[Zawgyi]

ခ်ားလ္စ္မင္းသားရဲ႕ ၇၀ ျပည့္ေမြးေန႔အတြက္ မိသားစုပံုေတြ တင္ေပးလိုက္တဲ့ ေတာ္ဝင္မိသားစု

ေတာ္ဝင္အိမ္ေတာ္ Clarence House ကေနျပီး ခ်ားလ္စ္မငး္သားနဲ႔ သူ႔မိသားစုပံုေတြကို ခ်ားလ္စ္မင္းသားရဲ႕ အသက္ ၇၀ ႏွစ္ျပည့္ေမြးေန႔အမွတ္တရအေနနဲ႔ ျပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ထုတ္ျပန္ခဲ့ပါတယ္။

ဒီပံုေတြမွာ ခ်ားလ္စ္မင္းသားၾကီးဟာ သူ႔ရဲ႕ဇနီး၊ သားေတာ္၊ ေခၽြးမနဲ႔ ေျမးေတာ္ေတြနဲ႔ စံုစံုလင္လင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေတြ႕ရပါတယ္။ ေဝလမင္းသား ခ်ားလ္စ္ရဲ႕ ေပါင္ေပၚမွာေတာ့ ေျမးေတာ္ Prince George ( William ရဲ႕ သားေတာ္) ရွိေနျပီး ခ်ားလ္စ္ရဲ႕ ေဘးမွာေတာ့ သူ႔ရဲ႕ ဇနီး Cornwall ျမိဳ႕စားကေတာ္ Camilla ရွိေနပါတယ္။

Camilla ရဲ႕ ေဘးမွာေတာ့ Princess Charlotte ( William ရဲ႕ သမီးေတာ္) ရွိေနျပီး ၆လသားပဲရွိေသးတဲ့ Prince Louis ေလးကေတာ့ ကိန္းဘရစ္ခ်္ျမိဳ႕စားကေတာ္ Catherine (Kate Middleton) က ခ်ီထားပါတယ္။ ေဘးမွာေတာ့ မင္းသား William ၊ Harry နဲ႔ Harry ရဲ႕ ၾကင္ရာေတာ္ Meghan တုိ႔လည္း ပါဝင္ပါတယ္။

ဒီလို ဓာတ္ပံုမ်ိဳးကို လူထုကို အျမဲတမ္းခ်ျပတာမဟုတ္ဘဲ ဒီတစ္ခါေတာ့ ဖိုးဖိုးၾကီး ေဝလမင္းသား ခ်ားလ္စ္ရဲ႕ ေမြးေန႔အေနနဲ႔ တင္ေပးခဲ့တာ ျဖစ္ပါတယ္။ ဒီပံုကို ရုိက္တဲ့ ဓာတ္ပံုဆရာ Chris Jackson ကလည္း ” ဒီလို ရိုးရာအစဥ္အလာၾကီးအတုိင္းမဟုတ္ဘဲ ေအးေဆးသက္သာျဖစ္ေနတဲ့ ေတာ္ဝင္မိသားစုရဲ႕ ဓာတ္ပံုကို ရိုက္ခြင့္ရတာဟာ အထူးအခြင့္အေရးျဖစ္ပါတယ္”လို႔ ေျပာျပခဲ့ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : Huffingtonpost.com
[Unicode]

ချားလ်စ်မင်းသားရဲ့ ၇၀ ပြည့်မွေးနေ့အတွက် မိသားစုပုံတွေ တင်ပေးလိုက်တဲ့ တော်ဝင်မိသားစု

တော်ဝင်အိမ်တော် Clarence House ကနေပြီး ချားလ်စ်မင်းသားနဲ့ သူ့မိသားစုပုံတွေကို ချားလ်စ်မင်းသားရဲ့ အသက် ၇၀ နှစ်ပြည့်မွေးနေ့အမှတ်တရအနေနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီပုံတွေမှာ ချားလ်စ်မင်းသားကြီးဟာ သူ့ရဲ့ဇနီး၊ သားတော်၊ ချွေးမနဲ့ မြေးတော်တွေနဲ့ စုံစုံလင်လင် ပျော်ပျော်ရွှင်ရွှင်တွေ့ရပါတယ်။ ဝေလမင်းသား ချားလ်စ်ရဲ့ ပေါင်ပေါ်မှာတော့ မြေးတော် Prince George ( William ရဲ့ သားတော်) ရှိနေပြီး ချားလ်စ်ရဲ့ ဘေးမှာတော့ သူ့ရဲ့ ဇနီး Cornwall မြို့စားကတော် Camilla ရှိနေပါတယ်။

Camilla ရဲ့ ဘေးမှာတော့ Princess Charlotte ( William ရဲ့ သမီးတော်) ရှိနေပြီး ၆လသားပဲရှိသေးတဲ့ Prince Louis လေးကတော့ ကိန်းဘရစ်ချ်မြို့စားကတော် Catherine (Kate Middleton) က ချီထားပါတယ်။ ဘေးမှာတော့ မင်းသား William ၊ Harry နဲ့ Harry ရဲ့ ကြင်ရာတော် Meghan တို့လည်း ပါဝင်ပါတယ်။

ဒီလို ဓာတ်ပုံမျိုးကို လူထုကို အမြဲတမ်းချပြတာမဟုတ်ဘဲ ဒီတစ်ခါတော့ ဖိုးဖိုးကြီး ဝေလမင်းသား ချားလ်စ်ရဲ့ မွေးနေ့အနေနဲ့ တင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပုံကို ရိုက်တဲ့ ဓာတ်ပုံဆရာ Chris Jackson ကလည်း ” ဒီလို ရိုးရာအစဉ်အလာကြီးအတိုင်းမဟုတ်ဘဲ အေးဆေးသက်သာဖြစ်နေတဲ့ တော်ဝင်မိသားစုရဲ့ ဓာတ်ပုံကို ရိုက်ခွင့်ရတာဟာ အထူးအခွင့်အရေးဖြစ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : Huffingtonpost.com