လာမယ့် ၅ နှစ်အတွင်း ခေတ်ပေါ် စမတ်ဖုန်းတွေ ပျောက်ကွယ်သွားနိုင်ပြီး RollableFoldable ဖုန်းတွေ နေရာယူလာမယ်လို့ Samsung နိမိတ်ဖတ်ခဲ့ပါတယ်။

ဒီလို ပြောရတယ်ဆိုတာကလည်း ခေါက်ချိုးဖုန်းတွေဟာ တချိန်ချိန်မှာ လူစိတ်ဝင်စားမှု ပိုများလာမယ်၊ ဈေးနှုန်းနဲ့ Performance ကို အချိုးကျ ပေါင်းစပ်နိုင်ရင် ဖြစ်လာနိုင်တယ်လို့ ဆိုလိုချင်တာပါ။

Photo: Mobile Syrup

ဒါပေမယ့် နမူနာအဆင့်သာရှိသေးတဲ့ Foldable ဖုန်းတွေက လက်တွေ့မှာ အားနည်းချက် ရှိနေသေးသလို တန်ဖိုးအားဖြင့်လည်း သုံး၊ လေးဆ များနေသေးတာပါ။

ဘယ်လိုပဲ ပြောပြော ဖုန်းကုမ္ပဏီတွေက Foldable ၊ Rollable Device ထုတ်ဖို့ အားသန်နေကြပြီး ဒီပြိုင်ပွဲထဲမှာ Sony လည်းပါလာခဲ့ပါပြီ။

LG ရဲ့ Rollable Display သုံးထားမယ်

ကောလာဟလတွေအရ Galaxy Fold နဲ့ Mate X တို့နဲ့ မတူတဲ့ Rollable OLED Panel အသုံးပြုလာမယ်လို့ ပြောနေပါတယ်။
အဓိပ္ပာယ်က ဖုန်းကို လိပ်ထားလို့ရမယ်၊ ဒီလိုသုံးမယ်ဆိုရင် ဖုန်းကိုယ်ထည်၊ Processor ၊ RAM နဲ့တခြား Hardware တွေပါ Rollable ဖြစ်နေမှရမှာပါ။

ဒါကို Snapdragon 855X50 5G Modem နဲ့ 3,220 mAh Battery သုံးထားမယ်လို့ Rumour Source တွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီ Hardware တွေဟာ လက်တွေ့မှာ လိပ်ဖို့ထက်၊ ခေါက်ထားလို့တောင် မရပါဘူး။

Rollable OLED Panle ကို LG Display မိတ်ဆက်ထားပြီဆိုမယ့် ဖုန်းမှာထည့်သုံးဖို့ ရာခိုင်နှုန်း အရမ်းနည်းပါတယ်။

Hardware တွေလည်း Rollable ဖြစ်ဖို့လိုတယ်

အဲ့ဒါထက် 10x Zoom Camera အသုံးပြုထားမယ်ဆိုထားလို့ ဖြစ်နိုင်ချေကိုပဲ မှန်းဆထားပုံရပြီး OLED Panel ကလွဲလို့ ကျန်တာ ယုံကြည်ထားလို့ မရသေးပါဘူး။

Lenovo နဲ့ Microsoft တို့ကလည်း Foldable Laptop ထုတ်လာနိုင်တယ်လို့ သတင်းထွက်နေလို့ ဒီ Device တွေမြင်ရဖို့ ရှိမယ်ထင်ပါတယ်။

နောက်ပြီး Rollable ဖုန်း မထွက်လာနိုင်ဘူးလို့ တပ်အပ်ပြောမရသလို Mobile လောကမှာ ခေါင်းတောင် မပြူနိုင်တဲ့ Sony ရုန်းကန်နေရတဲ့ဘဝနဲ့ ပရိသတ်ကြီး တွက်ဆနိုင်မယ်လို့ထင်ပါတယ်။

Photo: Android Pit

ထွက်တော့ထွက်လာမယ်၊ နောက် ၃ နှစ်လား ၄ နှစ်လား ဒါမှမဟုတ် ဘယ်လိုအစီစဉ်ရှိလဲ တရားဝင် မကြေညာသေးသရွေ့ ကောလာဟလ သတင်းတွေကို အရမ်းမယုံကြည်စေချင်ပါဘူး။

Source: FoneArena
2B (Akhayar)
www.akhayar.com