[Zawgyi]

Royole က 7.8″ အရြယ္အစားရွိ ပထမဦးဆုံး Foldable Smartphone ကို ေၾကညာလိုက္ျပီ

အေမရိကန္ႏိုင္ငံ ကယ္လဖိုးနီးယားအေျခစိုက္ နည္းပညာကုမၸဏီျဖစ္တဲ့ Royole က ကမာၻ႔ပထမဆုံး Foldable Smartphone ကို ေၾကညာလိုက္ပါျပီ။ Royole အေၾကာင္း လူသိနည္းေသးတယ္ဆိုေပမယ့္ ဖုန္း Specification နဲ႔ အသြင္အျပင္က အထင္ၾကီးစရာပါ။

With Foldable AMOLED DIsplay

7.8″ အရြယ္စားရွိတဲ့ AMOLED Screen ကို ထက္ဝက္ေခါက္ခ်ိဳးထားႏိုင္မယ္၊ ျဖန္႔လိုက္တဲ့ အေနထားဆိုရင္ေတာ့ 1920×1440 Resolution နဲ႔အလုပ္လုပ္မယ္လို႔ သိရပါတယ္။ ဒီလိုေခါက္ခ်ိဳးအသုံးျပဳႏိုင္ဖို႔အတြက္ Foldable Hinge က အၾကိမ္ေရ ၂ သိန္းထက္မနည္း ေကြးညြတ္ခံႏိုင္မယ္၊ Weight အေနနဲ႔ 320g အထိ အေလးခ်ိန္ရွိမယ္ဆိုထားလို႔ တျခား Smartphone ေတြထက္ သိသိသာသာပိုေလးေနမွာပါ။

Specification အေနနဲ႔ 8-series Snapdragon SoC အသုံးျပဳထားဖြယ္ရွိျပီး SD 855 ဒါမွမဟုတ္ 8150 ျဖစ္ႏိုင္ပါတယ္၊ GPU ကိုလည္း Adreno အမ်ိဳးစား 640 ေမာ္ဒယ္နဲ႔တြဲဖက္ထားႏိုင္ျပီး 6GB RAM ၊ 128GB Storage တို႔ Onboard အေနနဲ႔ပါဝင္လာမွာပါ။

It can be folded up to a pocket size

ကင္မရာပိုင္းမွာဆိုရင္16MP နဲ႔ 20MP ၂ လုံးကို Dual Setup သုံးေပးထားမွာျဖစ္ျပီး 3,800 mAh Battery ပါဝင္လာမယ္ဆိုထားပါတယ္။ OS ပိုင္းမွာ ေနာက္ဆုံးထြက္ Android Pie နဲ႔ေမာင္းႏွင္မွာျဖစ္ျပီး ကိုယ္ပိုင္ Water OS နဲ႔ တြဲဖက္ထားမွာပါ။ ဒီအေျခေနတိုင္းသာဆိုရင္ေတာ့ Samsung ၊ LG တို႔ထက္ Royole က ေျခတစ္လွမ္းပိုသာေနျပီလား?

Rolyole’s Foldable Smartphone “Flexpai”

ဒီကေန႔ ႏိုဝင္ဘာ ၁ ရက္ေန႔မွာ Flexpai Smartphone ကိုတရားဝင္မိတ္ဆက္ထားျပီး လာမယ့္ ဒီဇင္ဘာလထဲ Foldable Phone ကို $1,290 နဲ႔ ေရာင္းခ်သြားေတာ့မွာပါ။ ဒီလိုတိုင္းသာဆိုရင္ ေခါက္ခ်ိဳးဖုန္းထုတ္ဖို႔ ေရေရလည္လည္ျပင္ဆင္ေနတဲ့ Samsung လို ဒိတ္ဒိတ္ၾကဲကုမၸဏီကို ဆြံအသြားေအာင္ Royole လုပ္ပစ္လိုက္ျပီလား? ဘယ္လိုပဲျဖစ္ျဖစ္ Foldable Smartphone ကို ၂၀၁၈ မကုန္ခင္ျမင္ေတြ႔ရဖြယ္ရွိေနျပီး User Experience နဲ႔ပတ္သက္လို႔ ဘယ္လိုေျပာဆိုၾကဦးမလဲဆိုတာကိုေတာ့ နားစြင့္ထားရဦးမွာပါ။

2B (Akhayar)
www.akhayar.com

[Unicode]

Royole က 7.8″ အရွယ်အစားရှိ ပထမဦးဆုံး Foldable Smartphone ကို ကြေညာလိုက်ပြီ

အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယားအခြေစိုက် နည်းပညာကုမ္ပဏီဖြစ်တဲ့ Royole က ကမ္ဘာ့ပထမဆုံး Foldable Smartphone ကို ကြေညာလိုက်ပါပြီ။ Royole အကြောင်း လူသိနည်းသေးတယ်ဆိုပေမယ့် ဖုန်း Specification နဲ့ အသွင်အပြင်က အထင်ကြီးစရာပါ။

With Foldable AMOLED DIsplay

7.8″ အရွယ်စားရှိတဲ့ AMOLED Screen ကို ထက်ဝက်ခေါက်ချိုးထားနိုင်မယ်၊ ဖြန့်လိုက်တဲ့ အနေထားဆိုရင်တော့ 1920×1440 Resolution နဲ့အလုပ်လုပ်မယ်လို့ သိရပါတယ်။ ဒီလိုခေါက်ချိုးအသုံးပြုနိုင်ဖို့အတွက် Foldable Hinge က အကြိမ်ရေ ၂ သိန်းထက်မနည်း ကွေးညွတ်ခံနိုင်မယ်၊ Weight အနေနဲ့ 320g အထိ အလေးချိန်ရှိမယ်ဆိုထားလို့ တခြား Smartphone တွေထက် သိသိသာသာပိုလေးနေမှာပါ။

Specification အနေနဲ့ 8-series Snapdragon SoC အသုံးပြုထားဖွယ်ရှိပြီး SD 855 ဒါမှမဟုတ် 8150 ဖြစ်နိုင်ပါတယ်၊ GPU ကိုလည်း Adreno အမျိုးစား 640 မော်ဒယ်နဲ့တွဲဖက်ထားနိုင်ပြီး 6GB RAM ၊ 128GB Storage တို့ Onboard အနေနဲ့ပါဝင်လာမှာပါ။

It can be folded up to a pocket size

ကင်မရာပိုင်းမှာဆိုရင်16MP နဲ့ 20MP ၂ လုံးကို Dual Setup သုံးပေးထားမှာဖြစ်ပြီး 3,800 mAh Battery ပါဝင်လာမယ်ဆိုထားပါတယ်။ OS ပိုင်းမှာ နောက်ဆုံးထွက် Android Pie နဲ့မောင်းနှင်မှာဖြစ်ပြီး ကိုယ်ပိုင် Water OS နဲ့ တွဲဖက်ထားမှာပါ။ ဒီအခြေနေတိုင်းသာဆိုရင်တော့ Samsung ၊ LG တို့ထက် Royole က ခြေတစ်လှမ်းပိုသာနေပြီလား?

Rolyole’s Foldable Smartphone “Flexpai”

ဒီကနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာ Flexpai Smartphone ကိုတရားဝင်မိတ်ဆက်ထားပြီး လာမယ့် ဒီဇင်ဘာလထဲ Foldable Phone ကို $1,290 နဲ့ ရောင်းချသွားတော့မှာပါ။ ဒီလိုတိုင်းသာဆိုရင် ခေါက်ချိုးဖုန်းထုတ်ဖို့ ရေရေလည်လည်ပြင်ဆင်နေတဲ့ Samsung လို ဒိတ်ဒိတ်ကြဲကုမ္ပဏီကို ဆွံအသွားအောင် Royole လုပ်ပစ်လိုက်ပြီလား? ဘယ်လိုပဲဖြစ်ဖြစ် Foldable Smartphone ကို ၂၀၁၈ မကုန်ခင်မြင်တွေ့ရဖွယ်ရှိနေပြီး User Experience နဲ့ပတ်သက်လို့ ဘယ်လိုပြောဆိုကြဦးမလဲဆိုတာကိုတော့ နားစွင့်ထားရဦးမှာပါ။

2B (Akhayar)
www.akhayar.com