[ZawGyi]

ေခ်ာေမာၾကည္႔ေကာင္းၾကတဲ႔ ကမၻာေပၚကဘုရင္နဲ႔မိဖုရားမ်ား

ဝီလ်ံနဲ႔ကိတ္ ၊ ဟယ္ရီနဲ႔မီဂန္မာကယ္လ္တုိ႔လိုပဲ ရုပ္ရည္ေခ်ာေမာၾကည္႔ေကာင္းၾကတဲ႔ ေတာ္ဝင္အမ်ိဳးအႏြယ္ေတြဟာ ကမၻာ႔ႏိုင္ငံအသီးသီးမွာ အမ်ားၾကီးရွိပါတယ္။ ေတာ္ဝင္ဆုိတဲ႔ ဂုဏ္ျဒပ္အျပင္ ေခ်ာေမာၾကည္႔ေကာင္းတဲ႔ ပံုပန္းသြင္ျပင္ ေကာင္းတဲ႔သတင္းေက်ာ္ေဇာမႈေတြေၾကာင္႔လည္း သူတုိ႔ေတြကိုစိတ္ဝင္တစားရွိေနခဲ႔ၾကတာပါ။ သူတုိ႔ေတြကေတာ႔…

ဘူတန္ဘုရင္ Jigme Khesar Namgyel Wangchuck နဲ႔ မိဖုရား Jetsun Pema

ဘူတန္ဘုရင္နဲ႔မိဖုရားတို႔ဟာလည္း ၾကည္႔ေကာင္းတဲ႔ရုပ္ရည္သြင္ျပင္နဲ႔ ႏုနယ္ပ်ိဳမ်စ္တဲ႔အလွတရားရွိသူေတြမို႔ တစ္ကမၻာလံုးကလူေတြ သတိထားမိတဲ႔ေတာ္ဝင္စံုတြဲထဲမွာပါဝင္ပါတယ္။ သူတုိ႔ႏွစ္ဦးဟာ၂၀၁၁ ေအာက္တိုဘာလက လက္ထပ္ပြဲဆင္ႏႊဲခဲ႔ၾကျပီး သူတုိ႔ႏွစ္ဦးရဲ႕ ပ်ားရည္ဆမ္းခရီးအေနနဲ႔ ကမၻာ႔ႏိုင္ငံေပါင္းမ်ားစြာကို သြားေရာက္လည္ပတ္ခဲ႔တာကလည္း အေတာ္ေလးလူသိမ်ားခဲ႔တဲ႔အျဖစ္ပါ။ ဝတ္စားဆင္ယင္မႈမွာဖက္ရွင္အက်ဆံုးနဲ႔ ဆြဲေဆာင္မႈရွိတဲ႔ ေတာ္ဝင္စံုတြဲအျဖစ္ နာမည္ၾကီးပါတယ္။ ဘူတန္ဘုရင္နဲ႔ မိဖုရားဟာ၂၀၁၆ခုနစ္ေဖေဖာ္ဝါရီလ ၅ ရက္ေန႔မွာေတာ႔ သားေတာ္ေလး Jigme Namgyel Wangchuck ကိုေမြးဖြားခဲ႔ျပီးျဖစ္ပါတယ္။

စပိန္ဘုရင္ Felipe နဲ႔ မိဖုရား Letizia

၂၀၀၄ ခုနစ္က လက္ဆက္ခဲ႔ၾကတဲ႔ စပိန္ဘုရင္ Felipe နဲ႔ မိဖုရား Letizia တို႔ဟာလည္း စမတ္က်လွတဲ႔ေတာ္ဝင္ဇနီးေမာင္ႏွံေတြျဖစ္ပါတယ္။ အခုဆိုရင္ေတာ႔ သူတုိ႔မွာခ်စ္စရာသမီးေလးႏွစ္ေယာက္ရွိေနပါျပီ။ သူတုိ႔ႏွစ္ဦးရဲ႕ မဂၤလာပြဲကို မစ္ဒရစ္မွာ က်င္းပခဲ႔ျပီး ဥေရာပေတာ္ဝင္မိသားစုေတြအားလံုးတက္ေရာက္ခဲ႔ၾကပါတယ္။ ေတာ္ဝင္မဂၤလာပြဲကို ကမၻာတစ္ဝွမ္းကလူေပါင္း သန္းခ်ီကာ ရုပ္ျမင္သံၾကားမွတဆင္႔ၾကည္႔ရႈအားေပးခဲ႔ၾကျပီး ဘုရင္ Felipe ဟာ မိဖုရား Letizia ရဲ႕ ဒုတိယေျမာက္ခင္ပြန္းျဖစ္ပါတယ္။

မဂၤလာလက္ဖြဲ႕

မဂၤလာလက္ဖြဲ႕

 

မိုနာကိုဘုရင္ Pierre Casiraghi နဲ႔ မိဖုရား Beartice Borromeo

၂၀၁၅ ခုနစ္မွာ လက္ထပ္ပြဲရိုးရိုးေလးျပဳလုပ္ျပီး မဂၤလာပြဲဆင္ႏႊဲခဲ႔တဲ႔ မိုနာကိုဘုရင္ Pierre Casiraghi နဲ႔ မိဖုရား Beartice Borromeo တို႔ဟာလည္း အားလံုးကေငးေမာအားက်ရတဲ႔ ေတာ္ဝင္စံုတြဲေလးလည္းျဖစ္ပါတယ္။ အဲဒီႏွစ္မွာပဲ မိဖုရား Beartice ဟာ သတင္းေထာက္ေမဂ်ာနဲ႔ ကိုလံဘီယာတကၠသိုလ္ကေန မာစတာဘြဲ႔ရခဲ႔ျပီး F4Dရဲ႕ လူ႔အခြင္႔အေရးဆုိင္ရာသံတမန္အျဖစ္ခန္႔အပ္ခံခဲ႔ရပါတယ္။

ေနာ္ေဝအိမ္ေရွ႕မင္းသား Haakon Magnus နဲ႔ အိမ္ေရွ႕မင္းသမီး Mette Marit

ေနာ္ေဝအိမ္ေရွ႕မင္းသား Haakon Magnus နဲ႔ အိမ္ေရွ႕မင္းသမီး Mette Marit တို႔ဟာ ၂၀၁၁ ခုနစ္က လက္ထပ္ခဲ႔ၾကပါတယ္။ သူတုိ႔ႏွစ္ဦးဟာ သမီးေလးတစ္ဦးနဲ႔သားေလးတစ္ဦးေမြးဖြားျပီး မင္းသမီး Mette Marit ဟာေတာ႔ အရင္ကအိမ္ေထာင္က်ခဲ႔ဖူးျပီး အရင္အိမ္ေထာင္နဲ႔သားေလးတစ္ေယာက္ရွိပါတယ္။

မေလးရွားဘုရင္႔သမီးေတာ္ Tunku Tun Aminah နဲ႔ ၾကင္ယာေတာ္ Dennis Muhammad Abdullah

မေလးရွားႏိုင္ငံရဲ႕ ၾသဇာအာဏာအရွိဆံုးဘုရင္ေတြထဲမွာတစ္ပါးျဖစ္တဲ႔ဂ်ိဳဟာဘုရင္ရဲ႕ တစ္ဦးတည္းေသာသမီးေတာ္ မင္းသမီးေလး Tunku Tun Aminah နဲ႔ သူ႔ရဲ႕ၾကင္ယာေတာ္ Dennis Muhammad Abdullah တို႔ဟာလည္း လူတိုင္းေငးေမာအားက်ရတဲ႔ ခ်စ္ခင္စရာ စံုတြဲေလးထဲမွာပါဝင္ပါတယ္။ မင္းသမီးေလးက အသက္ ၃၁ ႏွစ္ရွိျပီး ၾကင္ယာေတာ္ Dennis Muhammad Abdullah ကေတာ႔ အသက္ ၂၈ ႏွစ္ျဖစ္ပါတယ္။ သူတုိ႔ႏွစ္ဦးဟာ ခ်စ္သက္တမ္း ၃ ႏွစ္ၾကာရွိခဲ႔ျပီး ၂၀၁၇ ခုနစ္ ၾသဂုတ္လက လက္ထပ္ပြဲဆင္ႏႊဲခဲ႔ၾကတာ ျဖစ္ပါတယ္။

www.akhayar.com

[Unicode]

ချောမောကြည့်ကောင်းကြတဲ့ ကမ္ဘာပေါ်ကဘုရင်နဲ့မိဖုရားများ

ဝီလျံနဲ့ကိတ် ၊ ဟယ်ရီနဲ့မီဂန်မာကယ်လ်တို့လိုပဲ ရုပ်ရည်ချောမောကြည့်ကောင်းကြတဲ့ တော်ဝင်အမျိုးအနွယ်တွေဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အများကြီးရှိပါတယ်။ တော်ဝင်ဆိုတဲ့ ဂုဏ်ဒြပ်အပြင် ချောမောကြည့်ကောင်းတဲ့ ပုံပန်းသွင်ပြင် ကောင်းတဲ့သတင်းကျော်ဇောမှုတွေကြောင့်လည်း သူတို့တွေကိုစိတ်ဝင်တစားရှိနေခဲ့ကြတာပါ။ သူတို့တွေကတော့…

ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuck နဲ့ မိဖုရား Jetsun Pema

ဘူတန်ဘုရင်နဲ့မိဖုရားတို့ဟာလည်း ကြည့်ကောင်းတဲ့ရုပ်ရည်သွင်ပြင်နဲ့ နုနယ်ပျိုမျစ်တဲ့အလှတရားရှိသူတွေမို့ တစ်ကမ္ဘာလုံးကလူတွေ သတိထားမိတဲ့တော်ဝင်စုံတွဲထဲမှာပါဝင်ပါတယ်။ သူတို့နှစ်ဦးဟာ၂၀၁၁ အောက်တိုဘာလက လက်ထပ်ပွဲဆင်နွှဲခဲ့ကြပြီး သူတို့နှစ်ဦးရဲ့ ပျားရည်ဆမ်းခရီးအနေနဲ့ ကမ္ဘာ့နိုင်ငံပေါင်းများစွာကို သွားရောက်လည်ပတ်ခဲ့တာကလည်း အတော်လေးလူသိများခဲ့တဲ့အဖြစ်ပါ။ ဝတ်စားဆင်ယင်မှုမှာဖက်ရှင်အကျဆုံးနဲ့ ဆွဲဆောင်မှုရှိတဲ့ တော်ဝင်စုံတွဲအဖြစ် နာမည်ကြီးပါတယ်။ ဘူတန်ဘုရင်နဲ့ မိဖုရားဟာ၂၀၁၆ခုနစ်ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ သားတော်လေး Jigme Namgyel Wangchuck ကိုမွေးဖွားခဲ့ပြီးဖြစ်ပါတယ်။

စပိန်ဘုရင် Felipe နဲ့ မိဖုရား Letizia

၂၀၀၄ ခုနစ်က လက်ဆက်ခဲ့ကြတဲ့ စပိန်ဘုရင် Felipe နဲ့ မိဖုရား Letizia တို့ဟာလည်း စမတ်ကျလှတဲ့တော်ဝင်ဇနီးမောင်နှံတွေဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့မှာချစ်စရာသမီးလေးနှစ်ယောက်ရှိနေပါပြီ။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို မစ်ဒရစ်မှာ ကျင်းပခဲ့ပြီး ဥရောပတော်ဝင်မိသားစုတွေအားလုံးတက်ရောက်ခဲ့ကြပါတယ်။ တော်ဝင်မင်္ဂလာပွဲကို ကမ္ဘာတစ်ဝှမ်းကလူပေါင်း သန်းချီကာ ရုပ်မြင်သံကြားမှတဆင့်ကြည့်ရှုအားပေးခဲ့ကြပြီး ဘုရင် Felipe ဟာ မိဖုရား Letizia ရဲ့ ဒုတိယမြောက်ခင်ပွန်းဖြစ်ပါတယ်။

မင်္ဂလာလက်ဖွဲ့

မင်္ဂလာလက်ဖွဲ့

 

မိုနာကိုဘုရင် Pierre Casiraghi နဲ့ မိဖုရား Beartice Borromeo

၂၀၁၅ ခုနစ်မှာ လက်ထပ်ပွဲရိုးရိုးလေးပြုလုပ်ပြီး မင်္ဂလာပွဲဆင်နွှဲခဲ့တဲ့ မိုနာကိုဘုရင် Pierre Casiraghi နဲ့ မိဖုရား Beartice Borromeo တို့ဟာလည်း အားလုံးကငေးမောအားကျရတဲ့ တော်ဝင်စုံတွဲလေးလည်းဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ မိဖုရား Beartice ဟာ သတင်းထောက်မေဂျာနဲ့ ကိုလံဘီယာတက္ကသိုလ်ကနေ မာစတာဘွဲ့ရခဲ့ပြီး F4Dရဲ့ လူ့အခွင့်အရေးဆိုင်ရာသံတမန်အဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။

နော်ဝေအိမ်ရှေ့မင်းသား Haakon Magnus နဲ့ အိမ်ရှေ့မင်းသမီး Mette Marit

နော်ဝေအိမ်ရှေ့မင်းသား Haakon Magnus နဲ့ အိမ်ရှေ့မင်းသမီး Mette Marit တို့ဟာ ၂၀၁၁ ခုနစ်က လက်ထပ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ သမီးလေးတစ်ဦးနဲ့သားလေးတစ်ဦးမွေးဖွားပြီး မင်းသမီး Mette Marit ဟာတော့ အရင်ကအိမ်ထောင်ကျခဲ့ဖူးပြီး အရင်အိမ်ထောင်နဲ့သားလေးတစ်ယောက်ရှိပါတယ်။

မလေးရှားဘုရင့်သမီးတော် Tunku Tun Aminah နဲ့ ကြင်ယာတော် Dennis Muhammad Abdullah

မလေးရှားနိုင်ငံရဲ့ သြဇာအာဏာအရှိဆုံးဘုရင်တွေထဲမှာတစ်ပါးဖြစ်တဲ့ဂျိုဟာဘုရင်ရဲ့ တစ်ဦးတည်းသောသမီးတော် မင်းသမီးလေး Tunku Tun Aminah နဲ့ သူ့ရဲ့ကြင်ယာတော် Dennis Muhammad Abdullah တို့ဟာလည်း လူတိုင်းငေးမောအားကျရတဲ့ ချစ်ခင်စရာ စုံတွဲလေးထဲမှာပါဝင်ပါတယ်။ မင်းသမီးလေးက အသက် ၃၁ နှစ်ရှိပြီး ကြင်ယာတော် Dennis Muhammad Abdullah ကတော့ အသက် ၂၈ နှစ်ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ချစ်သက်တမ်း ၃ နှစ်ကြာရှိခဲ့ပြီး ၂၀၁၇ ခုနစ် သြဂုတ်လက လက်ထပ်ပွဲဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။

www.akhayar.com