[ZawGyi]

မဂၤလာလက္ဖြဲ႔အေနနဲ႔ လိုအပ္တဲ႔ေနရာေတြလွဴဒါန္းေပးဖုိ႔ေတာင္းဆုိလုိက္တဲ႔ မင္းသားဟယ္ရီနဲ႔မီဂန္မာကယ္

ေတာ္ဝင္မင္းသားဟယ္ရီနဲ႔သူ႔ရဲ႕သတို႔သမီး မီဂန္မာကယ္တို႔ရဲ႕ မဂၤလာေဆာင္ရက္ကလည္းတျဖည္းျဖည္းနီးကပ္လာျပီေနာ္။ ေမလ ၁၉ ရက္ေန႔မွာ မဂၤလာပြဲဆင္ႏႊဲၾကမယ္႔ သူတုိ႔ေတြဟာ လက္ရွိအခ်ိန္မွာေတာ႔ သူတုိ႔အတြက္မဂၤလာလက္ဖြဲ႔ကိုလက္ေဆာင္ပစၥည္းေတြ မေပးဖို႔နဲ႔ လက္ေဆာင္ပစၥည္းေတြအစား သူတုိ႔ေရြးခ်ယ္ထားတဲ႔ ပရဟိတေဖာင္ေဒးရွင္းေတြမွာ လွဴဒါန္းေပးၾကဖုိ႔ကို ေၾကညာထားပါတယ္။
သူတို႔အေနနဲ႔ အလွ်ံပယ္ျဖစ္ေနမယ္႔ လက္ေဆာင္ပစၥည္းေတြအစား အလွဴလုပ္ေပးၾကဖုိ႔ ေတာင္းဆုိခဲ႔တာကို အားလံုးလိုလိုကလည္းလက္ခံသေဘာက်ပါတယ္။ ေတာ္ဝင္မဂၤလာပြဲမို႕ လက္ေဆာင္ေပးရတာလည္း အေတာ္ေလးေတြးေတာစဥ္းစားရမွာပါ။ ဒီလုိ ပကာသနလႊမ္းတဲ႔လက္ေဆာင္ေတြအစားလိုအပ္တဲ႔ေနရာေတြကို လွဴဒါန္းမႈေတြျပဳလုပ္ျခင္းကတန္ဖုိးရွိလွတဲ႔လက္ေဆာင္ပါပဲ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

သူတုိ႔ေစ႔စပ္ပြဲမလုပ္ခင္မွာ မီဂန္မာကယ္ကို World Vision ရဲ႕ Global Ambassador အျဖစ္ခန္႔အပ္ျခင္းနဲ႔အျခားေသာ အဖြဲ႔အစည္းေတြမွာ အားေပးေထာက္ခံသူအျဖစ္ပါဝင္လာျခင္းကလည္း အခုလိုစဥ္းစားျပင္ဆင္ထားမႈနဲ႔ဆက္ႏြယ္ေနႏိုင္ပါတယ္။ ဒါကိုေတာ႔ Kensington Palace Twitter အေကာင္႔ကေနဧျပီလ ၉ရက္ေန႔ကေၾကညာခဲ႔တာပါ။

Kensington Palace Announcement

Kensington Palace Announcement

မင္းသားဟယ္ရီနဲ႔မီဂန္တုိ႔ဟာသူတုိ႔ကိုခ်စ္ခင္ေကာင္းခ်ီးေပးျခင္းေတြအတြက္ ေက်းဇူးတင္ေနပါတယ္။ သူတုိ႔ရဲ႕မဂၤလာပြဲအတြက္ လက္ေဆာင္ေတြပုိ႔ေပးမယ္႔အစား လွဴဒါန္းမႈေတြလုပ္ေပးၾကပါလုိ႔ ေတာင္းဆုိလိုက္တာျဖစ္ပါတယ္။ သူတုိ႔ကိုယ္တိုင္ Personally ေရြးခ်ယ္ထားတဲ႔ Charities ၇ ခုရွိပါတယ္တဲ႔။

အဲဒါေတြကေတာ႔ HIV ေဝဒနာရွင္ကေလးေတြနဲ႔ သူ႔ရဲ႕မိသားစုေတြကို ကူညီေထာက္ပ႔ံေပးေနတဲ႔ CHIVA (Children’s HIV Association)၊ အိမ္ေျခယာမဲ႔ေတြကိုအကူအညီေပးေနတဲ႔ Crisis – UK ၊ အမ်ိဳးသမီးတစ္ဦးခ်င္းနဲ႔ကိုယ္ထူကိုယ္ထ လုပ္ငန္းရွင္အမ်ိဳးသမီးေတြကို ကူညီေပးေနတဲ႔ မြမ္ဘိုင္းအေျခစိုက္ MynaMahila Foundation ၊ ျဗိတိသွ်တပ္မေတာ္မွာတာဝန္ထမ္းေဆာင္ေနရင္း အသက္ေပးလိုက္ရတဲ႔တပ္မေတာ္သားေတြရဲ႕ ကေလးေတြကိုကူညီေနတဲ႔ Scotty’s Little Soldiers ၊ လူေတြကို ပိုမိုက်န္းမာေပ်ာ္ရႊင္ေအာင္လံုျခံဳေအာင္လုပ္ေဆာင္ေပးေနသလို ဘဝသစ္ျပန္စဖုိ႔အတြက္ၾကိဳးစားေနတဲ႔ကေလးေတြကို ကူညီေပးေနတဲ႔ StreetGames ၊ ပင္လယ္၊သမုဒၵရာနဲ႔ ကမ္းေျခ၊ ေတာေတာင္ေရေျမနဲ႔ေတာတြင္းသတၱဝါေတြကို ကာကြယ္ဖို႔လုပ္ေဆာင္ေနတဲ႔ Surfers Against Sewage နဲ႔ ကႏၱာရ၊ သစ္ေတာ ျခံဳေတာ၊ အရိုင္းေတာေတြကိုခ်စ္တတ္ေစဖုိ႔ လုပ္ေဆာင္ေနတဲ႔ The Wilderness Foundation UK တို႔ျဖစ္ပါတယ္။ မဂၤလာပြဲအတြက္လက္ေဆာင္ပစၥည္းေတြေပးမယ္႔အစား ဒီလုိလွဴဒါန္းဖုိ႔ေတာင္းဆုိလုိက္ျခင္းဟာ အေကာင္းဆံုးေသာေရြးခ်ယ္မႈလို႔ဆုိရမွာပါ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

ဒီ လွဴဒါန္းမႈေတြဟာ ၂၀၁၁ ခုနစ္ကက်င္းပခဲ႔တဲ႔ ေတာ္ဝင္မင္းသားဝီလ်ံနဲ႔ ကိတ္မစ္ဒယ္လ္တန္တို႔မဂၤလာပြဲအထိမ္းအမွတ္ျဖစ္တဲ႔ “Royal Wedding Charitable Fund” ရဲ႕ေနာက္ထပ္ေျခလွမ္းတစ္ခုျဖစ္ပါတယ္။ မင္းသားဝီလ်ံနဲ႔ ကိတ္မစ္ဒယ္လ္တန္တို႔ဟာ လွဴဒါန္းမယ္႔ေနရာ ၂၆ ေနရာအတြက္ေပါင္ ၁ သန္းမတည္ခဲ႔တာျဖစ္ပါတယ္။ သူတုိ႔အေနနဲ႔လူအမ်ားသိရွိျပီး ေထာက္ပ႔ံမႈရထားျပီးတဲ႔ေနရာေတြထက္ လွဴဒါန္းမႈနည္းတဲ႔ေနရာေတြကို အဓိကေရြးခ်ယ္လွဴဒါန္းၾကတာျဖစ္ပါတယ္။

မင္းဟားဟယ္ရီနဲ႔မီဂန္မာကယ္တို႔ရရွိထားတဲ႔လက္ေဆာင္ေတြဟာ ၁၉၈၁ မွာက်င္းပခဲ႔တဲ႔ ခ်ားလ္စ္မင္းသားနဲဒိုင္ယာနာရဲ႕ မဂၤလာပြဲတုန္းကထက္ပိုမ်ားျပားတယ္လုိ႔သိရပါတယ္။ သူတုိ႔ေတြဟာ ခမ္းနားလွတဲ႔ ပရိေဘာဂမ်ိဳးစံု၊ မီးဖိုခန္းျပင္ဆင္မႈနဲ႔ အိပ္ရာအခမ္းအနားေတြကို လက္ေဆာင္ရခဲ႔ၾကပါတယ္။ ေတာ္ဝင္မိသားစုရဲ႕ မဂၤလာလက္ဖြဲ႔အေနနဲ႔ရတဲ႔ လက္ေဆာင္ေတြထဲက တခ်ိဳ႕ကိုSt James’ Palace မွာျပသထားေလ႔ရွိပါတယ္။

www.akhayar.com

[Unicode]

မင်္ဂလာလက်ဖွဲ့အနေနဲ့ လိုအပ်တဲ့နေရာတွေလှူဒါန်းပေးဖို့တောင်းဆိုလိုက်တဲ့ မင်းသားဟယ်ရီနဲ့မီဂန်မာကယ်

တော်ဝင်မင်းသားဟယ်ရီနဲ့သူ့ရဲ့သတို့သမီး မီဂန်မာကယ်တို့ရဲ့ မင်္ဂလာဆောင်ရက်ကလည်းတဖြည်းဖြည်းနီးကပ်လာပြီနော်။ မေလ ၁၉ ရက်နေ့မှာ မင်္ဂလာပွဲဆင်နွှဲကြမယ့် သူတို့တွေဟာ လက်ရှိအချိန်မှာတော့ သူတို့အတွက်မင်္ဂလာလက်ဖွဲ့ကိုလက်ဆောင်ပစ္စည်းတွေ မပေးဖို့နဲ့ လက်ဆောင်ပစ္စည်းတွေအစား သူတို့ရွေးချယ်ထားတဲ့ ပရဟိတဖောင်ဒေးရှင်းတွေမှာ လှူဒါန်းပေးကြဖို့ကို ကြေညာထားပါတယ်။
သူတို့အနေနဲ့ အလျှံပယ်ဖြစ်နေမယ့် လက်ဆောင်ပစ္စည်းတွေအစား အလှူလုပ်ပေးကြဖို့ တောင်းဆိုခဲ့တာကို အားလုံးလိုလိုကလည်းလက်ခံသဘောကျပါတယ်။ တော်ဝင်မင်္ဂလာပွဲမို့ လက်ဆောင်ပေးရတာလည်း အတော်လေးတွေးတောစဉ်းစားရမှာပါ။ ဒီလို ပကာသနလွှမ်းတဲ့လက်ဆောင်တွေအစားလိုအပ်တဲ့နေရာတွေကို လှူဒါန်းမှုတွေပြုလုပ်ခြင်းကတန်ဖိုးရှိလှတဲ့လက်ဆောင်ပါပဲ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

သူတို့စေ့စပ်ပွဲမလုပ်ခင်မှာ မီဂန်မာကယ်ကို World Vision ရဲ့ Global Ambassador အဖြစ်ခန့်အပ်ခြင်းနဲ့အခြားသော အဖွဲ့အစည်းတွေမှာ အားပေးထောက်ခံသူအဖြစ်ပါဝင်လာခြင်းကလည်း အခုလိုစဉ်းစားပြင်ဆင်ထားမှုနဲ့ဆက်နွယ်နေနိုင်ပါတယ်။ ဒါကိုတော့ Kensington Palace Twitter အကောင့်ကနေဧပြီလ ၉ရက်နေ့ကကြေညာခဲ့တာပါ။

Kensington Palace Announcement

Kensington Palace Announcement

မင်းသားဟယ်ရီနဲ့မီဂန်တို့ဟာသူတို့ကိုချစ်ခင်ကောင်းချီးပေးခြင်းတွေအတွက် ကျေးဇူးတင်နေပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲအတွက် လက်ဆောင်တွေပို့ပေးမယ့်အစား လှူဒါန်းမှုတွေလုပ်ပေးကြပါလို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် Personally ရွေးချယ်ထားတဲ့ Charities ၇ ခုရှိပါတယ်တဲ့။

အဲဒါတွေကတော့ HIV ဝေဒနာရှင်ကလေးတွေနဲ့ သူ့ရဲ့မိသားစုတွေကို ကူညီထောက်ပံ့ပေးနေတဲ့ CHIVA (Children’s HIV Association)၊ အိမ်ခြေယာမဲ့တွေကိုအကူအညီပေးနေတဲ့ Crisis – UK ၊ အမျိုးသမီးတစ်ဦးချင်းနဲ့ကိုယ်ထူကိုယ်ထ လုပ်ငန်းရှင်အမျိုးသမီးတွေကို ကူညီပေးနေတဲ့ မွမ်ဘိုင်းအခြေစိုက် MynaMahila Foundation ၊ ဗြိတိသျှတပ်မတော်မှာတာဝန်ထမ်းဆောင်နေရင်း အသက်ပေးလိုက်ရတဲ့တပ်မတော်သားတွေရဲ့ ကလေးတွေကိုကူညီနေတဲ့ Scotty’s Little Soldiers ၊ လူတွေကို ပိုမိုကျန်းမာပျော်ရွှင်အောင်လုံခြုံအောင်လုပ်ဆောင်ပေးနေသလို ဘဝသစ်ပြန်စဖို့အတွက်ကြိုးစားနေတဲ့ကလေးတွေကို ကူညီပေးနေတဲ့ StreetGames ၊ ပင်လယ်၊သမုဒ္ဒရာနဲ့ ကမ်းခြေ၊ တောတောင်ရေမြေနဲ့တောတွင်းသတ္တဝါတွေကို ကာကွယ်ဖို့လုပ်ဆောင်နေတဲ့ Surfers Against Sewage နဲ့ ကန္တာရ၊ သစ်တော ခြုံတော၊ အရိုင်းတောတွေကိုချစ်တတ်စေဖို့ လုပ်ဆောင်နေတဲ့ The Wilderness Foundation UK တို့ဖြစ်ပါတယ်။ မင်္ဂလာပွဲအတွက်လက်ဆောင်ပစ္စည်းတွေပေးမယ့်အစား ဒီလိုလှူဒါန်းဖို့တောင်းဆိုလိုက်ခြင်းဟာ အကောင်းဆုံးသောရွေးချယ်မှုလို့ဆိုရမှာပါ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

ဒီ လှူဒါန်းမှုတွေဟာ ၂၀၁၁ ခုနစ်ကကျင်းပခဲ့တဲ့ တော်ဝင်မင်းသားဝီလျံနဲ့ ကိတ်မစ်ဒယ်လ်တန်တို့မင်္ဂလာပွဲအထိမ်းအမှတ်ဖြစ်တဲ့ “Royal Wedding Charitable Fund” ရဲ့နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ မင်းသားဝီလျံနဲ့ ကိတ်မစ်ဒယ်လ်တန်တို့ဟာ လှူဒါန်းမယ့်နေရာ ၂၆ နေရာအတွက်ပေါင် ၁ သန်းမတည်ခဲ့တာဖြစ်ပါတယ်။ သူတို့အနေနဲ့လူအများသိရှိပြီး ထောက်ပံ့မှုရထားပြီးတဲ့နေရာတွေထက် လှူဒါန်းမှုနည်းတဲ့နေရာတွေကို အဓိကရွေးချယ်လှူဒါန်းကြတာဖြစ်ပါတယ်။

မင်းဟားဟယ်ရီနဲ့မီဂန်မာကယ်တို့ရရှိထားတဲ့လက်ဆောင်တွေဟာ ၁၉၈၁ မှာကျင်းပခဲ့တဲ့ ချားလ်စ်မင်းသားနဲဒိုင်ယာနာရဲ့ မင်္ဂလာပွဲတုန်းကထက်ပိုများပြားတယ်လို့သိရပါတယ်။ သူတို့တွေဟာ ခမ်းနားလှတဲ့ ပရိဘောဂမျိုးစုံ၊ မီးဖိုခန်းပြင်ဆင်မှုနဲ့ အိပ်ရာအခမ်းအနားတွေကို လက်ဆောင်ရခဲ့ကြပါတယ်။ တော်ဝင်မိသားစုရဲ့ မင်္ဂလာလက်ဖွဲ့အနေနဲ့ရတဲ့ လက်ဆောင်တွေထဲက တချို့ကိုSt James’ Palace မှာပြသထားလေ့ရှိပါတယ်။

www.akhayar.com