[Zawgyi]

ၾကမ္းတမး္တဲ့ ကစားပုံအတြက္ ပါဗာ Pavard ကို ျပန္ေတာင္းပန္ခ့ဲတဲ့ ႐ူဒီဂါ Rudiger

ဂ်ာမနီအသင္းေနာက္ခံလူ ႐ူဒီဂါ Rudiger ဟာ ျပင္သစ္အသင္းနဲ႔ ကစားခဲ့တဲ့ပဲြမွာ ၿပိဳင္ဘက္ေနာက္ခံလူ ပါဗာ Pavard ကုိ ၾကမ္းၾကမ္းတမ္းတမ္း ကစားမိခဲ့လုိ႔ ျပန္လည္ေတာင္းပန္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က Nations League ပဲြအျဖစ္ ဂ်ာမနီနဲ႔ ျပင္သစ္အသင္းတို႔ ကစားခဲ့တဲ့ပဲြမွာ ႐ူဒီဂါဟာ ပါဗာရဲ႕ လည္ပင္းကုိ မေတာ္တဆ ေျခေထာက္နဲ႔ တက္နင္းခဲ့သလုိျဖစ္ခဲ့ၿပီး ပါဗာရဲ႕လည္ပင္းတစ္၀ုိက္မွာ ပြန္းပဲ့ဒဏ္ရာေတြ ရရွိခဲ့တယ္။

အဲဒီျဖစ္ရပ္ ျဖစ္ၿပီးၿပီးခ်င္းမွာပဲ ႐ူဒီဂါက ပါဗာကုိ ေတာင္းပန္ခဲ့သလုိ ေနာက္တစ္ေန႔မွာ ႐ူဒီဂါက ပါဗာကုိ တမင္တကာ တက္နင္းခဲ့တာ မဟုတ္ဘူးဆုိၿပီး သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ေရးသားခဲ့တာပါ။

Pavard-has-marks-on-neck-after-tackle-by-Antonio-Rudiger

Pavard-has-marks-on-neck-after-tackle-by-Antonio-Rudiger

႐ူဒီဂါက “ေတာင္းပန္ပါတယ္ ပါဗာေရ။ ဒါဟာ တမင္တကာ လုပ္ခဲ့တာ မဟုတ္ပါဘူး။ သူ႔ကုိ ကၽြန္ေတာ္ ခ်က္ခ်င္း ေတာင္းပန္ခဲ့သလုိ အျမန္ဆုံးျပန္ေကာင္းလာပါေစလုိ႔ ဆုေတာင္းလုိက္ပါတယ္”ဆုိၿပီး ေရးသားခဲ့တယ္။ ပါဗာဟာ ဒဏ္ရာကုိ ေဆးကုသမႈ ခံယူခဲ့ရေပမယ့္လည္း ပဲြၿပီးတဲ့အထိ ဆက္လက္ကစားႏုိင္ခဲ့ပါတယ္။ ျပင္သစ္အသင္းဟာ Nations League ဒုတိယေျမာက္ပဲြစဥ္အျဖစ္ တနလၤာေန႔ ျမန္မာစံေတာ္ခ်ိန္ မနက္(၁း၃၀) အခ်ိန္မွာ နယ္သာလန္အသင္းနဲ႔ ဆက္လက္ယွဥ္ၿပိဳင္ သြားမွာျဖစ္ပါတယ္။

အခုေလာေလာဆယ္ ျပင္သစ္၊ ဂ်ာမနီ၊ နယ္သာလန္တို႔ ပါ၀င္တဲ့ အုပ္စု (A)မွာ ျပင္သစ္နဲ႔ဂ်ာမနီတို႔က (၁)မွတ္စီ ရထားၿပီး နယ္သာလန္အသင္းကေတာ့ ျပင္သစ္နဲ႔ပဲြမွ ပဲြဦးထြက္ကစားမွာျဖစ္ပါတယ္။

REF:BBC
Photo:Premier League,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကြမ်းတမ်းတဲ့ ကစားပုံအတွက် ပါဗာ Pavard ကို ပြန်တောင်းပန်ခဲ့တဲ့ ရူဒီဂါ Rudiger

ဂျာမနီအသင်းနောက်ခံလူ ရူဒီဂါ Rudiger ဟာ ပြင်သစ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူ ပါဗာ Pavard ကို ကြမ်းကြမ်းတမ်းတမ်း ကစားမိခဲ့လို့ ပြန်လည်တောင်းပန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က Nations League ပွဲအဖြစ် ဂျာမနီနဲ့ ပြင်သစ်အသင်းတို့ ကစားခဲ့တဲ့ပွဲမှာ ရူဒီဂါဟာ ပါဗာရဲ့ လည်ပင်းကို မတော်တဆ ခြေထောက်နဲ့ တက်နင်းခဲ့သလိုဖြစ်ခဲ့ပြီး ပါဗာရဲ့လည်ပင်းတစ်ဝိုက်မှာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်။

အဲဒီဖြစ်ရပ် ဖြစ်ပြီးပြီးချင်းမှာပဲ ရူဒီဂါက ပါဗာကို တောင်းပန်ခဲ့သလို နောက်တစ်နေ့မှာ ရူဒီဂါက ပါဗာကို တမင်တကာ တက်နင်းခဲ့တာ မဟုတ်ဘူးဆိုပြီး သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့တာပါ။

Pavard-has-marks-on-neck-after-tackle-by-Antonio-Rudiger

Pavard-has-marks-on-neck-after-tackle-by-Antonio-Rudiger

ရူဒီဂါက “တောင်းပန်ပါတယ် ပါဗာရေ။ ဒါဟာ တမင်တကာ လုပ်ခဲ့တာ မဟုတ်ပါဘူး။ သူ့ကို ကျွန်တော် ချက်ချင်း တောင်းပန်ခဲ့သလို အမြန်ဆုံးပြန်ကောင်းလာပါစေလို့ ဆုတောင်းလိုက်ပါတယ်”ဆိုပြီး ရေးသားခဲ့တယ်။ ပါဗာဟာ ဒဏ်ရာကို ဆေးကုသမှု ခံယူခဲ့ရပေမယ့်လည်း ပွဲပြီးတဲ့အထိ ဆက်လက်ကစားနိုင်ခဲ့ပါတယ်။ ပြင်သစ်အသင်းဟာ Nations League ဒုတိယမြောက်ပွဲစဉ်အဖြစ် တနင်္လာနေ့ မြန်မာစံတော်ချိန် မနက်(၁း၃၀) အချိန်မှာ နယ်သာလန်အသင်းနဲ့ ဆက်လက်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။

အခုလောလောဆယ် ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်တို့ ပါဝင်တဲ့ အုပ်စု (A)မှာ ပြင်သစ်နဲ့ဂျာမနီတို့က (၁)မှတ်စီ ရထားပြီး နယ်သာလန်အသင်းကတော့ ပြင်သစ်နဲ့ပွဲမှ ပွဲဦးထွက်ကစားမှာဖြစ်ပါတယ်။

REF:BBC
Photo:Premier League,Twitter
Naing Linn(Akhayar)
www.akhayar.com