(၆၂) ႏွစ္ေက်ာ္မွ ကေလးထပ္ရေတာ့မယ့္ ဟာသမင္းသားႀကီး မစၥတာဘင္း (Mr. Bean)

Rowan Atkinson, Mr Bean, Is Expecting Another Child At The Age Of 62

[Zawgyi]

(၆၂) ႏွစ္ေက်ာ္မွ ကေလးထပ္ရေတာ့မယ့္ ဟာသမင္းသားႀကီး မစၥတာဘင္း (Mr. Bean)

မစၥတာဘင္း (Mr. Bean) ဇာတ္ေကာင္နဲ႔ ကမၻာေက်ာ္ခဲ့တဲ့ ၿဗိတိန္မင္းသားႀကီး ရုိဝင္အက္ကင္ဆန္ (Rowan Atkinson) ဟာ (၆၂) ႏွစ္ေက်ာ္မွ ကေလးအေဖထပ္ျဖစ္ေတာ့မယ္လုိ႔ သိရပါတယ္။ သူ႕ခ်စ္သူ လူးဝစ္ဖုိ႔ဒ္ (Louise Ford) ဟာ ရင္ေသြးလြယ္ထားရၿပီး ခရစၥမတ္ဝန္းက်င္မွာ ေမြးဖြားေတာ့မယ္လုိ႔ Daily Mirror သတင္းစာရဲ႕အဆုိအရ သိရပါတယ္။ မစၥတာဘင္းဟာ (၃၃) ႏွစ္အရြယ္ရွိတဲ့ လူးဝစ္ဖုိ႔ဒ္နဲ႔ ၂ဝ၁၄ခုႏွစ္ကတည္းက ခ်စ္သူေတြျဖစ္ခဲ့ၾကတာပါ။

ရုိဝင္အက္ကင္ဆန္ (Rowan Atkinson) နဲ႔ သူ႕ခ်စ္သူ လူးဝစ္ဖုိ႔ဒ္ (Louise Ford)
ရုိဝင္အက္ကင္ဆန္ (Rowan Atkinson) နဲ႔ သူ႕ခ်စ္သူ လူးဝစ္ဖုိ႔ဒ္ (Louise Ford)

မစၥတာဘင္းဟာ မိတ္ကပ္ပညာရွင္ ဆန္နီထရာစက္ထရုိင္း (Sunetra Sastry) နဲ႔ ၁၉၉ဝခုႏွစ္ ေဖေဖာ္ဝါရီလမွာ လက္ထပ္ခဲ့ၿပီး ဘင္ (Ben) နဲ႔ လီလီ (Lily) ဆုိတဲ့ သားသမီးႏွစ္ေယာက္ ထြန္းကားခဲ့ပါတယ္။ အခုခ်ိန္မွာ ဘင္ဟာ (၂၃) ႏွစ္ရွိေနၿပီး သမီးငယ္လီလီက (၂၁) အရြယ္မွာပါ။ ဒါေပမယ့္ ၂ဝ၁၄ခုႏွစ္မွာ ဆန္နီထရာစက္ထရုိင္းနဲ႔ လမ္းခြဲခဲ့ၿပီး ၂ဝ၁၅ခုႏွစ္ ႏုိဝင္ဘာလ (၁ဝ) ရက္ေန႔မွာ တရားဝင္ကြာရွင္းခဲ့ပါတယ္။

မစၥတာဘင္းနဲ႔ ဇနီးေဟာင္း ဆန္နီထရာစက္ထရုိင္း (Sunetra Sastry)
မစၥတာဘင္းနဲ႔ ဇနီးေဟာင္း ဆန္နီထရာစက္ထရုိင္း (Sunetra Sastry)

အခုရေတာ့မယ့္ ရင္ေသြးဟာ မစၥတာဘင္းအတြက္ေတာ့ တတိယေျမာက္ရင္ေသြးျဖစ္ၿပီး လူးဝစ္ဖုိ႔ဒ္နဲ႔ ပထမဆုံးရတဲ့ရင္ေသြးလုိ႔ ဆုိႏုိင္ပါတယ္။ မစၥတာဘင္းတုိ႔ဇနီးေမာင္ႏွံဟာ ဒီဇင္ဘာလကုန္ပုိင္းမွာ ေမြးဖြားလာမယ့္ ရင္ေသြးအတြက္ ဝမ္းသာပီတိဂြမ္းဆီထိ ျဖစ္ေနေၾကာင္း နီးစပ္တဲ့အသုိင္းအဝုိင္းမွ သိရပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

(၆၂) နှစ်ကျော်မှ ကလေးထပ်ရတော့မယ့် ဟာသမင်းသားကြီး မစ္စတာဘင်း (Mr. Bean)

မစ္စတာဘင်း (Mr. Bean) ဇာတ်ကောင်နဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဗြိတိန်မင်းသားကြီး ရိုဝင်အက်ကင်ဆန် (Rowan Atkinson) ဟာ (၆၂) နှစ်ကျော်မှ ကလေးအဖေထပ်ဖြစ်တော့မယ်လို့ သိရပါတယ်။ သူ့ချစ်သူ လူးဝစ်ဖို့ဒ် (Louise Ford) ဟာ ရင်သွေးလွယ်ထားရပြီး ခရစ္စမတ်ဝန်းကျင်မှာ မွေးဖွားတော့မယ်လို့ Daily Mirror သတင်းစာရဲ့အဆိုအရ သိရပါတယ်။ မစ္စတာဘင်းဟာ (၃၃) နှစ်အရွယ်ရှိတဲ့ လူးဝစ်ဖို့ဒ်နဲ့ ၂ဝ၁၄ခုနှစ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတာပါ။

ရိုဝင်အက်ကင်ဆန် (Rowan Atkinson) နဲ့ သူ့ချစ်သူ လူးဝစ်ဖို့ဒ် (Louise Ford)
ရိုဝင်အက်ကင်ဆန် (Rowan Atkinson) နဲ့ သူ့ချစ်သူ လူးဝစ်ဖို့ဒ် (Louise Ford)

မစ္စတာဘင်းဟာ မိတ်ကပ်ပညာရှင် ဆန်နီထရာစက်ထရိုင်း (Sunetra Sastry) နဲ့ ၁၉၉ဝခုနှစ် ဖေဖော်ဝါရီလမှာ လက်ထပ်ခဲ့ပြီး ဘင် (Ben) နဲ့ လီလီ (Lily) ဆိုတဲ့ သားသမီးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။ အခုချိန်မှာ ဘင်ဟာ (၂၃) နှစ်ရှိနေပြီး သမီးငယ်လီလီက (၂၁) အရွယ်မှာပါ။ ဒါပေမယ့် ၂ဝ၁၄ခုနှစ်မှာ ဆန်နီထရာစက်ထရိုင်းနဲ့ လမ်းခွဲခဲ့ပြီး ၂ဝ၁၅ခုနှစ် နိုဝင်ဘာလ (၁ဝ) ရက်နေ့မှာ တရားဝင်ကွာရှင်းခဲ့ပါတယ်။

မစ္စတာဘင်းနဲ့ ဇနီးဟောင်း ဆန်နီထရာစက်ထရိုင်း (Sunetra Sastry)
မစ္စတာဘင်းနဲ့ ဇနီးဟောင်း ဆန်နီထရာစက်ထရိုင်း (Sunetra Sastry)

အခုရတော့မယ့် ရင်သွေးဟာ မစ္စတာဘင်းအတွက်တော့ တတိယမြောက်ရင်သွေးဖြစ်ပြီး လူးဝစ်ဖို့ဒ်နဲ့ ပထမဆုံးရတဲ့ရင်သွေးလို့ ဆိုနိုင်ပါတယ်။ မစ္စတာဘင်းတို့ဇနီးမောင်နှံဟာ ဒီဇင်ဘာလကုန်ပိုင်းမှာ မွေးဖွားလာမယ့် ရင်သွေးအတွက် ဝမ်းသာပီတိဂွမ်းဆီထိ ဖြစ်နေကြောင်း နီးစပ်တဲ့အသိုင်းအဝိုင်းမှ သိရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com