[Zawgyi]

အလန္းစားပုံစံနဲ႔ ပယ္နယ္တီ ကန္သြင္းခဲ့တဲ့ ႐ူဘင္ကာဇန္ လူငယ္ကစားသမား Norik Avdalyan

႐ုရွားကလပ္ ႐ူဘင္ကာဇန္လူငယ္အသင္းကစားသမား Norik Avdalyan ရဲ႕ ပယ္နယ္တီကန္ခ်က္ကုိ ျမင္ရင္ ပရိသတ္ႀကီး ေၾကြဆင္းသြားေလာက္တယ္။ ပယ္နယ္တီဆုိရင္ တျခားကစားသမားေတြက သာမန္အတိုင္း ကန္သြင္းၾကေပမယ့္ Norik Avdalyan ကေတာ့ တျခားသူေတြနဲ႔မတူေအာင္ ေပါက္ေပါက္ရွာရွာ Style နဲ႔ ကန္ခဲ့တာျဖစ္ပါတယ္။ သူကန္တဲ့ပုံကုိလည္း ၾကည့္ဦးေလ။ ေဘာလုံးေရွ႕ကုိ ခပ္တည္တည္နဲ႔ ေလွ်ာက္လာၿပီးမွ ေနာက္ျပန္ကၽြမ္းထုိးၿပီး ကန္ခဲ့တာပါပဲ။ ၿပိဳင္ဘက္ဂုိးသမားလည္း ေၾကာင္သြားတယ္နဲ႔တူပါတယ္။ လႈပ္ေတာင္ မလႈပ္ႏုိင္ခဲ့ဘူး။

Advalyan-22-equalised-for-his-club-with-a-breathtaking-spot-kick-in-Russia

Advalyan-22-equalised-for-his-club-with-a-breathtaking-spot-kick-in-Russia

အသက္(၂၂)ႏွစ္သာ ရွိေသးတဲ့ Norik Avdalyan ဟာ ဒီေႏြရာသီမွာ ႐ူဘင္ကာဇန္အသငး္ကုိ ေရာက္ရွိခဲ့သူျဖစ္ၿပီး အခုဆုိရင္ သူ႔ရဲ႕ ပယ္နယ္တီကန္ခ်က္က လူမႈကြန္ရက္ေတြမွာ ေတာ္ေတာ္ေလးကုိ လူၾကည့္မ်ား ေရပန္းစားေနတယ္။ User တစ္ဦးကဆုိရင္ ”မာရက္ဇ္ Mahrez ဟာ ဒီပယ္နယ္တီဂုိးကုိ ၾကည့္ၿပီး သင္ယူသင့္တယ္”လုိ႔ ေလွာင္ေျပာင္ေရးသားခဲ့တယ္။ ဒီဂုိး၀င္သြင္းလုိ႔သာ Norik Avdalyan က ခ်ီးက်ဴးခံေနရတာ တကယ္လု႔ိ လဲြသြားခဲ့ရင္ ေကာင္းေကာင္းအဆဲခံရမယ့္ အေနအထားပါပဲ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အဲဒီမတိုင္ခင္ ႐ူဘင္ကာဇန္ယူ-၂၁အသင္းက (၁-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ေနတာျဖစ္ၿပီး ဒီဂုိးေၾကာင့္ (၁)ဂုိးစီ သေရက်ခဲ့တာျဖစ္ပါတယ္။

Theyab-Awana

Theyab-Awana

၂၀၁၁ ခုႏွစ္တုန္းက ယူေအအီးလက္ေရြးစင္ ကစားသမား Theyab Awana ဟာ လက္ဘႏြန္နဲ႔ ကစားခဲ့တဲ့ ေျခစမ္းပဲြမွာ ပယ္နယ္တီကုိ ေနာက္ျပန္လွည့္ၿပီး ေျခဖေနာင့္နဲ႔ ကန္ခဲ့လုိ႔ ေတာ္ေတာ္ေလး ေ၀ဖန္ခံခဲ့ရဖူးၿပီး အခု Norik Avdalyan ကံေကာင္းေထာက္မစြာနဲ႔ အဆဲမခံခဲ့ရတာပါ။

Norik Avdalyan ရဲ႕ အလန္းစားပယ္နယ္တီကန္ခ်က္ကုိ ၾကည့္ရန္ လင့္ခ္

REF:The Sun
Photo:fcbanants.am,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အလန်းစားပုံစံနဲ့ ပယ်နယ်တီ ကန်သွင်းခဲ့တဲ့ ရူဘင်ကာဇန် လူငယ်ကစားသမား Norik Avdalyan

ရုရှားကလပ် ရူဘင်ကာဇန်လူငယ်အသင်းကစားသမား Norik Avdalyan ရဲ့ ပယ်နယ်တီကန်ချက်ကို မြင်ရင် ပရိသတ်ကြီး ကြွေဆင်းသွားလောက်တယ်။ ပယ်နယ်တီဆိုရင် တခြားကစားသမားတွေက သာမန်အတိုင်း ကန်သွင်းကြပေမယ့် Norik Avdalyan ကတော့ တခြားသူတွေနဲ့မတူအောင် ပေါက်ပေါက်ရှာရှာ Style နဲ့ ကန်ခဲ့တာဖြစ်ပါတယ်။ သူကန်တဲ့ပုံကိုလည်း ကြည့်ဦးလေ။ ဘောလုံးရှေ့ကို ခပ်တည်တည်နဲ့ လျှောက်လာပြီးမှ နောက်ပြန်ကျွမ်းထိုးပြီး ကန်ခဲ့တာပါပဲ။ ပြိုင်ဘက်ဂိုးသမားလည်း ကြောင်သွားတယ်နဲ့တူပါတယ်။ လှုပ်တောင် မလှုပ်နိုင်ခဲ့ဘူး။

Advalyan-22-equalised-for-his-club-with-a-breathtaking-spot-kick-in-Russia

Advalyan-22-equalised-for-his-club-with-a-breathtaking-spot-kick-in-Russia

အသက်(၂၂)နှစ်သာ ရှိသေးတဲ့ Norik Avdalyan ဟာ ဒီနွေရာသီမှာ ရူဘင်ကာဇန်အသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး အခုဆိုရင် သူ့ရဲ့ ပယ်နယ်တီကန်ချက်က လူမှုကွန်ရက်တွေမှာ တော်တော်လေးကို လူကြည့်များ ရေပန်းစားနေတယ်။ User တစ်ဦးကဆိုရင် ”မာရက်ဇ် Mahrez ဟာ ဒီပယ်နယ်တီဂိုးကို ကြည့်ပြီး သင်ယူသင့်တယ်”လို့ လှောင်ပြောင်ရေးသားခဲ့တယ်။ ဒီဂိုးဝင်သွင်းလို့သာ Norik Avdalyan က ချီးကျူးခံနေရတာ တကယ်လု့ိ လွဲသွားခဲ့ရင် ကောင်းကောင်းအဆဲခံရမယ့် အနေအထားပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမတိုင်ခင် ရူဘင်ကာဇန်ယူ-၂၁အသင်းက (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်နေတာဖြစ်ပြီး ဒီဂိုးကြောင့် (၁)ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။

Theyab-Awana

Theyab-Awana

၂၀၁၁ ခုနှစ်တုန်းက ယူအေအီးလက်ရွေးစင် ကစားသမား Theyab Awana ဟာ လက်ဘနွန်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပယ်နယ်တီကို နောက်ပြန်လှည့်ပြီး ခြေဖနောင့်နဲ့ ကန်ခဲ့လို့ တော်တော်လေး ဝေဖန်ခံခဲ့ရဖူးပြီး အခု Norik Avdalyan ကံကောင်းထောက်မစွာနဲ့ အဆဲမခံခဲ့ရတာပါ။

Norik Avdalyan ရဲ့ အလန်းစားပယ်နယ်တီကန်ချက်ကို ကြည့်ရန် လင့်ခ်

REF:The Sun
Photo:fcbanants.am,Twitter
Naing Linn(Akhayar)
www.akhayar.com