[Zawgyi]

ေတာ္၀င္မိသားစုရဲ႕ လူမႈကြန္ရက္ကေန ေဖာ္ျပေပးလိုက္တဲ့ Prince Harry နဲ႔ Meghan တို႔ရဲ႕ မဂၤလာပြဲပံုရိပ္ေလးမ်ား

မၾကာေသးခင္ကပဲ ၿဗိတိန္ေတာ္၀င္မင္းသားေလး Harry ကေတာ့ သူ႔ရဲ႕ ခ်စ္ရတဲ့အမ်ိဳးသမီးေလး Meghan Markle နဲ႔ Windsor Castle မွာ တရား၀င္လက္ထပ္ထိမ္းျမားခဲ့ပါတာ အားလံုးအသိပါပဲ။ သူတို႔ရဲ႕ မဂၤလာပြဲကို ကမာၻအႏွ႔ံက ပရိသတ္ေပါင္းမ်ားစြာက ဂုဏ္ယူစြာနဲ႔ ေစာင့္ၾကည့္ခဲ့ၿပီး အခုဆိုရင္ Meghan Markle ဟာဆိုရင္ သာမာန္အေမရိကန္မင္းသမီးေလးတစ္ဦးအျဖစ္ကေန ၿဗိတိန္ေတာ္၀င္မင္းသမီးေလးတစ္ပါးအျဖစ္ ကူးေျပာင္းသြားခဲ့ၿပီ။

အဲဒီ့ေန႔ေလးဟာ တကယ္ကိုလွပတဲ့ေန႔ေလးတစ္ရက္ပါပဲ။ ေတာ္၀င္မိသားစုကလည္း သူတို႔ရဲ႕ Official Social Media မွာ မဂၤလာပြဲတုန္းက ဓာတ္ပံုသံုးပံုကို တရား၀င္ေ၀မွ်ခဲ့တာကို ေတြ႕ၾကမွာပါ။ ဒါ့အျပင္မကေသးပါဘူး။ တရား၀င္မွ်ေ၀တာမဟုတ္ေပမယ့္လည္း မဂၤလာပြဲတုန္းက ရိုက္ကူးထားခဲ့တဲ့ တျခားပံုေတြကိုလည္း ျပန္ၿပီး Share ထားပါေသးတယ္။

တစ္ဦးနဲ႔တစ္ဦး ခ်စ္ခင္ၾကင္နာေနတဲ့ Harry နဲ႔ Meghan တို႔ရဲ႕ ဓာတ္ပံုေလးေတြဟာ ဆြတ္ပ်ံ႕ၾကည္ႏူးဖြယ္ေကာင္းလိုက္တာ။ Harry ကေတာ့ Meghan ကို မဂၤလာပြဲမွာ စျမင္လိုက္တုန္းက “You look amazing.” ဆိုၿပီး “I’m so lucky” ဆိုၿပီးေတာင္ ေျပာခဲ့တာပါ။ မဂၤလာပြဲတစ္ခုလံုးမွာ Harry ဟာ အရမ္းရင္ခုန္စိတ္လႈပ္ရွားေနတာကို ေတြ႕ ခဲ့ရၿပီး မ်က္ရည္ေတြလည္း နည္းနည္း၀ဲေနသလိုပါပဲ။

တစ္ကမာၻလံုးက ပရိသတ္ေတြကလည္း Windsor Castle မွာ ျပည့္လွ်ံက်ေနၿပီး အားလံုးဟာ ဆုေတာင္းစကားေတြေခၽြေနၾကတာပါ။ ၾကက္သီးထစရာေတာင္ေကာင္းပါတယ္။ သိပ္ၿပီး ၿပီးျပည့္စံုတဲ့ညေနခင္းေလးလို႔ပဲ ေျပာရမွာပါပဲ။

ေတာ္၀င္လက္ထပ္မဂၤလာပြဲၿပီးဆံုးသြားတဲ့အခါမွာလည္း ပရိသတ္ေတြအားလံုးက မင္းသား Harry နဲ႔ Meghan တို႔ ဘယ္လိုဆက္ၿပီး မိသားစုဘ၀ေလးကို ထူေထာင္ၾကမလဲဆိုတာကို တအားစိတ္၀င္စားက်န္ခဲ့ၾကတာပါ။ မၾကာခင္မွာလည္း မင္းသား George၊ မင္းသမီးေလး Charlotte၊ မင္းသား Louis တို႔နဲ႔ အတူတူ ေဆာ့ေဖာ္ေဆာ့ဖက္ေမာင္ႏွမေလးေတြ ဘယ္ေတာ့မ်ားေရာက္လာၾကမလဲဆိုတာလည္း ေမွ်ာ္လင့္ေနၾကပါေသးတယ္။

ေတာ္၀င္မိသားစုရဲ႕ Social Media ျဖစ္တဲ့ Kensingtonroyal က ေဖာ္ျပေပးလိုက္တဲ့ဓာတ္ပံုေလးေတြကို ေနာက္တစ္ႀကိမ္ ထပ္ၿပီး ခံစားၾကည့္ၾကပါဦး။

ခ်စ္ျခင္းေမတၱာေတြနဲ႔ ေပ်ာ္ရႊင္၀မ္းေျမာက္ျခင္းေတြ အသီးသီးကူးစက္ၾကလိမ့္မယ္လို႔ ထင္ပါတယ္။ မၾကာခင္မွာေတာ့ Meghan တစ္ေယာက္လည္း ေတာ္၀င္မိသားစုထဲမွာ ဘယ္လိုဖက္ရွင္ေတြနဲ႔ ဘယ္လိုပံုစံမ်ိဳးေတြ ျမင္ေတြ႕ရဦးမလဲ။

မင္းသား၊ မင္းသမီးေလးေတြလည္း ဘယ္ေတာ့မ်ား ၀င္ေရာက္လာဦးမလဲဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာပဲေနာ္။

မၾကာခင္မွာ ဒီမွာလည္း မဂၤလာပြဲက်င္းပတဲ့ကာလေရာက္လာေတာ့မွာဆိုေတာ့ ေတာ္၀င္မိသားစု မဂၤလာပြဲဓာတ္ပံုေလးေတြကို ခံစားရင္း ကိုယ့္ရဲ႕ မဂၤလာပြဲေလးကိုလည္း အေကာင္းဆံုးျပင္ဆင္ၾကႏုိင္ဖို႔ ထပ္ၿပီး ေဖာ္ျပေပးလိုက္ပါတယ္။

Moethaesay (Akhayar)

[Unicode]

တော်ဝင်မိသားစုရဲ့ လူမှုကွန်ရက်ကနေ ဖော်ပြပေးလိုက်တဲ့ Prince Harry နဲ့ Meghan တို့ရဲ့ မင်္ဂလာပွဲပုံရိပ်လေးများ

မကြာသေးခင်ကပဲ ဗြိတိန်တော်ဝင်မင်းသားလေး Harry ကတော့ သူ့ရဲ့ ချစ်ရတဲ့အမျိုးသမီးလေး Meghan Markle နဲ့ Windsor Castle မှာ တရားဝင်လက်ထပ်ထိမ်းမြားခဲ့ပါတာ အားလုံးအသိပါပဲ။ သူတို့ရဲ့ မင်္ဂလာပွဲကို ကမ္ဘာအနှံ့က ပရိသတ်ပေါင်းများစွာက ဂုဏ်ယူစွာနဲ့ စောင့်ကြည့်ခဲ့ပြီး အခုဆိုရင် Meghan Markle ဟာဆိုရင် သာမာန်အမေရိကန်မင်းသမီးလေးတစ်ဦးအဖြစ်ကနေ ဗြိတိန်တော်ဝင်မင်းသမီးလေးတစ်ပါးအဖြစ် ကူးပြောင်းသွားခဲ့ပြီ။

အဲဒီ့နေ့လေးဟာ တကယ်ကိုလှပတဲ့နေ့လေးတစ်ရက်ပါပဲ။ တော်ဝင်မိသားစုကလည်း သူတို့ရဲ့ Official Social Media မှာ မင်္ဂလာပွဲတုန်းက ဓာတ်ပုံသုံးပုံကို တရားဝင်ဝေမျှခဲ့တာကို တွေ့ကြမှာပါ။ ဒါ့အပြင်မကသေးပါဘူး။ တရားဝင်မျှဝေတာမဟုတ်ပေမယ့်လည်း မင်္ဂလာပွဲတုန်းက ရိုက်ကူးထားခဲ့တဲ့ တခြားပုံတွေကိုလည်း ပြန်ပြီး Share ထားပါသေးတယ်။

တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြင်နာနေတဲ့ Harry နဲ့ Meghan တို့ရဲ့ ဓာတ်ပုံလေးတွေဟာ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းလိုက်တာ။ Harry ကတော့ Meghan ကို မင်္ဂလာပွဲမှာ စမြင်လိုက်တုန်းက “You look amazing.” ဆိုပြီး “I’m so lucky” ဆိုပြီးတောင် ပြောခဲ့တာပါ။ မင်္ဂလာပွဲတစ်ခုလုံးမှာ Harry ဟာ အရမ်းရင်ခုန်စိတ်လှုပ်ရှားနေတာကို တွေ့ ခဲ့ရပြီး မျက်ရည်တွေလည်း နည်းနည်းဝဲနေသလိုပါပဲ။

တစ်ကမ္ဘာလုံးက ပရိသတ်တွေကလည်း Windsor Castle မှာ ပြည့်လျှံကျနေပြီး အားလုံးဟာ ဆုတောင်းစကားတွေချွေနေကြတာပါ။ ကြက်သီးထစရာတောင်ကောင်းပါတယ်။ သိပ်ပြီး ပြီးပြည့်စုံတဲ့ညနေခင်းလေးလို့ပဲ ပြောရမှာပါပဲ။

တော်ဝင်လက်ထပ်မင်္ဂလာပွဲပြီးဆုံးသွားတဲ့အခါမှာလည်း ပရိသတ်တွေအားလုံးက မင်းသား Harry နဲ့ Meghan တို့ ဘယ်လိုဆက်ပြီး မိသားစုဘဝလေးကို ထူထောင်ကြမလဲဆိုတာကို တအားစိတ်ဝင်စားကျန်ခဲ့ကြတာပါ။ မကြာခင်မှာလည်း မင်းသား George၊ မင်းသမီးလေး Charlotte၊ မင်းသား Louis တို့နဲ့ အတူတူ ဆော့ဖော်ဆော့ဖက်မောင်နှမလေးတွေ ဘယ်တော့များရောက်လာကြမလဲဆိုတာလည်း မျှော်လင့်နေကြပါသေးတယ်။

တော်ဝင်မိသားစုရဲ့ Social Media ဖြစ်တဲ့ Kensingtonroyal က ဖော်ပြပေးလိုက်တဲ့ဓာတ်ပုံလေးတွေကို နောက်တစ်ကြိမ် ထပ်ပြီး ခံစားကြည့်ကြပါဦး။

ချစ်ခြင်းမေတ္တာတွေနဲ့ ပျော်ရွှင်ဝမ်းမြောက်ခြင်းတွေ အသီးသီးကူးစက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ မကြာခင်မှာတော့ Meghan တစ်ယောက်လည်း တော်ဝင်မိသားစုထဲမှာ ဘယ်လိုဖက်ရှင်တွေနဲ့ ဘယ်လိုပုံစံမျိုးတွေ မြင်တွေ့ရဦးမလဲ။

မင်းသား၊ မင်းသမီးလေးတွေလည်း ဘယ်တော့များ ဝင်ရောက်လာဦးမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲနော်။

မကြာခင်မှာ ဒီမှာလည်း မင်္ဂလာပွဲကျင်းပတဲ့ကာလရောက်လာတော့မှာဆိုတော့ တော်ဝင်မိသားစု မင်္ဂလာပွဲဓာတ်ပုံလေးတွေကို ခံစားရင်း ကိုယ့်ရဲ့ မင်္ဂလာပွဲလေးကိုလည်း အကောင်းဆုံးပြင်ဆင်ကြနိုင်ဖို့ ထပ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

Moethaesay (Akhayar)