This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အီဂ်စ္ကုိ အႏုိင္ယူၿပီး ႏွစ္ပဲြကစား (၆)မွတ္နဲ႔ ေနာက္တစ္ဆင့္တက္ဖုိ႔ ေသခ်ာသြားတဲ့ ႐ုရွား

၂၀၁၈ ကမၻာ႔ဖလား အိမ္ရွင္႐ုရွားအသငး္ဟာ အုပ္စုဒုတိယပဲြစဥ္မွာ အီဂ်စ္ကုိ (၃-၁)ဂုိးနဲ႔ အႏုိင္ယူၿပီး ႐ံႈးထြက္(၁၆)သင္းအဆင့္ကုိ တက္ဖုိ႔ေသခ်ာသေလာက္ရွိသြားၿပီျဖစ္ပါတယ္။ အဖြင့္ပဲြမွာ ဥ႐ုေဂြးကုိ ႐ႈံးနိမ့္ခဲ့တဲ့ အီဂ်စ္အသင္းဟာ အခုပဲြမွာ အမွတ္ရဖုိ႔ႀကိဳးစားခဲ့ေပမယ့္ အိမ္ရွင္အသင္းကုိ ေက်ာ္ျဖတ္ႏုိင္ခဲ့ျခင္းမရွိတာေၾကာင့္ ႏွစ္ပဲြကစား ႏွစ္ပဲြလုံး႐ႈံးနိမ့္ခဲ့ၿပီး အုပ္စုက ထြက္ခဲ့ရပါၿပီ။ အီဂ်စ္အသင္းရဲ႕ တိုက္စစ္မွာ ဆာလာ ပဲြထြက္ကစားခဲ့ေပမယ့္လည္း ကံၾကမၼာက သူ႔ဘက္မွာ မရွိခဲ့ပါဘူး။ ပဲြအစကတည္းက ႏွစ္သင္းစလုံးဟာ အျပန္အလွန္တိုက္စစ္ဆင္ကစားခဲ့တာေၾကာင့္ ပဲြက အႀကိတ္အနယ္ရွိခဲ့တယ္။ ပထမပုိင္း မိနစ္(၂၀)မျပည့္ခင္မွာဘဲ ႏွစ္သင္းေပါင္း ဂုိးကန္သြင္းခ်က္က (၇)ႀကိမ္အထိရွိခဲ့ေပမယ့္ ဂုိးေတာ့မသြင္းႏုိင္ခဲ့ၾကဘူး။

Russia-Players

Russia-Players

ပဲြရဲ႕အေျပာင္းအလဲက ဒုတိယပုိင္း (၄၇)မိနစ္မွာ စတင္ခဲ့တယ္။ ႐ုရွားကြင္းလယ္လူ ေဇာ့ဘ္ဘင္ရဲ႕ ကန္ခ်က္ကုိ အီဂ်စ္ေနာက္ခံလူ ဖက္သီ တားဆီးခဲ့ရာကေန လမ္းေၾကာင္းေျပာင္းၿပီး ကုိယ့္ဂုိးကုိယ္သြင္းခဲ့သလုိျဖစ္ခဲ့တာေၾကာင့္ ႐ုရွားတို႔ အဖြင့္ဂုိးစရခဲ့ပါတယ္။ (၅၉)မိနစ္မွာ ႐ုရွား ဒုတိယဂုိးရခဲ့ၿပီး ဖာနန္ဒက္စ္ရဲ႕ေပးပုိ႔မႈကေန ခီရီရွက္ဗ္က အပုိင္ပိတ္သြင္းခဲ့တာပါ။

Dzyuba-Celebrate

Dzyuba-Celebrate

မိနစ္ပုိင္းအတြင္းမွာ ႏွစ္ဂုိးဆက္ေပးခဲ့ရတဲ့အတြက္ အီဂ်စ္တုိ႔ ဖိအားမ်ားခဲ့ၿပီး ႐ုရွားအသင္းကပဲြကုိထိန္းခ်ဳပ္ကစားႏုိင္ခြင့္ရရွိခဲ့တယ္။ (၃)မိနစ္အၾကာမွာပဲ ကူတီေပါ့ဗ္ရဲ႕ေပးပုိ႔မႈကေန တိုက္စစ္မွဴး ဇူဘာ တတိယဂုိးသြင္းၿပီးခ်ိန္မွာေတာ့ ပဲြကၿပီးသေလာက္ျဖစ္သြားခဲ့ပါတယ္။

Salah-Scores-From-Penalty

Salah-Scores-From-Penalty

(၇၃)မိနစ္မွာ ပယ္နယ္တီကေန ဆာလာက ဂုိးသြင္းခဲ့ေပမယ့္ ေဆးမမီေတာ့ပါဘူး။ ႐ုရွားအသင္းဟာ အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ႐ႈံးထြက္(၁၆)သင္းအဆင့္တက္ဖုိ႔ အေျခအေနေကာင္းသြားၿပီျဖစ္ၿပီး တကယ္လုိ႔ ေဆာ္ဒီနဲ႔ ဥ႐ုေဂြးပဲြမွာသာ ေဆာ္ဒီအသင္း အႏုိင္မရခ့ဲရင္ ေနာက္တစ္ဆင့္တက္မွာျဖစ္ပါတယ္။

Photo:FIFA World Cup Facebook
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အီဂျစ်ကို အနိုင်ယူပြီး နှစ်ပွဲကစား (၆)မှတ်နဲ့ နောက်တစ်ဆင့်တက်ဖို့ သေချာသွားတဲ့ ရုရှား

၂၀၁၈ ကမ္ဘာ့ဖလား အိမ်ရှင်ရုရှားအသင်းဟာ အုပ်စုဒုတိယပွဲစဉ်မှာ အီဂျစ်ကို (၃-၁)ဂိုးနဲ့ အနိုင်ယူပြီး ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ဖို့သေချာသလောက်ရှိသွားပြီဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ဥရုဂွေးကို ရှုံးနိမ့်ခဲ့တဲ့ အီဂျစ်အသင်းဟာ အခုပွဲမှာ အမှတ်ရဖို့ကြိုးစားခဲ့ပေမယ့် အိမ်ရှင်အသင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိတာကြောင့် နှစ်ပွဲကစား နှစ်ပွဲလုံးရှုံးနိမ့်ခဲ့ပြီး အုပ်စုက ထွက်ခဲ့ရပါပြီ။ အီဂျစ်အသင်းရဲ့ တိုက်စစ်မှာ ဆာလာ ပွဲထွက်ကစားခဲ့ပေမယ့်လည်း ကံကြမ္မာက သူ့ဘက်မှာ မရှိခဲ့ပါဘူး။ ပွဲအစကတည်းက နှစ်သင်းစလုံးဟာ အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့တာကြောင့် ပွဲက အကြိတ်အနယ်ရှိခဲ့တယ်။ ပထမပိုင်း မိနစ်(၂၀)မပြည့်ခင်မှာဘဲ နှစ်သင်းပေါင်း ဂိုးကန်သွင်းချက်က (၇)ကြိမ်အထိရှိခဲ့ပေမယ့် ဂိုးတော့မသွင်းနိုင်ခဲ့ကြဘူး။

Russia-Players

Russia-Players

ပွဲရဲ့အပြောင်းအလဲက ဒုတိယပိုင်း (၄၇)မိနစ်မှာ စတင်ခဲ့တယ်။ ရုရှားကွင်းလယ်လူ ဇော့ဘ်ဘင်ရဲ့ ကန်ချက်ကို အီဂျစ်နောက်ခံလူ ဖက်သီ တားဆီးခဲ့ရာကနေ လမ်းကြောင်းပြောင်းပြီး ကိုယ့်ဂိုးကိုယ်သွင်းခဲ့သလိုဖြစ်ခဲ့တာကြောင့် ရုရှားတို့ အဖွင့်ဂိုးစရခဲ့ပါတယ်။ (၅၉)မိနစ်မှာ ရုရှား ဒုတိယဂိုးရခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ပေးပို့မှုကနေ ခီရီရှက်ဗ်က အပိုင်ပိတ်သွင်းခဲ့တာပါ။

Dzyuba-Celebrate

Dzyuba-Celebrate

မိနစ်ပိုင်းအတွင်းမှာ နှစ်ဂိုးဆက်ပေးခဲ့ရတဲ့အတွက် အီဂျစ်တို့ ဖိအားများခဲ့ပြီး ရုရှားအသင်းကပွဲကိုထိန်းချုပ်ကစားနိုင်ခွင့်ရရှိခဲ့တယ်။ (၃)မိနစ်အကြာမှာပဲ ကူတီပေါ့ဗ်ရဲ့ပေးပို့မှုကနေ တိုက်စစ်မှူး ဇူဘာ တတိယဂိုးသွင်းပြီးချိန်မှာတော့ ပွဲကပြီးသလောက်ဖြစ်သွားခဲ့ပါတယ်။

Salah-Scores-From-Penalty

Salah-Scores-From-Penalty

(၇၃)မိနစ်မှာ ပယ်နယ်တီကနေ ဆာလာက ဂိုးသွင်းခဲ့ပေမယ့် ဆေးမမီတော့ပါဘူး။ ရုရှားအသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရှုံးထွက်(၁၆)သင်းအဆင့်တက်ဖို့ အခြေအနေကောင်းသွားပြီဖြစ်ပြီး တကယ်လို့ ဆော်ဒီနဲ့ ဥရုဂွေးပွဲမှာသာ ဆော်ဒီအသင်း အနိုင်မရခဲ့ရင် နောက်တစ်ဆင့်တက်မှာဖြစ်ပါတယ်။

Photo:FIFA World Cup Facebook
Naing Linn(Akhayar)
www.akhayar.com