[Zawgyi]

ဘုရင္မႀကီး Elizabeth II  ေနာက္မွာ ေတာ္ဝင္ထီးနန္းကုိ ဘယ္သူေတြဆက္ခံရမလဲ

Elizabeth II ဟာ ျဗိတိသ်ွအင္ပါယာရဲ႕ ဘုရင္မႀကီးျဖစ္ရုံမက ဓနသဟာရႏုိင္ငံေတြရဲ႕ အဓိပတိျဖစ္ပါတယ္။ သူမဟာ King George V ၊ King Edward VIII နဲ႔ King George VI (Elizabeth II ရဲ႕ဖခင္) တုိ႔ကေန ထီးနန္းအေမြကုိ ဆက္ခံခဲ့တာပါ။ ေတာ္ဝင္ထီးနန္းကုိ အစျပဳခဲ့တဲ့ King George V ဟာ ၁၉၁ဝခုႏွစ္ ေမလ (၆) ရက္ေန႔မွာ နန္းတက္တယ္၊ ၁၉၃၆ခုႏွစ္ ဇန္နဝါရီလ (၂ဝ) ခုႏွစ္မွာ ကြယ္လြန္တယ္။ သူကြယ္လြန္ေတာ့ သားေတာ္ King Edward VIII က နန္းတက္တယ္၊ ၿပီးေတာ့ King George VI အဆင့္ဆင့္ေပါ့။

၁၉၃၆ခုႏွစ္ ဒီဇင္ဘာလ (၁၁) ရက္ေန႔မွာ နန္းတက္တဲ့ King George VI မွာ Elizabeth II နဲ႔ Margaret ဆုိၿပီး သမီးေတာ္ႏွစ္ပါးရွိပါတယ္။ ေနာက္ပုိင္းကာလေတြမွာ က်န္းမာေရးမေကာင္းေလေတာ့ သမီးႀကီး Elizabeth II ကုိပဲ ၁၉၅၂ခုႏွစ္ ေဖေဖာ္ဝါရီလ (၆) ရက္ေန႔မွာ ထီးနန္းလႊဲေပးခဲ့ပါတယ္။

ေတာ္ဝင္ထီးနန္းကုိ အႀကီးဆုံးသားသမီးေတြနဲ႔ သူတုိ႔ရဲ႕မ်ိဳးဆက္ေတြသာ ဆက္ခံတဲ့ဓေလ့ရွိပါတယ္။ ဒါေပမယ့္ ၂ဝ၁၁ခုႏွစ္မတုိင္ခင္မွာ ေမြးဖြားတဲ့ မင္းသားေတြဟာ သူ႕ထက္အႀကီးမင္းသမီးေတြကုိ ေက်ာ္ၿပီး ထီးနန္းဆက္ခံခြင့္ရွိပါတယ္။ (ဖုိဝါဒႀကီးစုိးတဲ့သေဘာပါပဲ။) ဆုိလုိတဲ့သေဘာက Elizabeth II ဟာ King George VI ရဲ႕အႀကီးဆုံးသမီးျဖစ္ေနပါေစဦး အမ်ိဳးသမီးျဖစ္ေနတဲ့အတြက္ အငယ္မင္းသားရွိေနမယ္ဆုိရင္ သူမမွာ ဘုရင္မျဖစ္ခြင့္မရွိပါဘူး။

(မင္းသမီးႏွစ္ပါးသာရွိတဲ့အတြက္ အႀကီးမင္းသမီးက ဘုရင္မျဖစ္သြားတာပါ။) Elizabeth II ဟာ လက္ရွိအခ်ိန္မွာေတာ့ နန္းသက္ (၆၆) ႏွစ္ရွိလာၿပီး ကမၻာ့နန္းသက္အရွည္ဆုံးဘုရင္မႀကီးျဖစ္လာခဲ့ပါတယ္။ သက္ေတာ္ (၉၂) ႏွစ္ရွိၿပီျဖစ္တာေၾကာင့္ သူမ နတ္ရြာစံသြားရင္ပဲျဖစ္ျဖစ္ ဒါမွမဟုတ္ က်န္းမာေရးအေျခအေနေၾကာင့္ အနားယူသြားရင္ပဲျဖစ္ျဖစ္ သူမရဲ႕ထီးနန္းကုိ ဘယ္သူကဆက္ခံမလဲဆုိတာ အေသးစိတ္ၾကည့္ရေအာင္။

မင္းသားႀကီး Philip Mountbatten နဲ႔ ၁၉၄၇ခုႏွစ္မွာ လက္ထပ္ခဲ့တဲ့ ဘုရင္မႀကီး Elizabeth II ဟာ သားသမီး (၄) ဦး ဖြားျမင္ခဲ့ပါတယ္။ သူတုိ႔ေတြကေတာ့ Prince Charles (၁၉၄၈ခုႏွစ္မွာ ေမြး) ၊ Princess Anne (၁၉၅ဝခုႏွစ္မွာ ေမြး) ၊ Prince Andrew (၁၉၆ဝခုႏွစ္မွာ ေမြး) နဲ႔ Prince Edward (၁၉၆၄ခုႏွစ္မွာ ေမြး) တုိ႔ျဖစ္ၾကပါတယ္။ အႀကီးဆုံးသား၊ သမီးေတြကသာ ထီးနန္းဆက္ခံရတာမုိ႔ ဘုရင္မႀကီးရဲ႕ေခတ္လြန္မွာ ဘုရင္ျဖစ္လာမယ့္ပုဂၢိဳလ္က Prince Charles ပါပဲ။

(၁) Prince Charles (Prince of Whales)

Prince Charles ဟာ ၁၉၈၁ခုႏွစ္မွာ Lady Diana နဲ႔ လက္ထပ္တယ္၊ ၁၉၉၆ခုႏွစ္မွာ ကြာရွင္းခဲ့တယ္။ ၿပီးေတာ့ ၂ဝဝ၅ခုႏွစ္မွာ Camilla နဲ႔ လက္ထပ္ခဲ့ျပန္တယ္။ Camilla နဲ႔ လက္ထပ္ရာမွာ သားသမီးမထြန္းကားေပမယ့္ ပထမအိမ္ေထာင္မွာ Prince William (၁၉၈၂ခုႏွစ္မွာ ေမြး) နဲ႔ Prince Harry (၁၉၈၄ခုႏွစ္မွာ ေမြး) ဆုိၿပီး သားေတာ္ႏွစ္ပါးထြန္းကားခဲ့ပါတယ္။

ေတာ္ဝင္ထီးနန္းကုိ အႀကီးဆုံး သားသမီးေတြနဲ႔ သူတုိ႔ရဲ႕မ်ိဳးဆက္ေတြသာ ဆက္ခံတဲ့ဓေလ့ရွိတယ္လုိ႔ အထက္မွာေဖာ္ျပခဲ့တဲ့အတုိင္း တကယ္လုိ႔ Prince Charles နတ္ရြာစံသြားရင္ ေနာက္ဘုရင္က Prince William ပဲျဖစ္ပါတယ္။ Prince Charles ဟာ (၆၉) ႏွစ္ရွိၿပီျဖစ္တာေၾကာင့္ တကယ္လုိ႔ ဘုရင္ျဖစ္လာရင္ေတာင္ ခႏၶာေဗဒသေဘာအရ နန္းသက္ၾကာျမင့္မွာ မဟုတ္ပါဘူး။

(၂) Prince William

နီးစပ္သူတခ်ိဳ႕က ဘုရင္မႀကီး Elizabeth II နတ္ရြာစံၿပီးတဲ့ေနာက္မွာ အုိမင္းလာတဲ့ Prince Charles နန္းမတက္ေတာ့ဘဲ Prince William ပဲ တုိက္ရုိက္နန္းတက္လာမယ္လုိ႔ ဆုိၾကပါေသးတယ္။ ဟုတ္ပါၿပီ။ ဘုရင္မႀကီးၿပီးရင္ Prince Charles ။ သူၿပီးရင္ Prince William ေပါ့။ William ၿပီးရင္ ဘယ္သူနန္းတက္မယ္ထင္လဲ။ Prince Harry လား၊ မဟုတ္ပါဘူး။ Prince William နဲ႔ Kate Middleton တုိ႔က ထြန္းကားလာတဲ့ Prince George (၂ဝ၁၃ခုႏွစ္မွာ ေမြး) ၊ Princess Charlotte (၂ဝ၁၅ခုႏွစ္မွာ ေမြး) နဲ႔ Prince Louis (၂ဝ၁၈ခုႏွစ္မွာ ေမြး) တုိ႔ကပဲ ထီးနန္းအေမြကုိ ဆက္ခံရမွာပါ။

(၃) Prince George

ေတာ္ဝင္ထီးနန္းဟာ သားႀကီးသမီးႀကီးေတြကုိပဲ စံစားၾကရတာဆုိေတာ့ Prince William နတ္ရြာစံသြားရင္ေတာင္ နန္းတက္မယ့္သူက Prince George ပါပဲ။ လက္ရွိအခ်ိန္မွာ (၄) ႏွစ္ေက်ာ္သာရွိေသးေပမယ့္ ဖခင္နတ္ရြာစံၿပီးေနာက္ပုိင္းမွာ နန္းတက္လာမယ့္ မင္းေလာင္းေလးပါပဲ။

(၄) Princess Charlotte

Prince William နဲ႔ Kate Middleton တုိ႔ရဲ႕ ဒုတိယေျမာက္ရတနာ Princess Charlotte ဟာ လက္ရွိအခ်ိန္မွာ (၃) ႏွစ္သာ ရွိပါေသးတယ္။ ကေလးသဘာဝ ဘာမွမသိေသးဘူးဆုိေပမယ့္ အခ်ိန္တန္ရင္ ဘုရင္မျဖစ္လာမယ့္သူပါ။ တကယ္လုိ႔ အကုိေတာ္ Prince George ရဲ႕ေနာက္မွာ ထီးနန္းဆက္ခံရမယ္ဆုိေပမယ့္ Prince George ဟာ အခ်ိန္တန္အရြယ္ေရာက္လာလုိ႔ သားသမီးေမြးလာရင္ သူ႕ရဲ႕သားသမီးေတြကပဲ ထီးနန္းအရာ ဆက္ခံရမွာပါ။ ေတာ္ဝင္ထီးနန္းဟာ သားႀကီးသမီးႀကီးေတြသာ စံစားရမယ့္ ထုံးစံပါပဲ။ ဒါေပမယ့္ အခုခ်ိန္မွာေတာ့ Princess Charlotte ဟာ နံပါတ္ (၄) ေနရာမွာရွိပါတယ္။

(၅) Prince Louis

အကုိေတာ္ Prince George နဲ႔ အမေတာ္ Princess Charlotte တုိ႔ေနာက္မွာ နန္းတက္ဖုိ႔ လ်ာထားတဲ့သူကေတာ့ Prince Louis ပါပဲ။ ၂ဝ၁၈ခုႏွစ္ ဧၿပီလ (၂၃) ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့အတြက္ (၂) လေတာင္ မျပည့္ေသးပါဘူး။ အရင္တုန္းကေတာ့ အငယ္မင္းသားေတြဟာ အမႀကီးမင္းသမီးေတြကုိ ေက်ာ္လြန္ၿပီး ထီးနန္းအေမြကုိ ဆက္ခံရမယ္လုိ႔ ေဖာ္ျပခဲ့ေပမယ့္ ၂ဝ၁၁ခုႏွစ္မွာ ျပဌာန္းခဲ့တဲ့ 2011 Perth Agreement အရ အမႀကီး Princess Charlotte ကုိ ေက်ာ္လြန္လုိ႔ မရေတာ့ပါဘူး။ (ဒါေပမယ့္ ၂ဝ၁၁ခုႏွစ္အရင္မွာ ေမြးဖြားခဲ့တဲ့ မင္းသား၊ မင္းသမီးေတြအတြက္ေတာ့ ဒီဥပေဒဟာ သက္ေရာက္မႈရွိမွာ မဟုတ္ပါဘူး) ။ ကဲ ဘာပဲျဖစ္ျဖစ္ နီတာရဲေလး Prince Louis ကေတာ့ နံပါတ္ (၅) ေနရာမွာရွိပါတယ္။

(၆) Prince Harry

Prince Harry ဟာ လူသိမ်ားတဲ့ မင္းသားတစ္ပါးလုိ႔သာဆုိေပမယ့္ သူ႕ေရွ႕မွာ ေနာင္ေတာ္ႀကီး Prince William နဲ႔ သူ႕ရဲ႕မ်ိဳးဆက္ေတြ နန္းတက္မွာဆုိေတာ့ သူ႕ရဲ႕ နန္းတက္လ်ာထားမႈက နံပါတ္ (၆) ပါပဲ။ ေနာင္ေတာ္နဲ႔ (၂) ႏွစ္သာ ကြာျခားေပမယ့္ သူ႕ထက္အရင္ တူေတာ္ေမာင္ Prince George ၊ တူမေတာ္ Princess Charlotte နဲ႔ တူေတာ္ေမာင္ Prince Louis တုိ႔က ထီးနန္းဆက္ခံရမွာဆုိေတာ့ ဘုရင္ျဖစ္ဖုိ႔က ေရႊျပည္ေတာ္ေမ်ွာ္တုိင္းေဝးပါပဲ။ ဒီလုိအခ်က္ေတြေၾကာင့္ပဲ ျမန္မာရာဇဝင္မွာ အကုိေတာ္ေနာင္ေတာ္ေတြကုိ သတ္ျဖတ္ၿပီး ထီးနန္းလုၾကတာျဖစ္ပါတယ္။ ကဲ . . . ထားလုိက္ပါေတာ့ Prince Harry ၿပီးရင္ Prince Charles ရဲ႕မ်ိဳးဆက္ကုန္ၿပီဆုိေတာ့ ဘယ္သူက နန္းလ်ာျဖစ္မွာလဲ။

(၇) Prince Andrew

Prince Harry ၿပီးရင္ေတာ့ Prince Charles ရဲ႕ ညီေတာ္ Prince Andrew ပဲ နန္းတက္မွာပါ။ ဘုရင္မႀကီး Elizabeth II ရဲ႕သားေတာ္ဆုိေပမယ့္ Prince Charles ရဲ႕မ်ိဳးဆက္ေတြက ေရွ႕ကရွိေနတာေၾကာင့္ သူ႕ရဲ႕ နန္းလ်ာဆက္ခံမႈက ေနာက္က်သြားတာပါ။Prince Andrew ရဲ႕အထက္မွာ Princess Anne (၁၉၅ဝခုႏွစ္မွာ ေမြး) ရွိတယ္ဆုိေပမယ့္ သူတုိ႔ေတြဟာ ၂ဝ၁၁ခုႏွစ္အရင္မွာ ေမြးဖြားခဲ့တဲ့ မင္းသားမင္းသမီးေတြျဖစ္တာေၾကာင့္ အမေတာ္ Princess Anne ကုိေက်ာ္ၿပီး Prince Andrew ကပဲ နန္းတက္မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Prince Andrew ရဲ႕ နံပါတ္က (၇) ပါ။

(၈) Princess Beatrice

Prince Andrew နတ္ရြာစံသြားမယ္ဆုိရင္ေတာ့ သူ႕ရဲ႕ သမီးႀကီး Princess Beatrice ကပဲ ဘုရင္မျဖစ္လာမွာပါ။ သူမဟာ ၂ဝ၁၁ခုႏွစ္မတုိင္ခင္ ေမြးဖြားလာတဲ့ မင္းသမီးျဖစ္တဲ့အတြက္ အငယ္မင္းသားရွိရင္ ေနရာဖယ္ေပးရမွာျဖစ္ေပမယ့္ သူမမွာ ညီမငယ္ Princess Eugenie သာရွိတဲ့အတြက္ နံပါတ္ (၈) ေနရာမွာ ရပ္တည္တာပါ။

(၉) Princess Eugenie

ၿဗိတိန္ေတာ္ဝင္မင္းဆက္ရဲ႕ နန္းလ်ာစာရင္းမွာ Princess Eugenie က နံပါတ္ (၉) ေနရာမွာပါ။ သူမဟာ Prince Charles ရဲ႕ တူမေတာ္ျဖစ္ၿပီး Prince Andrew ရဲ႕သမီးေထြးျဖစ္ပါတယ္။ (၂၈) ႏွစ္ရွိၿပီျဖစ္ၿပီး အိမ္ေထာင္မျပဳေသးတဲ့ မင္းသမီးတစ္ပါးျဖစ္ပါတယ္။ Hauser & Wirth Art Gallery မွာ Associate Director အေနနဲ႔ တာဝန္ယူေနပါတယ္။

(၁ဝ) Prince Edward

Prince Edward ဟာ ဘုရင္မႀကီး Elizabeth II ရဲ႕သားေထြးျဖစ္ေပမယ့္ သားႀကီး၊ သမီးႀကီးေတြကုိပဲ ထီးနန္းဆက္ခံခြင့္ေပးတဲ့ ေတာ္ဝင္မိသားစုရဲ႕ထုံးစံအတုိင္း ေနာက္က်သြားတာျဖစ္ပါတယ္။

Lady Louise Windsor (၂ဝဝ၃ခုႏွစ္မွာ ေမြး) နဲ႔ James Viscount Severn (၂ဝဝ၇ခုႏွစ္မွာ ေမြး) တဲ့ သားသမီးႏွစ္ေယာက္ရွိပါေသးတယ္။ သူတုိ႔ႏွစ္ေယာက္က ထီးနန္းလ်ာထားစာရင္းမွာ နံပါတ္ (၁၁) နဲ႔ (၁၂) မွာ ရပ္တည္ေနပါတယ္။

အဲဒီေနာက္မွသာ Princess Anne က နံပါတ္ (၁၃) မွာ ရပ္တည္ေနၿပီး သူမရဲ႕မ်ိဳးဆက္ေတြအလုိက္ အစဥ္အဆက္ေရတြက္သြားမယ္ဆုိရင္ နံပါတ္ (၁၉) အထိ ေရာက္ရွိသြားမွာပါ။ Elizabeth II ရဲ႕မ်ိဳးဆက္ေတြ ကုန္ၿပီဆုိမွ သူမရဲ႕ ညီမငယ္ Princess Margaret ရဲ႕မ်ိဳးဆက္ေတြဟာ အစဥ္လုိက္ထီးနန္းဆက္ခံရမွာပါ။ လက္ရွိထီးနန္းလ်ာထားစာရင္းမွာ မင္းမ်ိဳးမင္းႏြယ္ (၅၇) ေယာက္ေတာင္ ရွိတယ္လုိ႔ သိရပါတယ္။ အခုေဖာ္ျပခဲ့တဲ့ ၿဗိတိန္ေတာ္ဝင္ထီးနန္းလ်ာထားခ်က္ေတြကုိ ဗဟုသုတရရွိမယ္လုိ႔ ေမ်ွာ္လင့္မိပါတယ္။ အခ်က္အလက္တစ္စုံတစ္ရာ လြဲမွားခဲ့ရင္ စာေရးသူရဲ႕ ည့ံဖ်င္းမႈသာ ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြ သိရေအာင္လည္း ေဝငွေပးပါဦး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဘုရင်မကြီး Elizabeth II  နောက်မှာ တော်ဝင်ထီးနန်းကို ဘယ်သူတွေဆက်ခံရမလဲ

Elizabeth II ဟာ ဗြိတိသျှအင်ပါယာရဲ့ ဘုရင်မကြီးဖြစ်ရုံမက ဓနသဟာရနိုင်ငံတွေရဲ့ အဓိပတိဖြစ်ပါတယ်။ သူမဟာ King George V ၊ King Edward VIII နဲ့ King George VI (Elizabeth II ရဲ့ဖခင်) တို့ကနေ ထီးနန်းအမွေကို ဆက်ခံခဲ့တာပါ။ တော်ဝင်ထီးနန်းကို အစပြုခဲ့တဲ့ King George V ဟာ ၁၉၁ဝခုနှစ် မေလ (၆) ရက်နေ့မှာ နန်းတက်တယ်၊ ၁၉၃၆ခုနှစ် ဇန်နဝါရီလ (၂ဝ) ခုနှစ်မှာ ကွယ်လွန်တယ်။ သူကွယ်လွန်တော့ သားတော် King Edward VIII က နန်းတက်တယ်၊ ပြီးတော့ King George VI အဆင့်ဆင့်ပေါ့။

၁၉၃၆ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ နန်းတက်တဲ့ King George VI မှာ Elizabeth II နဲ့ Margaret ဆိုပြီး သမီးတော်နှစ်ပါးရှိပါတယ်။ နောက်ပိုင်းကာလတွေမှာ ကျန်းမာရေးမကောင်းလေတော့ သမီးကြီး Elizabeth II ကိုပဲ ၁၉၅၂ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့မှာ ထီးနန်းလွှဲပေးခဲ့ပါတယ်။

တော်ဝင်ထီးနန်းကို အကြီးဆုံးသားသမီးတွေနဲ့ သူတို့ရဲ့မျိုးဆက်တွေသာ ဆက်ခံတဲ့ဓလေ့ရှိပါတယ်။ ဒါပေမယ့် ၂ဝ၁၁ခုနှစ်မတိုင်ခင်မှာ မွေးဖွားတဲ့ မင်းသားတွေဟာ သူ့ထက်အကြီးမင်းသမီးတွေကို ကျော်ပြီး ထီးနန်းဆက်ခံခွင့်ရှိပါတယ်။ (ဖိုဝါဒကြီးစိုးတဲ့သဘောပါပဲ။) ဆိုလိုတဲ့သဘောက Elizabeth II ဟာ King George VI ရဲ့အကြီးဆုံးသမီးဖြစ်နေပါစေဦး အမျိုးသမီးဖြစ်နေတဲ့အတွက် အငယ်မင်းသားရှိနေမယ်ဆိုရင် သူမမှာ ဘုရင်မဖြစ်ခွင့်မရှိပါဘူး။

(မင်းသမီးနှစ်ပါးသာရှိတဲ့အတွက် အကြီးမင်းသမီးက ဘုရင်မဖြစ်သွားတာပါ။) Elizabeth II ဟာ လက်ရှိအချိန်မှာတော့ နန်းသက် (၆၆) နှစ်ရှိလာပြီး ကမ္ဘာ့နန်းသက်အရှည်ဆုံးဘုရင်မကြီးဖြစ်လာခဲ့ပါတယ်။ သက်တော် (၉၂) နှစ်ရှိပြီဖြစ်တာကြောင့် သူမ နတ်ရွာစံသွားရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကျန်းမာရေးအခြေအနေကြောင့် အနားယူသွားရင်ပဲဖြစ်ဖြစ် သူမရဲ့ထီးနန်းကို ဘယ်သူကဆက်ခံမလဲဆိုတာ အသေးစိတ်ကြည့်ရအောင်။

မင်းသားကြီး Philip Mountbatten နဲ့ ၁၉၄၇ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ ဘုရင်မကြီး Elizabeth II ဟာ သားသမီး (၄) ဦး ဖွားမြင်ခဲ့ပါတယ်။ သူတို့တွေကတော့ Prince Charles (၁၉၄၈ခုနှစ်မှာ မွေး) ၊ Princess Anne (၁၉၅ဝခုနှစ်မှာ မွေး) ၊ Prince Andrew (၁၉၆ဝခုနှစ်မှာ မွေး) နဲ့ Prince Edward (၁၉၆၄ခုနှစ်မှာ မွေး) တို့ဖြစ်ကြပါတယ်။ အကြီးဆုံးသား၊ သမီးတွေကသာ ထီးနန်းဆက်ခံရတာမို့ ဘုရင်မကြီးရဲ့ခေတ်လွန်မှာ ဘုရင်ဖြစ်လာမယ့်ပုဂ္ဂိုလ်က Prince Charles ပါပဲ။

(၁) Prince Charles (Prince of Whales)

Prince Charles ဟာ ၁၉၈၁ခုနှစ်မှာ Lady Diana နဲ့ လက်ထပ်တယ်၊ ၁၉၉၆ခုနှစ်မှာ ကွာရှင်းခဲ့တယ်။ ပြီးတော့ ၂ဝဝ၅ခုနှစ်မှာ Camilla နဲ့ လက်ထပ်ခဲ့ပြန်တယ်။ Camilla နဲ့ လက်ထပ်ရာမှာ သားသမီးမထွန်းကားပေမယ့် ပထမအိမ်ထောင်မှာ Prince William (၁၉၈၂ခုနှစ်မှာ မွေး) နဲ့ Prince Harry (၁၉၈၄ခုနှစ်မှာ မွေး) ဆိုပြီး သားတော်နှစ်ပါးထွန်းကားခဲ့ပါတယ်။

တော်ဝင်ထီးနန်းကို အကြီးဆုံး သားသမီးတွေနဲ့ သူတို့ရဲ့မျိုးဆက်တွေသာ ဆက်ခံတဲ့ဓလေ့ရှိတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း တကယ်လို့ Prince Charles နတ်ရွာစံသွားရင် နောက်ဘုရင်က Prince William ပဲဖြစ်ပါတယ်။ Prince Charles ဟာ (၆၉) နှစ်ရှိပြီဖြစ်တာကြောင့် တကယ်လို့ ဘုရင်ဖြစ်လာရင်တောင် ခန္ဓာဗေဒသဘောအရ နန်းသက်ကြာမြင့်မှာ မဟုတ်ပါဘူး။

(၂) Prince William

နီးစပ်သူတချို့က ဘုရင်မကြီး Elizabeth II နတ်ရွာစံပြီးတဲ့နောက်မှာ အိုမင်းလာတဲ့ Prince Charles နန်းမတက်တော့ဘဲ Prince William ပဲ တိုက်ရိုက်နန်းတက်လာမယ်လို့ ဆိုကြပါသေးတယ်။ ဟုတ်ပါပြီ။ ဘုရင်မကြီးပြီးရင် Prince Charles ။ သူပြီးရင် Prince William ပေါ့။ William ပြီးရင် ဘယ်သူနန်းတက်မယ်ထင်လဲ။ Prince Harry လား၊ မဟုတ်ပါဘူး။ Prince William နဲ့ Kate Middleton တို့က ထွန်းကားလာတဲ့ Prince George (၂ဝ၁၃ခုနှစ်မှာ မွေး) ၊ Princess Charlotte (၂ဝ၁၅ခုနှစ်မှာ မွေး) နဲ့ Prince Louis (၂ဝ၁၈ခုနှစ်မှာ မွေး) တို့ကပဲ ထီးနန်းအမွေကို ဆက်ခံရမှာပါ။

(၃) Prince George

တော်ဝင်ထီးနန်းဟာ သားကြီးသမီးကြီးတွေကိုပဲ စံစားကြရတာဆိုတော့ Prince William နတ်ရွာစံသွားရင်တောင် နန်းတက်မယ့်သူက Prince George ပါပဲ။ လက်ရှိအချိန်မှာ (၄) နှစ်ကျော်သာရှိသေးပေမယ့် ဖခင်နတ်ရွာစံပြီးနောက်ပိုင်းမှာ နန်းတက်လာမယ့် မင်းလောင်းလေးပါပဲ။

(၄) Princess Charlotte

Prince William နဲ့ Kate Middleton တို့ရဲ့ ဒုတိယမြောက်ရတနာ Princess Charlotte ဟာ လက်ရှိအချိန်မှာ (၃) နှစ်သာ ရှိပါသေးတယ်။ ကလေးသဘာဝ ဘာမှမသိသေးဘူးဆိုပေမယ့် အချိန်တန်ရင် ဘုရင်မဖြစ်လာမယ့်သူပါ။ တကယ်လို့ အကိုတော် Prince George ရဲ့နောက်မှာ ထီးနန်းဆက်ခံရမယ်ဆိုပေမယ့် Prince George ဟာ အချိန်တန်အရွယ်ရောက်လာလို့ သားသမီးမွေးလာရင် သူ့ရဲ့သားသမီးတွေကပဲ ထီးနန်းအရာ ဆက်ခံရမှာပါ။ တော်ဝင်ထီးနန်းဟာ သားကြီးသမီးကြီးတွေသာ စံစားရမယ့် ထုံးစံပါပဲ။ ဒါပေမယ့် အခုချိန်မှာတော့ Princess Charlotte ဟာ နံပါတ် (၄) နေရာမှာရှိပါတယ်။

(၅) Prince Louis

အကိုတော် Prince George နဲ့ အမတော် Princess Charlotte တို့နောက်မှာ နန်းတက်ဖို့ လျာထားတဲ့သူကတော့ Prince Louis ပါပဲ။ ၂ဝ၁၈ခုနှစ် ဧပြီလ (၂၃) ရက်နေ့မှာ မွေးဖွားခဲ့တဲ့အတွက် (၂) လတောင် မပြည့်သေးပါဘူး။ အရင်တုန်းကတော့ အငယ်မင်းသားတွေဟာ အမကြီးမင်းသမီးတွေကို ကျော်လွန်ပြီး ထီးနန်းအမွေကို ဆက်ခံရမယ်လို့ ဖော်ပြခဲ့ပေမယ့် ၂ဝ၁၁ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ 2011 Perth Agreement အရ အမကြီး Princess Charlotte ကို ကျော်လွန်လို့ မရတော့ပါဘူး။ (ဒါပေမယ့် ၂ဝ၁၁ခုနှစ်အရင်မှာ မွေးဖွားခဲ့တဲ့ မင်းသား၊ မင်းသမီးတွေအတွက်တော့ ဒီဥပဒေဟာ သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး) ။ ကဲ ဘာပဲဖြစ်ဖြစ် နီတာရဲလေး Prince Louis ကတော့ နံပါတ် (၅) နေရာမှာရှိပါတယ်။

(၆) Prince Harry

Prince Harry ဟာ လူသိများတဲ့ မင်းသားတစ်ပါးလို့သာဆိုပေမယ့် သူ့ရှေ့မှာ နောင်တော်ကြီး Prince William နဲ့ သူ့ရဲ့မျိုးဆက်တွေ နန်းတက်မှာဆိုတော့ သူ့ရဲ့ နန်းတက်လျာထားမှုက နံပါတ် (၆) ပါပဲ။ နောင်တော်နဲ့ (၂) နှစ်သာ ကွာခြားပေမယ့် သူ့ထက်အရင် တူတော်မောင် Prince George ၊ တူမတော် Princess Charlotte နဲ့ တူတော်မောင် Prince Louis တို့က ထီးနန်းဆက်ခံရမှာဆိုတော့ ဘုရင်ဖြစ်ဖို့က ရွှေပြည်တော်မျှော်တိုင်းဝေးပါပဲ။ ဒီလိုအချက်တွေကြောင့်ပဲ မြန်မာရာဇဝင်မှာ အကိုတော်နောင်တော်တွေကို သတ်ဖြတ်ပြီး ထီးနန်းလုကြတာဖြစ်ပါတယ်။ ကဲ . . . ထားလိုက်ပါတော့ Prince Harry ပြီးရင် Prince Charles ရဲ့မျိုးဆက်ကုန်ပြီဆိုတော့ ဘယ်သူက နန်းလျာဖြစ်မှာလဲ။

(၇) Prince Andrew

Prince Harry ပြီးရင်တော့ Prince Charles ရဲ့ ညီတော် Prince Andrew ပဲ နန်းတက်မှာပါ။ ဘုရင်မကြီး Elizabeth II ရဲ့သားတော်ဆိုပေမယ့် Prince Charles ရဲ့မျိုးဆက်တွေက ရှေ့ကရှိနေတာကြောင့် သူ့ရဲ့ နန်းလျာဆက်ခံမှုက နောက်ကျသွားတာပါ။Prince Andrew ရဲ့အထက်မှာ Princess Anne (၁၉၅ဝခုနှစ်မှာ မွေး) ရှိတယ်ဆိုပေမယ့် သူတို့တွေဟာ ၂ဝ၁၁ခုနှစ်အရင်မှာ မွေးဖွားခဲ့တဲ့ မင်းသားမင်းသမီးတွေဖြစ်တာကြောင့် အမတော် Princess Anne ကိုကျော်ပြီး Prince Andrew ကပဲ နန်းတက်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် Prince Andrew ရဲ့ နံပါတ်က (၇) ပါ။

(၈) Princess Beatrice

Prince Andrew နတ်ရွာစံသွားမယ်ဆိုရင်တော့ သူ့ရဲ့ သမီးကြီး Princess Beatrice ကပဲ ဘုရင်မဖြစ်လာမှာပါ။ သူမဟာ ၂ဝ၁၁ခုနှစ်မတိုင်ခင် မွေးဖွားလာတဲ့ မင်းသမီးဖြစ်တဲ့အတွက် အငယ်မင်းသားရှိရင် နေရာဖယ်ပေးရမှာဖြစ်ပေမယ့် သူမမှာ ညီမငယ် Princess Eugenie သာရှိတဲ့အတွက် နံပါတ် (၈) နေရာမှာ ရပ်တည်တာပါ။

(၉) Princess Eugenie

ဗြိတိန်တော်ဝင်မင်းဆက်ရဲ့ နန်းလျာစာရင်းမှာ Princess Eugenie က နံပါတ် (၉) နေရာမှာပါ။ သူမဟာ Prince Charles ရဲ့ တူမတော်ဖြစ်ပြီး Prince Andrew ရဲ့သမီးထွေးဖြစ်ပါတယ်။ (၂၈) နှစ်ရှိပြီဖြစ်ပြီး အိမ်ထောင်မပြုသေးတဲ့ မင်းသမီးတစ်ပါးဖြစ်ပါတယ်။ Hauser & Wirth Art Gallery မှာ Associate Director အနေနဲ့ တာဝန်ယူနေပါတယ်။

(၁ဝ) Prince Edward

Prince Edward ဟာ ဘုရင်မကြီး Elizabeth II ရဲ့သားထွေးဖြစ်ပေမယ့် သားကြီး၊ သမီးကြီးတွေကိုပဲ ထီးနန်းဆက်ခံခွင့်ပေးတဲ့ တော်ဝင်မိသားစုရဲ့ထုံးစံအတိုင်း နောက်ကျသွားတာဖြစ်ပါတယ်။

Lady Louise Windsor (၂ဝဝ၃ခုနှစ်မှာ မွေး) နဲ့ James Viscount Severn (၂ဝဝ၇ခုနှစ်မှာ မွေး) တဲ့ သားသမီးနှစ်ယောက်ရှိပါသေးတယ်။ သူတို့နှစ်ယောက်က ထီးနန်းလျာထားစာရင်းမှာ နံပါတ် (၁၁) နဲ့ (၁၂) မှာ ရပ်တည်နေပါတယ်။

အဲဒီနောက်မှသာ Princess Anne က နံပါတ် (၁၃) မှာ ရပ်တည်နေပြီး သူမရဲ့မျိုးဆက်တွေအလိုက် အစဉ်အဆက်ရေတွက်သွားမယ်ဆိုရင် နံပါတ် (၁၉) အထိ ရောက်ရှိသွားမှာပါ။ Elizabeth II ရဲ့မျိုးဆက်တွေ ကုန်ပြီဆိုမှ သူမရဲ့ ညီမငယ် Princess Margaret ရဲ့မျိုးဆက်တွေဟာ အစဉ်လိုက်ထီးနန်းဆက်ခံရမှာပါ။ လက်ရှိထီးနန်းလျာထားစာရင်းမှာ မင်းမျိုးမင်းနွယ် (၅၇) ယောက်တောင် ရှိတယ်လို့ သိရပါတယ်။ အခုဖော်ပြခဲ့တဲ့ ဗြိတိန်တော်ဝင်ထီးနန်းလျာထားချက်တွေကို ဗဟုသုတရရှိမယ်လို့ မျှော်လင့်မိပါတယ်။ အချက်အလက်တစ်စုံတစ်ရာ လွဲမှားခဲ့ရင် စာရေးသူရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါတယ်။ သူငယ်ချင်းတွေ သိရအောင်လည်း ဝေငှပေးပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com