[Zawgyi]

ျပစ္မႈစြဲခ်က္မ်ားစြာနဲ႔ ဗီလာရီးယဲလ္ေနာက္ခံလူ ႐ူဘင္ဆီမီဒို Ruben Semedo ေထာင္နန္းစံရမွာလား

ဗီလာရီးယဲလ္ေနာက္ခံလူ ႐ူဘင္ဆီမီဒုိ Ruben Semedo ကို စပိန္တရား႐ံုးကဓားျပမႈ၊ တုိက္ခိုက္မႈ၊ တရားမ၀င္လက္နက္ကိုင္ေဆာင္မႈေတြစြဲခ်က္ေတြနဲ႔ ဖမ္းဆီးထိန္းသိမ္းလုိက္ပါတယ္။ ႐ူဘင္ဆီမီဒုိိကို အဂၤါေန႔မွာ စပိန္ရဲတပ္ဖြဲ႕ကဖမ္းဆီးခဲ့ၿပီး ၾကာသပေတးေန႔မွာ ပထမဆံုး႐ံုးထုတ္ခဲ့တာပါပဲ။႐ူဘင္ဆီမီဒိုဟာ အေပါင္းအပါႏွစ္ဦးနဲ႔အတူ တုိက္ခန္းတစ္ခုမွာ ဓားျပတုိက္ဖို႔ ႀကိဳးစားခဲ့ၿပီး ကုိယ္ထိလက္ေရာက္ျပဳမူခဲ့သလုိ၊ အသက္အႏၱရာယ္ၿခိမ္းေျခာက္တာေတြလည္း လုပ္ခဲ့တယ္လို႔ စပိန္အာဏာပုိင္ေတြက ဆုိခဲ့ပါတယ္။ ဒါေပမဲ့ ႐ူဘင္ဆီမီဒိုရဲ႕ ေအးဂ်င့္ျဖစ္သူက သူ႕ကစားသမားဟာ ျပစ္မႈတစ္စံုတရာက်ဴးလြန္ခဲ့ျခင္းမရွိဘူးလို႔ ျငင္းဆန္ထားပါတယ္။

႐ူဘင္ဆီမီဒုိဟာ လက္ရွိေဘာလံုးရာသီမွာ စပို႔တင္းလစၥဘြန္းအသင္းကေန ဗီလာရီးယဲလ္ကို ေျပာင္းေရႊ႕လာခဲ့ၿပီး အသင္းအတြက္ငါးပြဲသာကစားခြင့္ရထားပါတယ္။ ႐ူဘင္ဆီမီဒိုရဲ႕ ေအးဂ်င့္က ျငင္းဆန္ခဲ့ေပမယ့္ ဗီလာရီးယဲလ္အသင္းက စံုစမ္းစစ္ေဆးမႈေတြျပဳလုပ္သြားၿပီး ကစားသမားျဖစ္သူကိုအေရးယူသြားမယ္လို႔ ေၾကညာခဲ့တယ္။ ၿပီးခဲ့တဲ့ၾကာသပေတးေန႔မွာ လက္ထိပ္ခတ္ခံထားရၿပီး တရား႐ံုးထဲကထြက္လာတဲ့ ႐ူဘင္ဆီမီဒိုကို ျမင္ရတာေတာ့ စိတ္မသက္မသာျဖစ္ေနၿပီး အျပစ္ရွိသူတစ္ဦးလုိပဲလို႔ စပိန္မီဒီယာေတြ ထင္ေၾကးေပးခဲ့ပါတယ္။

ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရဖူးသည့္ နာမည္ေက်ာ္ကစားသမားအခ်ဳိ႕

တိုနီအဒမ္စ္ Tony Adams(အာဆင္နယ္)- အရက္မူးေကာင္းေမာင္းမႈ၊ ေထာင္ဒဏ္ေလးလခ်မွတ္ခံရ

ဘာတန္Barton(နယူးကာဆယ္၊မန္စီးတီး)ရန္ျဖစ္မႈျဖင့္ ေထာင္ဒဏ္ေလးလနဲ႔ ေျခာက္လက်ခံခဲ့ရ

ကန္တိုနာ Cantona (မန္ခ်က္စတာယူႏုိက္တက္) – ေထာင္ဒဏ္ႏွစ္ပတ္ခ်ခံရေသာ္လည္း လူမႈေရးအက်ဳိးျပဳလုပ္ငန္းမ်ား နာရီ (၁၂၀)လုပ္ေဆာင္ရန္ေျပာင္းလဲသတ္မွတ္ေပးခဲ့

ခ်က္ဒ္အီဗန္စ္ Chad Evans (ရွက္ဖီးလ္ယူႏုိက္တက္) -လိင္အၾကမ္းဖက္မႈျဖင့္ ေထာင္ဒဏ္ငါးႏွစ္ခ်မွတ္ခံရေသာ္လည္း ေနာက္ပိုင္းတြင္ ျပန္လည္စစ္ေဆးၿပီး အျပစ္မရွိေၾကာင္း သတ္မွတ္ခံရ

ဘ႐ူႏုိ Bruno (ဖလာမင္ဂို) – ဇနီးျဖစ္သူကို သတ္ခဲ့ၿပီး အေလာင္းေဖ်ာက္မႈျဖင့္ ေထာင္ဒဏ္ (၂၂)ႏွစ္ခ်မွတ္ခံရ၊ ေနာက္ပိုင္းတြင္ေလ်ာ့ေပါ့ေပးခဲ့ၿပီး ေဖေဖာ္၀ါရီ ၂၀၁၇မွာ လြတ္ေျမာက္လာ

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပြစ်မှုစွဲချက်များစွာနဲ့ ဗီလာရီးယဲလ်နောက်ခံလူ ရူဘင်ဆီမီဒို Ruben Semedo ထောင်နန်းစံရမှာလား

ဗီလာရီးယဲလ်နောက်ခံလူ ရူဘင်ဆီမီဒို Ruben Semedo ကို စပိန်တရားရုံးကဓားပြမှု၊ တိုက်ခိုက်မှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုတွေစွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ရူဘင်ဆီမီဒိိုကို အင်္ဂါနေ့မှာ စပိန်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ကြာသပတေးနေ့မှာ ပထမဆုံးရုံးထုတ်ခဲ့တာပါပဲ။ရူဘင်ဆီမီဒိုဟာ အပေါင်းအပါနှစ်ဦးနဲ့အတူ တိုက်ခန်းတစ်ခုမှာ ဓားပြတိုက်ဖို့ ကြိုးစားခဲ့ပြီး ကိုယ်ထိလက်ရောက်ပြုမူခဲ့သလို၊ အသက်အန္တရာယ်ခြိမ်းခြောက်တာတွေလည်း လုပ်ခဲ့တယ်လို့ စပိန်အာဏာပိုင်တွေက ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ရူဘင်ဆီမီဒိုရဲ့ အေးဂျင့်ဖြစ်သူက သူ့ကစားသမားဟာ ပြစ်မှုတစ်စုံတရာကျူးလွန်ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆန်ထားပါတယ်။

ရူဘင်ဆီမီဒိုဟာ လက်ရှိဘောလုံးရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ဗီလာရီးယဲလ်ကို ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက်ငါးပွဲသာကစားခွင့်ရထားပါတယ်။ ရူဘင်ဆီမီဒိုရဲ့ အေးဂျင့်က ငြင်းဆန်ခဲ့ပေမယ့် ဗီလာရီးယဲလ်အသင်းက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားပြီး ကစားသမားဖြစ်သူကိုအရေးယူသွားမယ်လို့ ကြေညာခဲ့တယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ လက်ထိပ်ခတ်ခံထားရပြီး တရားရုံးထဲကထွက်လာတဲ့ ရူဘင်ဆီမီဒိုကို မြင်ရတာတော့ စိတ်မသက်မသာဖြစ်နေပြီး အပြစ်ရှိသူတစ်ဦးလိုပဲလို့ စပိန်မီဒီယာတွေ ထင်ကြေးပေးခဲ့ပါတယ်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရဖူးသည့် နာမည်ကျော်ကစားသမားအချို့

တိုနီအဒမ်စ် Tony Adams(အာဆင်နယ်)- အရက်မူးကောင်းမောင်းမှု၊ ထောင်ဒဏ်လေးလချမှတ်ခံရ

ဘာတန်Barton(နယူးကာဆယ်၊မန်စီးတီး)ရန်ဖြစ်မှုဖြင့် ထောင်ဒဏ်လေးလနဲ့ ခြောက်လကျခံခဲ့ရ

ကန်တိုနာ Cantona (မန်ချက်စတာယူနိုက်တက်) – ထောင်ဒဏ်နှစ်ပတ်ချခံရသော်လည်း လူမှုရေးအကျိုးပြုလုပ်ငန်းများ နာရီ (၁၂၀)လုပ်ဆောင်ရန်ပြောင်းလဲသတ်မှတ်ပေးခဲ့

ချက်ဒ်အီဗန်စ် Chad Evans (ရှက်ဖီးလ်ယူနိုက်တက်) -လိင်အကြမ်းဖက်မှုဖြင့် ထောင်ဒဏ်ငါးနှစ်ချမှတ်ခံရသော်လည်း နောက်ပိုင်းတွင် ပြန်လည်စစ်ဆေးပြီး အပြစ်မရှိကြောင်း သတ်မှတ်ခံရ

ဘရူနို Bruno (ဖလာမင်ဂို) – ဇနီးဖြစ်သူကို သတ်ခဲ့ပြီး အလောင်းဖျောက်မှုဖြင့် ထောင်ဒဏ် (၂၂)နှစ်ချမှတ်ခံရ၊ နောက်ပိုင်းတွင်လျော့ပေါ့ပေးခဲ့ပြီး ဖေဖော်ဝါရီ ၂၀၁၇မှာ လွတ်မြောက်လာ

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။