This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

သမိုင္းကို ေျမလွန္ပစ္ဖို႔ ႀကိဳးပမ္းရမယ့္ အိမ္ရွင္ ရုရွားအသင္းရဲ႕ ကမၻာ႔ဖလားသမိုင္းေၾကာင္း

ရုရွားအသင္း
အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ရေပမယ့္ ကစားသမား မ်ိဳးဆက္ရွားပါးျခင္းနဲ႔ ႀကံဳေတြ႔ေနရတဲ့ အသင္းပါ။ ဆိုဗီယက္ျပည္ေထာင္စု မၿပိဳကြဲခင္က ေဘာလံုးအင္အားႀကီး ႏိုင္ငံတစ္ႏိုင္ငံျဖစ္ခဲ့ၿပီး ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အထိုက္အေလ်ာက္ ေအာင္ျမင္ခဲ့သလို ယူရိုၿပိဳင္ပြဲမွာ အစဥ္အလာႀကီးမားတဲ့ အသင္းတစ္သင္းျဖစ္ခဲ့ပါတယ္။ ဆိုဗီယက္ ျပည္ေထာင္စု ၿပိဳကြဲၿပီးေနာက္ပိုင္း ကမၻာ႔ဖလားၿပိဳင္ပြဲမွာ (၃)ႀကိမ္ ေျခစစ္ပြဲေအာင္ခဲ့ေပမယ့္ (၃)ႀကိမ္စလံုး အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရၿပီး ၿပီးခဲ့တဲ့ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အုပ္စုတြင္း ႏိုင္ပြဲေတာင္ မရရွိခဲ့ပါဘူး။ အခုတစ္ႀကိမ္ ကမၻာ႔ဖလားၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ ရခဲ့ေပမယ့္ ၿပိဳင္ပြဲမတိုင္ခင္ ထုတ္ျပန္ခဲ့တဲ့ ကမၻာ႔အဆင့္ ရပ္တည္မႈမွာ ၿပိဳင္ပြဲ၀င္အသင္းေတြ အားလံုးရဲ႕ ေနာက္ဆံုးမွာ ရပ္တည္ခဲ့တဲ့အထိ ေျခစြမ္းပိုင္း က်ဆင္းခဲ့တဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ အရြယ္လြန္ ကစားသမားေတြ မ်ားျပားေနတာက ေဘာလံုးမ်ိဳးဆက္ ရွားပါးျခင္းရဲ႕ လကၡဏာ တစ္ခုျဖစ္ၿပီး အၿပီးသတ္ လူစာရင္းမွာ ပါ၀င္ေနတဲ့ ကစားသမားအမ်ားစုက အသက္ (၃၀)နဲ႔အထက္ ကစားသမားေတြျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္က အသင္းကို စတင္ကိုင္တြယ္ခဲ့တဲ့ နည္းျပ ခ်ာခ်ီေဆာ့ဗ္ လက္ထက္မွာ အသင္း ရလဒ္ပိုင္းက အက်ဘက္ကို ဦးတည္ေနတဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။

1966-Soviet-Union-National-Football-Team1

1966-Soviet-Union-National-Football-Team1

ကမၻာ႔ဖလားသမိုင္းေၾကာင္း
ဆိုဗီယက္အေနနဲ႔ ကမၻာ႔ဖလားၿပိဳင္ပြဲကို (၇)ႀကိမ္အထိ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရခဲ့ၿပီး (၆)ႀကိမ္ အထိ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့သလို အဂၤလန္ေျမမွာ က်င္းပတဲ့ ၁၉၆၆ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ စတုတၳေနရာအထိ ရရွိခဲ့တာက အျမင့္ဆံုးေအာင္ျမင္မႈ ျဖစ္ပါတယ္။ ဆိုဗီယက္ျပည္ေထာင္စု ၿပိဳကြဲၿပီး ေနာက္ပိုင္းမွာေတာ့ (၃)ႀကိမ္သာ ေျခစစ္ပြဲ ေအာင္ျမင္ခဲ့ၿပီး (၃)ႀကိမ္စလံုးမွာလည္း အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။ ဒီ (၃)ႀကိမ္ကလည္း ရုရွားအတြက္ အျမင့္ဆံုး ေအာင္ျမင္မႈ ျဖစ္ခဲ့ပါတယ္။

ကမၻာ႔ဖလားေျခစစ္ပြဲ ျဖတ္သန္းခဲ့မႈ
အိမ္ရွင္အသင္းျဖစ္လို႔ အခုတစ္ႀကိမ္ ၿပိဳင္ပြဲကို တိုက္ရိုက္ယွဥ္ၿပိဳင္ခြင့္ ရခဲ့ပါတယ္။ ေျခစစ္ပြဲ ၀င္စရာမလိုလို႔ ေျခစမ္းပြဲ အမ်ားစု ကစားခဲ့ေပမယ့္ အသင္းရဲ႕ ရလဒ္ပိုင္းေတြက အႏုတ္ဘက္ကို ဦးတည္ေနတဲ့ အသင္းျဖစ္ပါတယ္။ နယူးဇီလန္၊ ဟန္ေဂရီနဲ႔ ေတာင္ကိုရီးယားအသင္းေတြကိုသာ အႏိုင္ရခဲ့ၿပီး ေနာက္ဆံုးကစားခဲ့တဲ့ ေျခစမ္းပြဲ (၂)ပြဲမွာလည္း ေျခစစ္ပြဲ ေအာင္ျမင္ခဲ့ျခင္းမရွိတဲ့ ၾသစႀတီးယား၊ တူရကီအသင္းေတြကို အႏိုင္ရခဲ့ျခင္းမရွိပါဘူး။

Smolov

Smolov

ေစာင့္ၾကည့္ရမယ့္ ကစားသမားမ်ား
ေဘာလံုးမ်ိဳးဆက္ ရွားပါးျခင္းကို ႀကံဳေတြေနရတဲ့ အသင္းတစ္သင္းျဖစ္လို႔ အရြယ္လြန္ ကစားသမား အမ်ားစုကို အေျချပဳ ေရြးခ်ယ္ထားတဲ့ အသင္းတစ္သင္း ျဖစ္ပါတယ္။ အသက္ (၃၈)ႏွစ္ ရွိၿပီျဖစ္တဲ့ အိုင္ဂနာရွီဗစ္လို အရြယ္လြန္ ေနာက္ခံလူကို ျပန္လည္ေရြးခ်ယ္ထားရသလုိ၊ ကြင္းလယ္ပိုင္းမွာလည္း ဇာေကာ့ဗ္၊ ဆမီေဒါ့ဗ္ တို႔လို႔ ၀ါရင့္ ကြင္းလယ္လူေတြကို ေရြးခ်ယ္ထားတဲ့ အသင္းျဖစ္ပါတယ္။ ျပည္တြင္း အေျခစိုက္ ကစားသမားအမ်ားစုကို ေရြးခ်ယ္ထားၿပီး ဗီလာရီးယဲလ္ ကြင္းလယ္လူ ရွရီရွက္ဗ္နဲ႔ ဘရုေဂး ဂိုးသမား ဂါဘူေလာ့ဗ္တို႔သာ ျပည္ပအေျခစိုက္ ကစားသမားအျဖစ္ ပါ၀င္ပါတယ္။ အၿပီးသတ္လူစာရင္းမွာ ပါ၀င္တဲ့ ကစားသမားေတြထဲမွာ ႏိုင္ငံအသင္းအတြက္ ဂိုးအမ်ားဆံုး သြင္းယူေပးထားတဲ့ တိုက္စစ္မွဴး ဆမိုေလာ့ဗ္ကေတာ့ အဓိက ေစာင့္ၾကည့္သြားရမယ့္ ကစားသမား ျဖစ္ပါတယ္။ ျပည္တြင္းကလပ္ ခရက္စ္ႏိုဒါအသင္းမွာ ကစားေနၿပီး (၂)ႏွစ္ဆက္ ရုရွားလိဂ္ရဲ႔ ဂိုးသြင္းဘုရင္ျဖစ္ခဲ့တဲ့ အသက္ (၂၈)ႏွစ္အရြယ္ ဆမိုေလာ့ဗ္ဟာ အသင္းကို ဘယ္ေလာက္အဆင့္ထိ ေရာက္ရွိေအာင္ သြင္းဂိုးေတြနဲ႔ စြမ္းေဆာင္ေပးႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ခ်င္စရာေကာင္းေနပါတယ္။

REF:Wikipedia
Photo:News View – Football News Hound, Ryehill Football, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

သမိုင်းကို မြေလှန်ပစ်ဖို့ ကြိုးပမ်းရမယ့် အိမ်ရှင် ရုရှားအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း

ရုရှားအသင်း
အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရပေမယ့် ကစားသမား မျိုးဆက်ရှားပါးခြင်းနဲ့ ကြုံတွေ့နေရတဲ့ အသင်းပါ။ ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင်က ဘောလုံးအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အထိုက်အလျောက် အောင်မြင်ခဲ့သလို ယူရိုပြိုင်ပွဲမှာ အစဉ်အလာကြီးမားတဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၃)ကြိမ် ခြေစစ်ပွဲအောင်ခဲ့ပေမယ့် (၃)ကြိမ်စလုံး အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုတွင်း နိုင်ပွဲတောင် မရရှိခဲ့ပါဘူး။ အခုတစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရခဲ့ပေမယ့် ပြိုင်ပွဲမတိုင်ခင် ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့် ရပ်တည်မှုမှာ ပြိုင်ပွဲဝင်အသင်းတွေ အားလုံးရဲ့ နောက်ဆုံးမှာ ရပ်တည်ခဲ့တဲ့အထိ ခြေစွမ်းပိုင်း ကျဆင်းခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ အရွယ်လွန် ကစားသမားတွေ များပြားနေတာက ဘောလုံးမျိုးဆက် ရှားပါးခြင်းရဲ့ လက္ခဏာ တစ်ခုဖြစ်ပြီး အပြီးသတ် လူစာရင်းမှာ ပါဝင်နေတဲ့ ကစားသမားအများစုက အသက် (၃၀)နဲ့အထက် ကစားသမားတွေဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြ ချာချီဆော့ဗ် လက်ထက်မှာ အသင်း ရလဒ်ပိုင်းက အကျဘက်ကို ဦးတည်နေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

1966-Soviet-Union-National-Football-Team1

1966-Soviet-Union-National-Football-Team1

ကမ္ဘာ့ဖလားသမိုင်းကြောင်း
ဆိုဗီယက်အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၇)ကြိမ်အထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး (၆)ကြိမ် အထိ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သလို အင်္ဂလန်မြေမှာ ကျင်းပတဲ့ ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထနေရာအထိ ရရှိခဲ့တာက အမြင့်ဆုံးအောင်မြင်မှု ဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး နောက်ပိုင်းမှာတော့ (၃)ကြိမ်သာ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး (၃)ကြိမ်စလုံးမှာလည်း အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒီ (၃)ကြိမ်ကလည်း ရုရှားအတွက် အမြင့်ဆုံး အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြတ်သန်းခဲ့မှု
အိမ်ရှင်အသင်းဖြစ်လို့ အခုတစ်ကြိမ် ပြိုင်ပွဲကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ ခြေစစ်ပွဲ ဝင်စရာမလိုလို့ ခြေစမ်းပွဲ အများစု ကစားခဲ့ပေမယ့် အသင်းရဲ့ ရလဒ်ပိုင်းတွေက အနုတ်ဘက်ကို ဦးတည်နေတဲ့ အသင်းဖြစ်ပါတယ်။ နယူးဇီလန်၊ ဟန်ဂေရီနဲ့ တောင်ကိုရီးယားအသင်းတွေကိုသာ အနိုင်ရခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲ (၂)ပွဲမှာလည်း ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းမရှိတဲ့ သြစတြီးယား၊ တူရကီအသင်းတွေကို အနိုင်ရခဲ့ခြင်းမရှိပါဘူး။

Smolov

Smolov

စောင့်ကြည့်ရမယ့် ကစားသမားများ
ဘောလုံးမျိုးဆက် ရှားပါးခြင်းကို ကြုံတွေနေရတဲ့ အသင်းတစ်သင်းဖြစ်လို့ အရွယ်လွန် ကစားသမား အများစုကို အခြေပြု ရွေးချယ်ထားတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ အသက် (၃၈)နှစ် ရှိပြီဖြစ်တဲ့ အိုင်ဂနာရှီဗစ်လို အရွယ်လွန် နောက်ခံလူကို ပြန်လည်ရွေးချယ်ထားရသလို၊ ကွင်းလယ်ပိုင်းမှာလည်း ဇာကော့ဗ်၊ ဆမီဒေါ့ဗ် တို့လို့ ဝါရင့် ကွင်းလယ်လူတွေကို ရွေးချယ်ထားတဲ့ အသင်းဖြစ်ပါတယ်။ ပြည်တွင်း အခြေစိုက် ကစားသမားအများစုကို ရွေးချယ်ထားပြီး ဗီလာရီးယဲလ် ကွင်းလယ်လူ ရှရီရှက်ဗ်နဲ့ ဘရုဂေး ဂိုးသမား ဂါဘူလော့ဗ်တို့သာ ပြည်ပအခြေစိုက် ကစားသမားအဖြစ် ပါဝင်ပါတယ်။ အပြီးသတ်လူစာရင်းမှာ ပါဝင်တဲ့ ကစားသမားတွေထဲမှာ နိုင်ငံအသင်းအတွက် ဂိုးအများဆုံး သွင်းယူပေးထားတဲ့ တိုက်စစ်မှူး ဆမိုလော့ဗ်ကတော့ အဓိက စောင့်ကြည့်သွားရမယ့် ကစားသမား ဖြစ်ပါတယ်။ ပြည်တွင်းကလပ် ခရက်စ်နိုဒါအသင်းမှာ ကစားနေပြီး (၂)နှစ်ဆက် ရုရှားလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ အသက် (၂၈)နှစ်အရွယ် ဆမိုလော့ဗ်ဟာ အသင်းကို ဘယ်လောက်အဆင့်ထိ ရောက်ရှိအောင် သွင်းဂိုးတွေနဲ့ စွမ်းဆောင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။

REF:Wikipedia
Photo:News View – Football News Hound, Ryehill Football, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com