[Zawgyi]

Brad Pitt နဲ့ ကောလဟလတွေကို ဖြေရှင်းချက်ထုတ်လိုက်တဲ့ Jennifer Aniston

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ အိမ်ထောင်ဖက်ဟောင်းတွေ ဖြစ်ကြတဲ့ Jennifer Aniston နဲ့ Brad Pitt တို့ ပြန်ပေါင်းထုပ်ကြတော့မယ်လို့ သတင်းတွေ ပလူပျံအောင် ထွက်လာခဲ့ပါတယ်။ ဒီအပေါ်မှာ နှစ်ယောက်လုံးကလည်း ငြိမ်နေတဲ့အတွက် တကယ်များ ပြန်ပေါင်းထုပ်ကြတော့မလားရယ်လို့ သူတို့ ပရိသတ်တွေက အရမ်းမျှော်လင့်နေကြတာပါ။

အခုတော့ ဒီလို စွပ်စွဲချက်တွေအတွက် Jennifer Aniston ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကိစ္စဟာ လုပ်ကြံဇာတ်ကြီးပါလို့ ပြောပြီး သူတို့ဘာမှမဟုတ်ကြပါဘူးလို့ ငြင်းချက်ထုတ်လိုက်ပါတယ်။

Jen လို့ ခေါ်တဲ့ Jennifer Aniston ဟာ အသက် ၄၉ နှစ်ရှိပြီဖြစ်ပြီး Brad Pitt ကတော့ အသက် ၅၄နှစ်ရှိပြီဖြစ်ကာ သူတို့ လမ်းခွဲကြတုန်းက ၂၀၀၅ ခုနှစ်က ဖြစ်ပါတယ်။ လမ်းခွဲပြီး ၄ လကြာတာနဲ့ Brad Pitt ဟာ Jolie နဲ့ လက်တွဲခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ချစ်သူသက်တမ်း ၁၂ နှစ်အတွင်းမှာ ကလေး ၆ ယောက် ရှိခဲ့ကြပြီး ၂၀၁၆ မှာတော့ ကွာရှင်းဖို့ ကြေညာခဲ့ကြပါတယ်။

Jen ရဲ့လက်ရှိအိမ်ထောင်ဖြစ်တဲ့ Justin Theroux နဲ့ ကွဲတဲ့ သတင်းတက်လာတဲ့အတွက်လည်း Brad Pitt နဲ့ပြန်ပေါင်းထုပ်ကြမယ်လို့ ပြောဆိုလာကြတာပါ။ Jen ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကိစ္စကို ငြင်းရုံတင်မဟုတ်ဘဲ Brad Pitt နဲ့ ရင်းနှီးတဲ့ သူတွေကလည်း Brad ဟာ Jen နဲ့ ကွဲပြီးတည်းက အဆက်အသွယ်မရှိခဲ့ပါဘူးလို့ ပြောကြားခဲ့ကြပါတယ်။

Brad ဟာ Jen တို့ ကွာရှင်းသတင်းကို ကြားရလို့ စိတ်မကောင်းဖြစ်နေမှာတော့ အမှန်ပါပဲ။ Jen အတွက်လည်း အကောင်းဆုံး ဆုတောင်းပေးနေမှာပါ၊ ဒါပေမယ့် Brad ဟာ Jen ကို ချဉ်းကပ်မနေသလို အဲဒီလိုလုပ်ဖို့လည်း စိတ်ကူးမရှိပါဘူး” လို့ အတွင်းလူတွေက ဖွင့်ဟခဲ့ပါတယ်။

Jennifer Aniston နဲ့ Justin Theroux တို့ဟာ နှစ်နှစ်ကြာလက်တွဲအပြီးမှာ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။။ လမ်းခွဲပြီးပေမယ့်လည်း အနောက်တိုင်းထုံးစံအတိုင်း သူငယ်ချင်းတွေအနေနဲ့ ဆက်ရှိနေမှာပါလို့ နှစ်ဘက်လုံးက ဆိုပါတယ်။

အိမ်ထောင်သစ်တွေ ကိုယ်စီအသီးသီးပြုခဲ့ကြအပြီးမှ ခုလိုပြန်ကွဲသွားတဲ့အပေါ်မှာ အရင်လူနဲ့ ပြန်ပေါင်းထုပ်ချင်လားဆိုတဲ့ သံသယကတော့ ဖြစ်နေကြပါပဲ ခင်ဗျား။

ရိုးလူ (အခရာ)

www.akhayar.com