This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ၿပိဳင္ဘက္ကုိ အထင္ေသးခဲ့လုိ႔ ေပးဆပ္မႈႀကီးမားခဲ့တဲ့ စပိန္

ဒီပဲြမွာ စပိန္အသင္းရဲ႕ ေျခစြမ္းက တကယ္စိတ္ပ်က္စရာေကာင္းခဲ့တယ္။ စပိန္အသင္းနည္းျပ ဟီယာ႐ုိရဲ႕ Match Plan က ဘာလဲဆုိတာ ေမးခြန္းထုတ္ရမယ္။ Normal Passing ေတြနဲ႔ပဲ တစ္ပဲြလုံးကစားသြားခဲ့ၿပီး ၿပိဳင္ဘက္ကုိ အႏၱရာယ္ေပးႏုိင္တဲ့ ေဘာလုံးေပးပုိ႔မႈမ်ိဳး၊ ထိေရာက္တဲ့ Attacking Play ဘာမွ မရွိခဲ့ဘူး။ ကြင္းလယ္မွာ အစၥကုိ၊ အဆန္စီယုိ၊ ေဒးဗစ္ေဆးလ္ဗားတို႔လုိ တိုက္စစ္အားသန္ကစားသမားေတြရွိေပမယ့္ ၿပိဳင္ဘက္ခံစစ္ကုိ တဲြလုံးေတြနဲ႔ ထုိးေဖာက္တာမ်ိဳး၊ Individual Skill ေတြနဲ႔ တိုက္စစ္ဆင္တာမ်ိဳး မရွိတာ အံ့အားသင့္စရာပါပဲ။ ႐ုရွားနည္းျပခ်ာခ်ီေဆာ့ဗ္ရဲ႕ ပဲြကုိ ခ်ည္းကပ္မႈကေတာ့ ႐ုိးရွင္းပါတယ္။ Counter Attacking Play ကုိပဲ အဓိက ထားခဲ့ၿပီး ပဲြခ်ိန္အမ်ားစုက ခံစစ္မွာသာ အခ်ိန္ကုန္ခဲ့တယ္။

Ignashevich-Own-Goal

Ignashevich-Own-Goal

ပထမပုိင္း(၁၁)မိနစ္မွာ စပိန္အသင္း အဖြင့္ဂုိးရခဲ့တယ္။ အဆန္စီယုိရဲ႕ ျပစ္ဒဏ္ေဘာကုိ ဂုိးဧရိယာထဲမွာ ရာမုိ႔စ္နဲ႔ ႐ုရွားေနာက္ခံလူ အစ္ဂ္နာရွီဗစ္တို႔ အျပန္အလွန္လုံးေထြးရာကေန အစ္ဂ္နာရွီဗစ္ရဲ႕ေျခေထာက္နဲ႔ထိၿပီး ဂုိး၀င္သြားခဲ့တာပါ။ အသက္(၃၈)ႏွစ္၊ (၃၅၂)ရက္ရွိၿပီျဖစ္တဲ့ အစ္ဂ္နာရွီဗစ္ဟာ ကမၻာ႔ဖလားသမုိင္းတစ္ေလွ်ာက္ အသက္အႀကီးဆုံး Own Goal သြင္းတဲ့သူအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ အဖြင့္ဂုိးရၿပီးတဲ့အခ်ိန္မွာ စပိန္အသင္း ကစားပုံ ပုိဆုိးလာခဲ့ၿပီး ကြင္းလယ္မွာ ဘာလုပ္လုိ႔ လုပ္မွန္းမသိဘဲ ေဘာလုံးအျပန္အလွန္ေပးရင္း အခ်ိန္ကုန္ေနခဲ့တယ္။ ႐ုရွားအသင္းရဲ႕ ထုိးေဖာက္မႈေတြကေတာင္ စိတ္လႈပ္ရွားစရာေကာင္းခဲ့ၿပီး ႐ုရွားကစားသမားေတြ တစ္ဦးခ်င္း ညံ့ေနလုိ႔သာ စပိန္ကံေကာင္းခဲ့တာျဖစ္တယ္။ (၄၁)မိနစ္မွာေတာ့ ႐ုရွား ပယ္နယ္တီကန္ခြင့္ရခဲ့ပါတယ္။ ပယ္နယ္တီဧရိယာအတြင္း ပီေကး လက္နဲ႔ထိခဲ့တာေၾကာင့္ ပယ္နယ္တီရခဲ့တာျဖစ္ၿပီး ႐ုရွားအသင္းရဲတိုက္စစ္မွဴး ဇီယူဘာက အမွားအယြင္းမရွိကန္သြင္းခဲ့တယ္။

Dzyuba-Score-for-Russia

Dzyuba-Score-for-Russia

အိမ္ရွင္႐ုရွားအသင္းကလည္း ဒုတိယပုိငး္မွာ ခံစစ္ကုိ အထုိင္ကစားခဲ့တာေၾကာင့္ ပဲြက ဘယ္လုိမွ စိတ္လႈပ္ရွားစရာ မေကာင္းခဲ့ဘူး။ အင္နီေယစတာ ၀င္လာၿပီးေနာက္ပုိင္းမွာ စပိန္ကြင္းလယ္တိုက္စစ္ ကစားပုံ ေကာင္းလာခဲ့ၿပီး ဂုိးသြင္းခြင့္တခ်ိဳ႕ရခဲ့ေပမယ့္ ႐ုရွား၀ါရင့္ဂုိးသမား အကင္ဖိဗ္ ကာကြယ္ႏုိင္ခဲ့တယ္။ လက္က်န္မိနစ္ေတြမွာ ဂုိးမသြင္းႏုိင္လုိ႔ အခ်ိန္ပုိဆက္ကစားခဲ့ရၿပီး အခ်ိန္ပုိမွာ စပိန္အသင္းက ဂုိးသြင္းခြင့္ေတြ ရခဲ့ေပမယ့္ ႐ုရွားခံစစ္နဲ႔ အကင္ဖိဗ္တို႔ တည္ၿငိမ္မႈအျပည့္နဲ႔ ကာကြယ္ႏုိင္ခဲ့ပါတယ္။

Cheryshev-Score-From-Penalty

Cheryshev-Score-From-Penalty

မိနစ္(၁၂၀)ျပည့္တဲ့အထိ သေရက်ခဲ့လုိ႔ ပယ္နယ္တီအဆုံးအျဖတ္ခံယူခဲ့တာမွာ စပိန္အသင္းကစားသမားေတြျဖစ္တ့ဲ ကုိကီ၊ အက္စ္ပတ္စ္တို႔ရဲ႕ ကန္ခ်က္ေတြကုိ အကင္ဖိဗ္ လက္စြမ္းျပကာကြယ္ႏုိင္ခဲ့တာေၾကာင့္ ႐ုရွားအသငး္က (၄-၃)ဂုိးနဲ႔အႏုိင္ယူၿပီး ကြာတားဖုိင္နယ္ကုိ ပထမဆုံးအႀကိမ္ တက္ေရာက္ခဲ့ပါတယ္။ စပိန္အသင္းအေနနဲ႔ ႐ုရွားကို အထင္ေသးခဲ့တဲ့အတြက္ ေပးဆပ္မႈႀကီးမားခဲ့တယ္လုိ႔ပဲ ဆုိရမယ္။
Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပြိုင်ဘက်ကို အထင်သေးခဲ့လို့ ပေးဆပ်မှုကြီးမားခဲ့တဲ့ စပိန်

ဒီပွဲမှာ စပိန်အသင်းရဲ့ ခြေစွမ်းက တကယ်စိတ်ပျက်စရာကောင်းခဲ့တယ်။ စပိန်အသင်းနည်းပြ ဟီယာရိုရဲ့ Match Plan က ဘာလဲဆိုတာ မေးခွန်းထုတ်ရမယ်။ Normal Passing တွေနဲ့ပဲ တစ်ပွဲလုံးကစားသွားခဲ့ပြီး ပြိုင်ဘက်ကို အန္တရာယ်ပေးနိုင်တဲ့ ဘောလုံးပေးပို့မှုမျိုး၊ ထိရောက်တဲ့ Attacking Play ဘာမှ မရှိခဲ့ဘူး။ ကွင်းလယ်မှာ အစ္စကို၊ အဆန်စီယို၊ ဒေးဗစ်ဆေးလ်ဗားတို့လို တိုက်စစ်အားသန်ကစားသမားတွေရှိပေမယ့် ပြိုင်ဘက်ခံစစ်ကို တွဲလုံးတွေနဲ့ ထိုးဖောက်တာမျိုး၊ Individual Skill တွေနဲ့ တိုက်စစ်ဆင်တာမျိုး မရှိတာ အံ့အားသင့်စရာပါပဲ။ ရုရှားနည်းပြချာချီဆော့ဗ်ရဲ့ ပွဲကို ချည်းကပ်မှုကတော့ ရိုးရှင်းပါတယ်။ Counter Attacking Play ကိုပဲ အဓိက ထားခဲ့ပြီး ပွဲချိန်အများစုက ခံစစ်မှာသာ အချိန်ကုန်ခဲ့တယ်။

Ignashevich-Own-Goal

Ignashevich-Own-Goal

ပထမပိုင်း(၁၁)မိနစ်မှာ စပိန်အသင်း အဖွင့်ဂိုးရခဲ့တယ်။ အဆန်စီယိုရဲ့ ပြစ်ဒဏ်ဘောကို ဂိုးဧရိယာထဲမှာ ရာမို့စ်နဲ့ ရုရှားနောက်ခံလူ အစ်ဂ်နာရှီဗစ်တို့ အပြန်အလှန်လုံးထွေးရာကနေ အစ်ဂ်နာရှီဗစ်ရဲ့ခြေထောက်နဲ့ထိပြီး ဂိုးဝင်သွားခဲ့တာပါ။ အသက်(၃၈)နှစ်၊ (၃၅၂)ရက်ရှိပြီဖြစ်တဲ့ အစ်ဂ်နာရှီဗစ်ဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အသက်အကြီးဆုံး Own Goal သွင်းတဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဖွင့်ဂိုးရပြီးတဲ့အချိန်မှာ စပိန်အသင်း ကစားပုံ ပိုဆိုးလာခဲ့ပြီး ကွင်းလယ်မှာ ဘာလုပ်လို့ လုပ်မှန်းမသိဘဲ ဘောလုံးအပြန်အလှန်ပေးရင်း အချိန်ကုန်နေခဲ့တယ်။ ရုရှားအသင်းရဲ့ ထိုးဖောက်မှုတွေကတောင် စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး ရုရှားကစားသမားတွေ တစ်ဦးချင်း ညံ့နေလို့သာ စပိန်ကံကောင်းခဲ့တာဖြစ်တယ်။ (၄၁)မိနစ်မှာတော့ ရုရှား ပယ်နယ်တီကန်ခွင့်ရခဲ့ပါတယ်။ ပယ်နယ်တီဧရိယာအတွင်း ပီကေး လက်နဲ့ထိခဲ့တာကြောင့် ပယ်နယ်တီရခဲ့တာဖြစ်ပြီး ရုရှားအသင်းရဲတိုက်စစ်မှူး ဇီယူဘာက အမှားအယွင်းမရှိကန်သွင်းခဲ့တယ်။

Dzyuba-Score-for-Russia

Dzyuba-Score-for-Russia

အိမ်ရှင်ရုရှားအသင်းကလည်း ဒုတိယပိုင်းမှာ ခံစစ်ကို အထိုင်ကစားခဲ့တာကြောင့် ပွဲက ဘယ်လိုမှ စိတ်လှုပ်ရှားစရာ မကောင်းခဲ့ဘူး။ အင်နီယေစတာ ဝင်လာပြီးနောက်ပိုင်းမှာ စပိန်ကွင်းလယ်တိုက်စစ် ကစားပုံ ကောင်းလာခဲ့ပြီး ဂိုးသွင်းခွင့်တချို့ရခဲ့ပေမယ့် ရုရှားဝါရင့်ဂိုးသမား အကင်ဖိဗ် ကာကွယ်နိုင်ခဲ့တယ်။ လက်ကျန်မိနစ်တွေမှာ ဂိုးမသွင်းနိုင်လို့ အချိန်ပိုဆက်ကစားခဲ့ရပြီး အချိန်ပိုမှာ စပိန်အသင်းက ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် ရုရှားခံစစ်နဲ့ အကင်ဖိဗ်တို့ တည်ငြိမ်မှုအပြည့်နဲ့ ကာကွယ်နိုင်ခဲ့ပါတယ်။

Cheryshev-Score-From-Penalty

Cheryshev-Score-From-Penalty

မိနစ်(၁၂၀)ပြည့်တဲ့အထိ သရေကျခဲ့လို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့တာမှာ စပိန်အသင်းကစားသမားတွေဖြစ်တဲ့ ကိုကီ၊ အက်စ်ပတ်စ်တို့ရဲ့ ကန်ချက်တွေကို အကင်ဖိဗ် လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ရုရှားအသင်းက (၄-၃)ဂိုးနဲ့အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။ စပိန်အသင်းအနေနဲ့ ရုရှားကို အထင်သေးခဲ့တဲ့အတွက် ပေးဆပ်မှုကြီးမားခဲ့တယ်လို့ပဲ ဆိုရမယ်။
Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com