[Zawgyi]

Meghan Markle ကိုယ္ဝန္ေဆာင္ခ်ိန္ ေစာင့္ထိန္းရမယ့္ စည္းမ်ဥ္းစည္းကမ္းမ်ား

Prince Harry နဲ႔ Meghan Markle တို႔စံုတဲြမွာ ရင္ေသြးေလးရွိေနၿပီဆိုတာကို ေအာက္တိုဘာလ (၁၅) ရက္ေန႔ Kensington Palace ရဲ႕ ေၾကညာခ်က္အရ သိရပါတယ္။ Prince Harry နဲ႔ Meghan Markle က သာမန္အရပ္သူအရပ္သားေတြလိုမဟုတ္ဘဲ ေတာ္ဝင္မ်ဳိးႏြယ္ေတြျဖစ္တာနဲ႔အညီ ေစာင့္ထိန္းရမယ္႔က်င့္ဝတ္ေတြကလည္း မ်ားျပားလြန္းလွပါတယ္။ အဲ့ဒီလိုု ေစာင့္ထိန္းရတဲ႔ က်င့္ဝတ္ေတြထဲကမွ ကိုယ္ဝန္ေဆာင္ခ်ိန္ ေစာင့္ထိန္းရတဲ႔ Pregnancy Rules ဆိုၿပီးရွိတဲ႔အတြက္ Meghan Markle ဟာ ရင္ေသြးလည္းရလာတဲ႔အခ်ိန္မွာ Pregnancy Rules ကို မျဖစ္မေနလိုက္နာေစာင့္ထိန္းရမွာျဖစ္ပါတယ္။ Meghan Markle လိုက္နာေစာင့္ထိန္းရမယ့္ စည္းမ်ဥ္းေတြက ဘာေတြလဲဆိုတာ တစ္ခ်က္လိုိက္ၾကည္႔လိုက္ၾကရေအာင္။

(၁) ဖက္ရွင္ကိုဂရုစိုက္ဝတ္ဆင္ရျခင္း

Meghan Markle ဟာ ကိုယ္ဝန္ေဆာင္ေနတဲ႔ ကိုးလလြယ္ ဆယ္လဖြားအခ်ိန္အတြင္း ျပည္သူလူထုေရွ႕ကို ထြက္တဲ႔အခါ အဝတ္အစားကုိ ဂရုတစိုက္ ဝတ္စားဆင္ယင္ရမွာ ျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ဖက္ရွင္ ဝတ္ဆင္တဲ႔အခါမွာ ေတာ္ဝင္မ်ဳိးႏြယ္ေတြအေနနဲ႔ မၾကာေသးမီႏွစ္မ်ားကစၿပီး ပိုမိုသတိထားၿပီး ဝတ္ဆင္လာရပါတယ္။ ကိုယ္ဝန္ေဆာင္လို႔ ေျပာင္းလဲလာတဲ့ ခႏၶာကိုယ္ကို အရမ္္းသိသာ ေပၚလြင္တာမ်ဳိးမျဖစ္ေစေအာင္ အဝတ္အစားကို သတိထား ေရြးခ်ယ္ဝတ္စားရမွာ ျဖစ္ပါတယ္။

Meghan Markle

Meghan Markle

(၂) သက္ေတာင့္သက္သာျဖစ္ေနတဲ႔ဖိနပ္ေတြကိုေမ့ထားပါ

ဒီစည္းမ်ဥ္းႀကီးက ေတာ္ေတာ္ထူးဆန္းပါတယ္။ ကိုယ္ဝန္ေဆာင္ေနခ်ိန္မွာ သက္ေတာင္႔သက္သာရွိတဲ႔ ဖိနပ္ေတြ ဝတ္ဆင္ခြင့္မရွိပါဘူး။ ကိုယ္ဝန္ေဆာင္တဲ႔အခါ ေျခေထာက္ေရာင္ရမ္းတာက ျဖစ္ေလ့ျဖစ္ထရွိတဲ႔ လကၡဏာျဖစ္ၿပီး ဒီလကၡဏာသက္သာေပ်ာက္ကင္းဖို႔အတြက္ သက္ေတာင္႔သက္သာရွိတဲ့ ဖိနပ္မ်ဳိး အထူးသျဖင္႔ Sandals လို ေျခေထာက္ကိုသက္သာရာရရွိေစတဲ႔ ဖိနပ္မ်ဳိးကုိ ေရြးခ်ယ္စီးၾကပါတယ္။ အဲဒီလို ေရြးခ်ယ္စီးၾကတဲ့အထဲမွာ ေတာ္ဝင္မ်ဳိးႏြယ္ေတြကေတာ့ မပါဝင္ရပါဘူး။ ကိုယ္ေနဟန္ထားကို ေက်ာ့ရွင္းလွပၿပီး ၾကည္႔လိုက္တာနဲ႔ စမတ္က်ေနေစဖို႔က ေတာ္ဝင္မ်ဳိးႏြယ္ေတြအတြက္ အေရးႀကီးပါတယ္။ အဲ႔ဒီလို စမတ္က်တဲ႔ပံုစံမ်ဳိးရရွိဖို႔ ထိပ္ပိတ္ေဒါက္ဖိနပ္ကို အဓိကအားကိုးအားထားျပဳရပါတယ္။ အဲ့ဒါေၾကာင္႔ ေျခေထာက္ဘယ္ေလာက္ပဲ ေရာင္ရမ္းေနပါေစ ရာသီဥတုပူေလာင္အိုက္စပ္ၿပီး ေခၽြးေတြ ဘယ္ေလာက္ပဲ ထြက္ေနပါေစ ဒီလိုဖိနပ္မ်ဳိးကို ဝတ္ဆင္ထားရပါတယ္။ ဒါေၾကာင့္မို႔ Meghan Markle ကလည္း ဒီစည္းမ်ဥ္းကို မျဖစ္မေနလိုက္နာရပါမယ္။

Forget comfy shoes

Forget comfy shoes

(၃) ခရီးမသြားရ

သာမန္ကုိယ္ဝန္ေဆာင္သည္ေတြအေနနဲ႔ဆို ကိုယ္ဝန္လနည္းနည္းရင့္လာၿပီဆိုရင္ ခရီးသြားဖို႔ကို ဆန္႔က်င္လာၾကပါတယ္။ ေတာ္ဝင္ေတြကလည္း သာမန္ကိုယ္ဝန္ေဆာင္သည္ေတြနည္းတူ ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္းမွာ ခရီးသြားျခင္းမျပဳဖို႔ အထူးသျဖင့္ ျပည္ပခရီးမသြားဖို႔ အၾကံျပဳကာ တားျမစ္ထားပါတယ္။ သို႔ေသာ္လည္း Meghan Markle ကေတာ့ ခၽြင္းခ်က္အေနနဲ႔ ခရီးသြားေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္ဝန္ရွိတဲ႔သတင္းကို သူမနဲ႔ Prince Harry ၾသစေတးလ်ခရီးစဥ္စတင္တဲ႔ အခ်ိန္မွာ ေၾကညာခဲ႔တဲ႔အတြက္ ဒီခရီးစဥ္ကို ဆက္လက္သြားေနျခင္း ျဖစ္ပါတယ္။ ရင္ေသြးေလးေမြးဖြားသန္႔စင္ဖို႔အတြက္ေတာ့ အဂၤလန္ႏိ္ုင္ငံကို ျပန္လာလိမ္႔မယ္လို႔ ယူဆၾကပါတယ္။

Travelling

Travelling

(၄) အာထရာေဆာင္းမရုိက္ရ

၁၉၅၀ ခုနစ္ကတည္းက မိဘေတြက ကိုယ္ဝန္ေဆာင္ထားရတဲ႔ ရင္ေသြးေလးကို ေယာက်ာ္းေလးလား မိန္းကေလးလား သိခ်င္စိတ္ ျပင္းျပတဲ့အတြက္ အာထရာေဆာင္းရုိက္ကာ ၾကည္႔ၾကပါတယ္။ ဒီလုိမ်ဳိးရုိက္ကူးတာကို ေတာ္ဝင္ေတြအေနနဲ႔ တားျမစ္ထားပါတယ္။ ဒါေပမယ္႔ တခ်ဳိ႕ေသာ ေတာ္ဝင္ေတြကေတာ့ ဒီစည္းမ်ဥ္းကို ခ်ဳိးေဖာက္ၿပီး အာထရာေဆာင္း ရုိက္ကူးမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ အဲ့ဒီထဲမွာ Princess Diana လည္းအပါအဝင္ျဖစ္ၿပီး Prince Harry ကို ကိုယ္ဝန္ေဆာင္တုန္းက ေယာက်ာ္းေလးလား မိန္းကေလးလား သိခ်င္လုိ႔ ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္းမွာ ရုိက္ကူးခဲ့ပါတယ္။ ဒါေပမယ့္ ဘယ္ေတာ္ဝင္မ်ဳိးႏြယ္စုမွ ေယာက်ာ္းေလးေမြးမယ္ မိန္းကေလးေမြးမယ္ဆိုတာကို အမ်ားျပည္သူအား ႀကိဳတင္ ထုတ္ေဖာ္ေျပာၾကားျခင္း မျပဳရပါဘူး။

No gender reveal

No gender reveal

(၅) မိဘအိမ္ျပန္ၿပီးကေလးေမြးျခင္းမျပဳရပါဘူး

Meghan Markle ဟာ ေတာ္ဝင္မ်ဳိးႏြယ္ျဖစ္သြားတဲ႔အတြက္ မီးဖြားတဲ႔အခ်ိန္ မိဘအိမ္ျပန္ၿပီး ေမြးဖြားတာကို ေမ့ထားရပါလိမ့္မယ္။ မီးဖြားတာကို မိဘအိမ္ျပန္ၿပီး ေမြးဖြားခဲ႔ရင္ ျပည္သူလူထုကို အသိေပးတဲ႔အခါ ေႏွာင့္ေႏွးၾကန္႔ၾကာမႈေတြ ျဖစ္ႏိုင္သလို ေဘးကင္းစိတ္ခ်လံုျခံဳမႈ ရွိမရွိကလည္း မေသခ်ာတဲ႔အတြက္ ခြင့္မျပဳရျခင္းျဖစ္ပါတယ္။ Prince William ကို စတင္ေမြးဖြားတဲ႔ ၁၉၈၂ ခုနစ္ကတည္းက ေဆးရုံမွာသာ မီးဖြားတဲ႔စနစ္ကို က်င္႔သံုးခဲ႔တာျဖစ္ၿပီး ယခုတိုင္က်င္႔သံုးေနဆဲ ျဖစ္ပါတယ္။ ေတာ္ဝင္ေတြ အစဥ္အဆက္မီးဖြားေလ့ရွိတဲ႔ ေဆးရုံကေတာ့ လန္ဒန္ၿမိဳ႕ရွိ St.Mary’s Hospital ပဲ ျဖစ္ပါတယ္။

Forget home birth

Forget home birth

(၆) ဘုရင္မႀကီးကိုပထမဆံုးအေၾကာင္းၾကားရမယ္

ေတာ္ဝင္ကေလးေလး ေမြးဖြားလာတဲ႔အခါ ဘယ္လိုသတင္းအခ်က္အလက္မ်ဳိးကိုမဆို ဘုရင္မႀကီးကို အရင္ဆံုးအေၾကာင္းၾကားၿပီးမွ ျပည္သူလူထုေရွ႕ ခ်ျပရမယ္ဆိုတာကို Express ရဲ႕ အဆိုအရ သိရပါတယ္။ ကေလးေလး အေစာႀကီး ေမြးဖြားလာခဲ႔တယ္ဆိုရင္ေတာ့ ဘုရင္မႀကီး ႏိုးတဲ႔အခ်ိန္ထိ ေစာင့္ၿပီးမွ အေၾကာင္းၾကားရပါမယ္။

First tell the Queen

First tell the Queen

ဒီအခ်က္ေတြကေတာ့ Meghan Markle ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္းမွာ ေစာင့္ထိန္းရမယ့္ စည္းမ်ဥ္းစည္းကမ္း တခ်ဳိ႕ပဲ ျဖစ္ပါတယ္။ Meghan Markle ဟာ ေတာ္ဝင္စည္းမ်ဥ္းေတြအတုိင္း လုိက္နာတတ္ေလ့ရွိသူမဟုတ္ဘဲ သူမရဲ႕ကိုယ္ပိုင္ဆံုးျဖတ္ခ်က္နဲ႔သာ ရွင္သန္ေနထုိင္တတ္သူျဖစ္တဲ့အတြက္ ဒီစည္းမ်ဥ္းေတြကို လိုက္နာမလားဆိုတာကေတာ့ ေစာင့္ၾကည္႔ရမွာပဲ ျဖစ္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

Meghan Markle ကိုယ်ဝန်ဆောင်ချိန် စောင့်ထိန်းရမယ့် စည်းမျဉ်းစည်းကမ်းများ

Prince Harry နဲ့ Meghan Markle တို့စုံတွဲမှာ ရင်သွေးလေးရှိနေပြီဆိုတာကို အောက်တိုဘာလ (၁၅) ရက်နေ့ Kensington Palace ရဲ့ ကြေညာချက်အရ သိရပါတယ်။ Prince Harry နဲ့ Meghan Markle က သာမန်အရပ်သူအရပ်သားတွေလိုမဟုတ်ဘဲ တော်ဝင်မျိုးနွယ်တွေဖြစ်တာနဲ့အညီ စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေကလည်း များပြားလွန်းလှပါတယ်။ အဲ့ဒီလို စောင့်ထိန်းရတဲ့ ကျင့်ဝတ်တွေထဲကမှ ကိုယ်ဝန်ဆောင်ချိန် စောင့်ထိန်းရတဲ့ Pregnancy Rules ဆိုပြီးရှိတဲ့အတွက် Meghan Markle ဟာ ရင်သွေးလည်းရလာတဲ့အချိန်မှာ Pregnancy Rules ကို မဖြစ်မနေလိုက်နာစောင့်ထိန်းရမှာဖြစ်ပါတယ်။ Meghan Markle လိုက်နာစောင့်ထိန်းရမယ့် စည်းမျဉ်းတွေက ဘာတွေလဲဆိုတာ တစ်ချက်လိုက်ကြည့်လိုက်ကြရအောင်။

(၁) ဖက်ရှင်ကိုဂရုစိုက်ဝတ်ဆင်ရခြင်း

Meghan Markle ဟာ ကိုယ်ဝန်ဆောင်နေတဲ့ ကိုးလလွယ် ဆယ်လဖွားအချိန်အတွင်း ပြည်သူလူထုရှေ့ကို ထွက်တဲ့အခါ အဝတ်အစားကို ဂရုတစိုက် ဝတ်စားဆင်ယင်ရမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ဖက်ရှင် ဝတ်ဆင်တဲ့အခါမှာ တော်ဝင်မျိုးနွယ်တွေအနေနဲ့ မကြာသေးမီနှစ်များကစပြီး ပိုမိုသတိထားပြီး ဝတ်ဆင်လာရပါတယ်။ ကိုယ်ဝန်ဆောင်လို့ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ကို အရမ်းသိသာ ပေါ်လွင်တာမျိုးမဖြစ်စေအောင် အဝတ်အစားကို သတိထား ရွေးချယ်ဝတ်စားရမှာ ဖြစ်ပါတယ်။

Meghan Markle

Meghan Markle

(၂) သက်တောင့်သက်သာဖြစ်နေတဲ့ဖိနပ်တွေကိုမေ့ထားပါ

ဒီစည်းမျဉ်းကြီးက တော်တော်ထူးဆန်းပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ သက်တောင့်သက်သာရှိတဲ့ ဖိနပ်တွေ ဝတ်ဆင်ခွင့်မရှိပါဘူး။ ကိုယ်ဝန်ဆောင်တဲ့အခါ ခြေထောက်ရောင်ရမ်းတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာဖြစ်ပြီး ဒီလက္ခဏာသက်သာပျောက်ကင်းဖို့အတွက် သက်တောင့်သက်သာရှိတဲ့ ဖိနပ်မျိုး အထူးသဖြင့် Sandals လို ခြေထောက်ကိုသက်သာရာရရှိစေတဲ့ ဖိနပ်မျိုးကို ရွေးချယ်စီးကြပါတယ်။ အဲဒီလို ရွေးချယ်စီးကြတဲ့အထဲမှာ တော်ဝင်မျိုးနွယ်တွေကတော့ မပါဝင်ရပါဘူး။ ကိုယ်နေဟန်ထားကို ကျော့ရှင်းလှပပြီး ကြည့်လိုက်တာနဲ့ စမတ်ကျနေစေဖို့က တော်ဝင်မျိုးနွယ်တွေအတွက် အရေးကြီးပါတယ်။ အဲ့ဒီလို စမတ်ကျတဲ့ပုံစံမျိုးရရှိဖို့ ထိပ်ပိတ်ဒေါက်ဖိနပ်ကို အဓိကအားကိုးအားထားပြုရပါတယ်။ အဲ့ဒါကြောင့် ခြေထောက်ဘယ်လောက်ပဲ ရောင်ရမ်းနေပါစေ ရာသီဥတုပူလောင်အိုက်စပ်ပြီး ချွေးတွေ ဘယ်လောက်ပဲ ထွက်နေပါစေ ဒီလိုဖိနပ်မျိုးကို ဝတ်ဆင်ထားရပါတယ်။ ဒါကြောင့်မို့ Meghan Markle ကလည်း ဒီစည်းမျဉ်းကို မဖြစ်မနေလိုက်နာရပါမယ်။

Forget comfy shoes

Forget comfy shoes

(၃) ခရီးမသွားရ

သာမန်ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ဆို ကိုယ်ဝန်လနည်းနည်းရင့်လာပြီဆိုရင် ခရီးသွားဖို့ကို ဆန့်ကျင်လာကြပါတယ်။ တော်ဝင်တွေကလည်း သာမန်ကိုယ်ဝန်ဆောင်သည်တွေနည်းတူ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ခရီးသွားခြင်းမပြုဖို့ အထူးသဖြင့် ပြည်ပခရီးမသွားဖို့ အကြံပြုကာ တားမြစ်ထားပါတယ်။ သို့သော်လည်း Meghan Markle ကတော့ ချွင်းချက်အနေနဲ့ ခရီးသွားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ရှိတဲ့သတင်းကို သူမနဲ့ Prince Harry သြစတေးလျခရီးစဉ်စတင်တဲ့ အချိန်မှာ ကြေညာခဲ့တဲ့အတွက် ဒီခရီးစဉ်ကို ဆက်လက်သွားနေခြင်း ဖြစ်ပါတယ်။ ရင်သွေးလေးမွေးဖွားသန့်စင်ဖို့အတွက်တော့ အင်္ဂလန်နိုင်ငံကို ပြန်လာလိမ့်မယ်လို့ ယူဆကြပါတယ်။

Travelling

Travelling

(၄) အာထရာဆောင်းမရိုက်ရ

၁၉၅၀ ခုနစ်ကတည်းက မိဘတွေက ကိုယ်ဝန်ဆောင်ထားရတဲ့ ရင်သွေးလေးကို ယောကျာ်းလေးလား မိန်းကလေးလား သိချင်စိတ် ပြင်းပြတဲ့အတွက် အာထရာဆောင်းရိုက်ကာ ကြည့်ကြပါတယ်။ ဒီလိုမျိုးရိုက်ကူးတာကို တော်ဝင်တွေအနေနဲ့ တားမြစ်ထားပါတယ်။ ဒါပေမယ့် တချို့သော တော်ဝင်တွေကတော့ ဒီစည်းမျဉ်းကို ချိုးဖောက်ပြီး အာထရာဆောင်း ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီထဲမှာ Princess Diana လည်းအပါအဝင်ဖြစ်ပြီး Prince Harry ကို ကိုယ်ဝန်ဆောင်တုန်းက ယောကျာ်းလေးလား မိန်းကလေးလား သိချင်လို့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ရိုက်ကူးခဲ့ပါတယ်။ ဒါပေမယ့် ဘယ်တော်ဝင်မျိုးနွယ်စုမှ ယောကျာ်းလေးမွေးမယ် မိန်းကလေးမွေးမယ်ဆိုတာကို အများပြည်သူအား ကြိုတင် ထုတ်ဖော်ပြောကြားခြင်း မပြုရပါဘူး။

No gender reveal

No gender reveal

(၅) မိဘအိမ်ပြန်ပြီးကလေးမွေးခြင်းမပြုရပါဘူး

Meghan Markle ဟာ တော်ဝင်မျိုးနွယ်ဖြစ်သွားတဲ့အတွက် မီးဖွားတဲ့အချိန် မိဘအိမ်ပြန်ပြီး မွေးဖွားတာကို မေ့ထားရပါလိမ့်မယ်။ မီးဖွားတာကို မိဘအိမ်ပြန်ပြီး မွေးဖွားခဲ့ရင် ပြည်သူလူထုကို အသိပေးတဲ့အခါ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နိုင်သလို ဘေးကင်းစိတ်ချလုံခြုံမှု ရှိမရှိကလည်း မသေချာတဲ့အတွက် ခွင့်မပြုရခြင်းဖြစ်ပါတယ်။ Prince William ကို စတင်မွေးဖွားတဲ့ ၁၉၈၂ ခုနစ်ကတည်းက ဆေးရုံမှာသာ မီးဖွားတဲ့စနစ်ကို ကျင့်သုံးခဲ့တာဖြစ်ပြီး ယခုတိုင်ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။ တော်ဝင်တွေ အစဉ်အဆက်မီးဖွားလေ့ရှိတဲ့ ဆေးရုံကတော့ လန်ဒန်မြို့ရှိ St.Mary’s Hospital ပဲ ဖြစ်ပါတယ်။

Forget home birth

Forget home birth

(၆) ဘုရင်မကြီးကိုပထမဆုံးအကြောင်းကြားရမယ်

တော်ဝင်ကလေးလေး မွေးဖွားလာတဲ့အခါ ဘယ်လိုသတင်းအချက်အလက်မျိုးကိုမဆို ဘုရင်မကြီးကို အရင်ဆုံးအကြောင်းကြားပြီးမှ ပြည်သူလူထုရှေ့ ချပြရမယ်ဆိုတာကို Express ရဲ့ အဆိုအရ သိရပါတယ်။ ကလေးလေး အစောကြီး မွေးဖွားလာခဲ့တယ်ဆိုရင်တော့ ဘုရင်မကြီး နိုးတဲ့အချိန်ထိ စောင့်ပြီးမှ အကြောင်းကြားရပါမယ်။

First tell the Queen

First tell the Queen

ဒီအချက်တွေကတော့ Meghan Markle ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ စောင့်ထိန်းရမယ့် စည်းမျဉ်းစည်းကမ်း တချို့ပဲ ဖြစ်ပါတယ်။ Meghan Markle ဟာ တော်ဝင်စည်းမျဉ်းတွေအတိုင်း လိုက်နာတတ်လေ့ရှိသူမဟုတ်ဘဲ သူမရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာ ရှင်သန်နေထိုင်တတ်သူဖြစ်တဲ့အတွက် ဒီစည်းမျဉ်းတွေကို လိုက်နာမလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

H.H(Akhayar)

www.akhayar.com