[Zawgyi]
Song Ji-Hyo
Song Ji-Hyo
Song-Ji-Hyo
Song-Ji-Hyo
Song Ji-Hyo
Song Ji-Hyo
Song Ji-Hyo
Song Ji-Hyo
Song Ji-Hyo
Song Ji-Hyo
H.H(Akhayar)
www.akhayar.com
[Unicode]
Running Man မမချောလေး Song Ji-Hyo ရဲ့ နုပျိုခြင်းဆိုင်ရာ လျို့ဝှက်နည်းလမ်းများ
Running Man ထဲက မင်းသမီးချောလေးဖြစ်တဲ့ Song Ji-Hyo ဟာ စီးရီးတွေ ဘယ်နှစ်ပိုင်းပဲရောက်ရောက် ဒီအသက်အရွယ်လေးအတိုင်းပဲ ရှိနေပြီး နုငယ်လန်းဆန်းနေတာကို ပရိသတ်ကြီး အသိပါ။ ဘာကြောင့် အပိုင်းတွေ ဘယ်လောက်ပဲပြီးပြီး၊ အချိန်တွေ ဘယ်လောက်ပဲပြောင်းပြောင်း နုငယ်သစ်လွင်ပြီး ကျစ်လစ်အချိုးကျလှပတဲ့ ခန္ဓာကိုယ်နဲ့ ချောမောလှပနေရတာလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ မအိုဆေးများစားထားလားလို့တောင် ထင်မှတ်ရတဲ့ သူမရဲ့လျှို့ဝှက်ချက်က ဘာများပါလိမ့်၊ ဘာလို့နည်းလမ်းကောင်းတွေ ကျင့်သုံးပါလိမ့်ဆိုတာကို နည်းနာ နည်းနည်းယူကြည့်ကြရအောင်။
Song Ji-Hyo
Song Ji-Hyo
သူမဟာ သက်လတ်ပိုင်း အရွယ်တစ်ခုထဲကို ချဉ်းနင်းဝင်ရောက်နေပေမယ့်လည်း နှစ်ဆယ်ကျော် အမျိုးသမီးငယ်တွေလိုမျိုး နုပျိုနေပြီး ထွေထွေထူးထူး ထိန်းသိမ်းခြင်းနည်းလမ်းကောင်းတွေ မရှိပါဘူးတဲ့။ နည်းလမ်းကောင်းတွေ မရှိရတာကလည်း သူမဟာ အလုပ်အရမ်းများသူဖြစ်လို့ သေသေချာချာလေး ထိန်းသိမ်းဖို့ အချိန်မရှိတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကျင့်လေးလုပ်ထားပြီး ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းကောင်းလေးတွေတော့ ရှိပါတယ်။
Song-Ji-Hyo
Song-Ji-Hyo
သူမမျှဝေပေးတဲ့ နည်းလမ်းကောင်းလေးတွေက သူမဟာ ဘယ်လောက်ပဲအလုပ်တွေများပြီး ညနက်မှ အိမ်ပြန်ရောက်ရောက် လိမ်းထားသမျှ မိတ်ကပ်တွေကို ပြောင်စင်အောင် အချိန်ပေးပြီး ဖျက်ပေးပါတယ်။ သူမရဲ့အသားအရေက Oily Skin ဖြစ်တဲ့အတွက် Cleansing လုပ်တဲ့အခါမှာ Cream အမျိုးအစားထက် Water Type ကိုပဲ ရွေးချယ်သုံးစွဲပါတယ်။ ရုပ်ရှင်တွေ၊ Program တွေရိုက်ကူးလို့ မိတ်ကပ်တွေလိမ်းရရင်လည်း ရိုက်ကူးမှုပြီးတာနဲ့ Cleansing Water ဆောင်ထားပြီး ချက်ချင်းပြန်ဖျက်တဲ့ အကျင့်ရှိပါတယ်။
Song Ji-Hyo
Song Ji-Hyo
ခန္ဓာကိုယ်အချိုးအစားကလည်း ဒီတိုင်းလေးပဲ မပြောင်းမလဲရှိနေပြီး ပေါ့ပါးပါးသွက်လက်နေတဲ့အတွက် Diet တွေ ဘာတွေ လုပ်လားဆိုပြီး အင်တာဗျူးသူတွေက မေးမြန်းကြည့်တဲ့အခါ Diet Plan တွေထားပြီး လုပ်တာမျိုးမဟုတ်ဘဲ Running Man လို ပြေးလွှားဆော့ကစားခြင်းတွေ၊ Stretching လုပ်ခြင်းတွေကို အဓိကပြုလုပ်တာကြောင့် ဒီလို ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေရခြင်း ဖြစ်ပါတယ်။ Running Man မရိုက်ကူးခင်တုန်းကလည်း သူမဟာ Cardio Exercise ကို အမြဲတစေပြုလုပ်လေ့ရှိသူ ဖြစ်ပါတယ်။Running Man ရိုက်ကူးတဲ့အခါမှာတော့ လေ့ကျင်ခန်းတွေကို အသည်းအသန်လုပ်ဖို့ အခြေအနေဖြစ်လာခဲ့ပါတယ်။ Running Man ရိုက်ကူးခြင်းက ကျစ်လစ်တဲ့ ခန္ဓာကိုယ်ဖြစ်နေအောင် ထိန်းသိမ်းဖို့ လမ်းကြောင်းပေးလိုက်သလိုပါပဲ၊။ ဒါ့အပြင် သူမဟာ ညခုနစ်နာရီ၊ ရှစ်နာရီလောက် ရောက်လာပြီဆိုရင် ဘာအစားမှ မစားမိအောင် အပြင်းအထန် ကိုယ့်ကိုယ်ကိုယ် တားဆီးပိတ်ပင်ထားပါတယ်လို့ အင်တာဗျုးသူတွေကို ပြောကြားဖူးပါတယ်။
Song Ji-Hyo
Song Ji-Hyo
နောက်ထပ် နုပျိူအောင်ထိန်းသိမ်းတဲ့ နည်းလမ်းကောင်းတစ်ခုကတော့ စိတ်ကို ရှင်းလင်းပေါ့ပါးအောင် အတတနို်င်ဆုံး ထားပါတယ်။ စိတ်ပျိုတော့ ကိုယ်နုဆိုတဲ့အတိုင်း စိတ်ကို ညစ်ညူးအောင်မထားဘဲ ကြည်လင်နေအောင် ထားပါတယ်။ စိတ်ညစ်စရာတွေနဲ့ ကြုံလာရင် အကြာကြီးမတွေးဘဲ အလျင်အမြန် မေ့ဖျောက်ပစ်လိုက်ပါတယ်။ အိပ်ရေးဝဝလည်း တတ်နိုင်သမျှ အိပ်ပြီး အိပ်မပျော်ရင် ရှုခင်းလှလှလေးတွေ ထိုင်ကြည့်ပြီး စိတ်ကို ပျော်ရွှင်အောင် ပြုလုပ်တတ်ပါတယ်။ ဒါတွေကတော့ သူမအကျင့်လိုမျိုး လုပ်ထားတဲ့ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေ ဖြစ်ပါတယ်။
Song Ji-Hyo
Song Ji-Hyo
သူမရဲ့နည်းလမ်းလေးတွေကို သေချာခွဲခြမ်းစိတ်ဖြာကြည့်ရင် Cosmetics ကောင်းကောင်းကြီး ဘယ်လိုသုံးတယ်ဆိုပြီး မျှဝေထားတာမျိုးမရှိဘဲ မျက်နှာကို သေချာလေး သန့်ရှင်းစင်ကြယ်အောင်ထားပြီး မလိုအပ်ဘဲ မိတ်ကပ်တွေကို မျက်နှာပေါ်မှာ အချိန်အကြာကြီး တင်ထားတာမျိုးမရှိခြင်း၊ လေ့ကျင့်ခန်းကို အချိန်ပေးလုပ်ခြင်းနဲ့ စိတ်ဖိစီးမှု မရှိအောင်နေထိုင်ခြင်းတွေကိုသာ တွေ့ရပါတယ်။ သူမမျှဝေပေးတဲ့ နည်းလမ်းလေးတွေဟာ ခက်ခက်ခဲခဲကြီးတွေ လုံးဝမဟုတ်ဘဲ နုပျိုလှပအရွယ်တင်ချင်သူတိုင်း လိုက်လုပ်ကြည့်နိုင်တဲ့ ရိုးရှင်းတဲ့ နည်းလမ်းကောင်းလေးတွေ ဖြစ်လို့ လူတိုင်းလိုက်လုပ်ကြည့်လို့ ရပါတယ်နော်။ အမျိုးသမီးတိုင်း ငယ်ရွယ်နုပျိုပြီး အသက်အရွယ်နဲ့လိုက်တဲ့ အလှစစ်တွေကို ရရှိပိုင်ဆိုင်သူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
H.H(Akhayar)
www.akhayar.com