္ေနတယ္။ ၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြ ကစားစရာ မလုိတဲ့အတြက္ ေျခစမ္းပဲြေတြ ေတာက္ေလွ်ာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ရလဒ္ေတြကေတာ့ အားရစရာမရွိပါဘူး။ ၿပီးခဲ့တဲ့ႏွစ္၊ ေအာက္တိုဘာ၊ (၇)ရက္က ေတာင္ကုိရီးယားအသင္းကုိ အႏုိင္ရခဲ့ၿပီးေနာက္ပုိင္း (၇)ပဲြဆက္တိုက္ ႏုိင္ပဲြေပ်ာက္ခဲ့တယ္။

ေဆာ္ဒီအာေရဗ်

Saudi-Arabia-National-Football-Team

Saudi-Arabia-National-Football-Team

ေဆာ္ဒီအာေရဗ်အသင္းကေတာ့ ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသား နာမည္တစ္ခုပါ။ ၂၀၁၀၊ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြေတြမွာ ေျခစစ္ပဲြ မေအာင္ျမင္ခဲ့ဘဲ အခုႏွစ္မွ ကမၻာ႔ဖလားၿပိဳင္ပဲြဆီ တစ္ေက်ာ႔ျပန္ေျခခ်ခြင့္ရခဲ့တဲ့ ေဆာ္ဒီအာေရဗ်အသင္းဟာ ၿပိဳင္ဘက္ေတြကုိ ဒုကၡေပးႏုိင္စြမ္းရွိေနတယ္။ ျပည္တြင္းလိဂ္အေျခစုိက္ ကစားသမားေတြနဲ႔ စပိန္ကလပ္ လီဟာနက္စ္၊ ဗီလာရီးယဲလ္၊ လီဗန္းေတးအသင္းတို႔မွာကစားေနၾကတဲ့ အယ္လ္ရွာရီ Al-Shehri ၊ အယ္လ္ေဒၚစာရီ Al-Dawsari ၊ အယ္လ္မူ၀ယ္လ္လက္ဒ္ Al-Muwallad တို႔ကုိလည္း ေရြးခ်ယ္ခံခဲ့ရတယ္။ လူႀကီးနဲ႔ လူငယ္အခ်ိဳးညီညီ ဖဲြ႕စည္းထားတာေၾကာင့္ ေဆာ္ဒီအာေရဗ်အသင္းရဲ႕ ကစားသမားအင္အားက ေတာင့္တင္းမႈရွိတယ္လုိ႔ဆုိရမယ္။

Prediction
႐ုရွားနဲ႔ ေဆာ္ဒီအသင္းတို႔ဟာ ၁၉၉၃ခုႏွစ္တုန္းက ေျခစမ္းပဲြအျဖစ္ ကစားခဲ့တဲ့တစ္ႀကိမ္သာ ဆုံေတြ႕ခဲ့ဖူးၿပီး ေဆာ္ဒီအသင္းက (၄-၂)ဂုိးနဲ႔ ဂုိးျပတ္အႏုိင္ရခဲ့တယ္။ ႐ုရွားအသငး္နညး္ျပ ခ်ာခ်ီေဆာ့ဗ္ Cherchesov အေနနဲ႔ သူ အားထားရတဲ့ ေနာက္ခံလူ(၃)ဦးထဲက (၂)ဦး ဒဏ္ရာရေနတဲ့အတြက္ ကစားကြက္အေျပာင္းအလဲ လုပ္ဖုိ႔ရွိေနၿပီး (၄-၁-၄-၁)ပုံစံနဲ႔ ပဲြထြက္လာဖုိ႔ မ်ားတယ္။ CSKA ေမာ္စကုိအသင္းရဲ႕ လူငယ္ၾကယ္ပြင့္ ကြင္းလယ္လူ ဂုိလုိဗင္ Golovin က ေဆာ္ဒီအသင္းကုိ ဒုကၡေပးမယ့္ကစားသမားျဖစ္ၿပီး တိုက္စစ္ပုိင္းအတြက္ သူနဲ႔ ဇာဂုိယက္ဗ္ Dzagoev တို႔ကုိ တဲြဖက္အသုံးျပဳသြားဖုိ႔ရွိေနတယ္။ ေဆာ္ဒီအသင္းမွာလည္း ၀ါရင့္တိုက္စစ္မွဴး အယ္လ္ဆယ္လာ၀ီ Al-Sahlawi ၊ ကြင္းလယ္က အယ္လ္ဂ်က္ဆင္ Al-Jassim ၊ အယ္လ္ရွာရီ Al-Shehri စတဲ့ကစားသမားေကာင္းေတြရွိတယ္။ ေဆာ္ဒီအသင္းအေနနဲ႔ ေအာက္အသင္းသာျဖစ္တာေၾကာင့္ ႐ုရွားကုိ ဘာဖိအားမွ မရွိဘဲ ကုိယ့္အတြက္ အေကာင္းဆုံးျဖစ္ေအာင္ပဲ ႀကိဳးစား ကစားမယ့္အေနအထားပါ။ အိမ္ကြင္းျဖစ္ေပမယ့္ ရုရွားအသင္း ေဆာ္ဒီကုိ ခက္ခက္ခဲခဲကစားရဖုိ႔ရွိၿပီး ႏုိင္ရင္ေတာင္ ဂုိးမျပတ္ဘဲ (၁-၀)ေလာက္နဲ႔သာ အေျဖထြက္ဖုိ႔ရွိေနပါတယ္။ Akhayar Sports ပရိသတ္ေတြေရာ ဒီပဲြမွာ ဘယ္လုိရလဒ္ထြက္ေပၚမလဲဆုိတာ ခန္႔မွန္းေပးပါဦး။

႐ုရွား-ေဆာ္ဒီအာေရဗ်ပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မ်ား
-ဆုိဗီယက္ယူနီယံကေန ႐ုရွားအျဖစ္ ေျပာင္းလဲခဲ့ၿပီးကတည္းက ၁၉၉၄၊ ၂၀၀၂၊ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြေတြမွာ ႐ံႈံးထြက္(၁၆)သင္းအဆင့္ကုိ တစ္ႀကိမ္မွ မေရာက္ေတာ့ဘဲ အဲဒီ(၃)ႀကိမ္စလုံး အုပ္စုတတိယေနရာသာ ရရွိခဲ့တယ္။
-ကမၻာ႔ဖလားအိမ္ရွင္အသင္း ခ်န္ပီယံျဖစ္ခဲ့တာက ၁၉၉၈ မွာ ျပင္သစ္အသငး္က ေနာက္ဆုံးပါပဲ။ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ၂၀၁၀ ခုႏွစ္က အိမ္ရွင္ေတာင္အာဖရိကအသင္း အုပ္စုက ထြက္ခဲ့ရတာကလဲြၿပီး က်န္တဲ့အႀကိမ္တိုင္း အိမ္ရွင္အသင္းေတြ အုပ္စုကုိ ေက်ာ္ျဖတ္ႏုိင္ခဲ့တယ္။
-၁၉၉၄ ခုႏွစ္မွာ ပထမဆုံးအႀကိမ္ ကမၻာ႔ဖလားေျခစစ္ပဲြ ေအာင္ခဲ့တဲ့ ေဆာ္ဒီအာေရဗ်အသငး္အတြက္ ဒါဟာ (၅)ႀကိမ္ေျမာက္ ဆင္ႏဲႊမယ့္ကမၻာ႔ဖလားၿပိဳင္ပဲြပါ။ ၁၉၉၄ ခုႏွစ္တုန္းက ႐ႈံးထြက္(၁၆)သင္းအဆင့္ ေရာက္ခဲ့တာက အျမင့္ဆုံးေအာင္ျမင္မႈျဖစ္ၿပီး က်န္တဲ့(၃)ႀကိမ္စလုံး အုပ္စုေနာက္ဆုံးသာရခဲ့တယ္။
– ေဆာ္ဒီအသင္းရဲ႕ ကမၻာ႔ဖလား(၁၃)ပဲြမွာ Clean Sheet ရခဲ့တာ တစ္ပဲြပဲရွိၿပီး ၁၉၉၄ က ဘယ္လ္ဂ်ီယံကုိ (၁-၀)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ပဲြမွာျဖစ္ပါတယ္။ ေနာက္ဆုံး(၉)ပဲြမွာ ဂုိးမသြင္းႏုိင္တာက (၇)ပဲြအထိရွိခဲ့တယ္။

ျဖစ္ႏုိင္ဖြယ္ရလဒ္
႐ုရွား ၁-၀ ေဆာ္ဒီ

Photo:World Cup Russia Live Online,Wallpaper Heart,
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

၂၀၁၈ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ရလဒ်ကောင်းရယူဖို့ အခြေအနေကောင်းတဲ့ အိမ်ရှင်ရုရှား

တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ ဒီနေ့(ကြာသပတေး)မှာ စတင်ပါပြီ။ အုပ်စုအဖွင့်ပွဲမတိုင်ခင် အိမ်ရှင်ဖြစ်တဲ့ ရုရှားနိုင်ငံက ကမ္ဘာ့ဖလားဖွင့်ပွဲကို ဘယ်လိုမျိုး ခမ်းခမ်းနားနားကျင်းပမလဲဆိုတာ ပရိသတ်တွေ မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာပါ။ အုပ်စုအဖွင့်ပွဲအဖြစ် အိမ်ရှင် ရုရှားနဲ့ အာရှထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ ဆော်ဒီအာရေဗျတို့ ဆုံတွေ့မှာဖြစ်ပြီး အိမ်ရှင်အသင်း နိုင်ပွဲနဲ့ စတင်ဖွင့်လှစ်လား၊ ဆော်ဒီအာရေဗျအသင်းကပဲ မထင်မှတ်တာတွေကို လုပ်ပြနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ . . .

ရုရှား

Russia-National-Football-Team

Russia-National-Football-Team

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့တဲ့ ရုရှားအသင်းဟာ ကိုယ့်မြေ၊ ကိုယ့်ကွင်း၊ ကိုယ့်ပရိသတ်တွေရှေ့မှာ ထိုက်သင့်တဲ့ အောင်မြင်မှုရယူဖို့ ဆန္ဒပြင်းပြနေမှာပါ။ ဒါပေမဲ့ အသင်းမှာ သက်ကြီးကစားသမား များပြားနေတာက ပြဿနာတစ်ခုပါပဲ။ ချယ်လ်ဆီးကစားသမားဟောင်း ဇာကော့ဗ် Zhirkov (၃၄နှစ်)၊ အသက်(၃၈)နှစ်အရွယ်အထိရောက်နေပြီဖြစ်တဲ့ CSKA မော်စကို ဝါရင့်နောက်ခံလူကြီး အီဂနာရှီဗစ်ချ် Ignashevich တို့လို ကစားသမားတွေပါဝင်နေပြီး အသင်းရဲ့ပျမ်းမျှအသက်က (၃၀) ဝန်းကျင်ဖြစ်နေတာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သက်ကြီးအသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်နေတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားစရာ မလိုတဲ့အတွက် ခြေစမ်းပွဲတွေ တောက်လျှောက်ယှဉ်ပြိုင်ခဲ့ပြီး ရလဒ်တွေကတော့ အားရစရာမရှိပါဘူး။ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာ၊ (၇)ရက်က တောင်ကိုရီးယားအသင်းကို အနိုင်ရခဲ့ပြီးနောက်ပိုင်း (၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တယ်။

ဆော်ဒီအာရေဗျ

Saudi-Arabia-National-Football-Team

Saudi-Arabia-National-Football-Team

ဆော်ဒီအာရေဗျအသင်းကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား နာမည်တစ်ခုပါ။ ၂၀၁၀၊ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့ဘဲ အခုနှစ်မှ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ တစ်ကျော့ပြန်ခြေချခွင့်ရခဲ့တဲ့ ဆော်ဒီအာရေဗျအသင်းဟာ ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်စွမ်းရှိနေတယ်။ ပြည်တွင်းလိဂ်အခြေစိုက် ကစားသမားတွေနဲ့ စပိန်ကလပ် လီဟာနက်စ်၊ ဗီလာရီးယဲလ်၊ လီဗန်းတေးအသင်းတို့မှာကစားနေကြတဲ့ အယ်လ်ရှာရီ Al-Shehri ၊ အယ်လ်ဒေါ်စာရီ Al-Dawsari ၊ အယ်လ်မူဝယ်လ်လက်ဒ် Al-Muwallad တို့ကိုလည်း ရွေးချယ်ခံခဲ့ရတယ်။ လူကြီးနဲ့ လူငယ်အချိုးညီညီ ဖွဲ့စည်းထားတာကြောင့် ဆော်ဒီအာရေဗျအသင်းရဲ့ ကစားသမားအင်အားက တောင့်တင်းမှုရှိတယ်လို့ဆိုရမယ်။

Prediction
ရုရှားနဲ့ ဆော်ဒီအသင်းတို့ဟာ ၁၉၉၃ခုနှစ်တုန်းက ခြေစမ်းပွဲအဖြစ် ကစားခဲ့တဲ့တစ်ကြိမ်သာ ဆုံတွေ့ခဲ့ဖူးပြီး ဆော်ဒီအသင်းက (၄-၂)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တယ်။ ရုရှားအသင်းနည်းပြ ချာချီဆော့ဗ် Cherchesov အနေနဲ့ သူ အားထားရတဲ့ နောက်ခံလူ(၃)ဦးထဲက (၂)ဦး ဒဏ်ရာရနေတဲ့အတွက် ကစားကွက်အပြောင်းအလဲ လုပ်ဖို့ရှိနေပြီး (၄-၁-၄-၁)ပုံစံနဲ့ ပွဲထွက်လာဖို့ များတယ်။ CSKA မော်စကိုအသင်းရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်လူ ဂိုလိုဗင် Golovin က ဆော်ဒီအသင်းကို ဒုက္ခပေးမယ့်ကစားသမားဖြစ်ပြီး တိုက်စစ်ပိုင်းအတွက် သူနဲ့ ဇာဂိုယက်ဗ် Dzagoev တို့ကို တွဲဖက်အသုံးပြုသွားဖို့ရှိနေတယ်။ ဆော်ဒီအသင်းမှာလည်း ဝါရင့်တိုက်စစ်မှူး အယ်လ်ဆယ်လာဝီ Al-Sahlawi ၊ ကွင်းလယ်က အယ်လ်ဂျက်ဆင် Al-Jassim ၊ အယ်လ်ရှာရီ Al-Shehri စတဲ့ကစားသမားကောင်းတွေရှိတယ်။ ဆော်ဒီအသင်းအနေနဲ့ အောက်အသင်းသာဖြစ်တာကြောင့် ရုရှားကို ဘာဖိအားမှ မရှိဘဲ ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင်ပဲ ကြိုးစား ကစားမယ့်အနေအထားပါ။ အိမ်ကွင်းဖြစ်ပေမယ့် ရုရှားအသင်း ဆော်ဒီကို ခက်ခက်ခဲခဲကစားရဖို့ရှိပြီး နိုင်ရင်တောင် ဂိုးမပြတ်ဘဲ (၁-ဝ)လောက်နဲ့သာ အဖြေထွက်ဖို့ရှိနေပါတယ်။ Akhayar Sports ပရိသတ်တွေရော ဒီပွဲမှာ ဘယ်လိုရလဒ်ထွက်ပေါ်မလဲဆိုတာ ခန့်မှန်းပေးပါဦး။

ရုရှား-ဆော်ဒီအာရေဗျပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်များ
-ဆိုဗီယက်ယူနီယံကနေ ရုရှားအဖြစ် ပြောင်းလဲခဲ့ပြီးကတည်းက ၁၉၉၄၊ ၂၀၀၂၊ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ရှုံံးထွက်(၁၆)သင်းအဆင့်ကို တစ်ကြိမ်မှ မရောက်တော့ဘဲ အဲဒီ(၃)ကြိမ်စလုံး အုပ်စုတတိယနေရာသာ ရရှိခဲ့တယ်။
-ကမ္ဘာ့ဖလားအိမ်ရှင်အသင်း ချန်ပီယံဖြစ်ခဲ့တာက ၁၉၉၈ မှာ ပြင်သစ်အသင်းက နောက်ဆုံးပါပဲ။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ၂၀၁၀ ခုနှစ်က အိမ်ရှင်တောင်အာဖရိကအသင်း အုပ်စုက ထွက်ခဲ့ရတာကလွဲပြီး ကျန်တဲ့အကြိမ်တိုင်း အိမ်ရှင်အသင်းတွေ အုပ်စုကို ကျော်ဖြတ်နိုင်ခဲ့တယ်။
-၁၉၉၄ ခုနှစ်မှာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ခဲ့တဲ့ ဆော်ဒီအာရေဗျအသင်းအတွက် ဒါဟာ (၅)ကြိမ်မြောက် ဆင်နွဲှမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲပါ။ ၁၉၉၄ ခုနှစ်တုန်းက ရှုံးထွက်(၁၆)သင်းအဆင့် ရောက်ခဲ့တာက အမြင့်ဆုံးအောင်မြင်မှုဖြစ်ပြီး ကျန်တဲ့(၃)ကြိမ်စလုံး အုပ်စုနောက်ဆုံးသာရခဲ့တယ်။
– ဆော်ဒီအသင်းရဲ့ ကမ္ဘာ့ဖလား(၁၃)ပွဲမှာ Clean Sheet ရခဲ့တာ တစ်ပွဲပဲရှိပြီး ၁၉၉၄ က ဘယ်လ်ဂျီယံကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာဖြစ်ပါတယ်။ နောက်ဆုံး(၉)ပွဲမှာ ဂိုးမသွင်းနိုင်တာက (၇)ပွဲအထိရှိခဲ့တယ်။

ဖြစ်နိုင်ဖွယ်ရလဒ်
ရုရှား ၁-၀ ဆော်ဒီ

Photo:World Cup Russia Live Online,Wallpaper Heart,
Naing Linn(Akhayar)
www.akhayar.com