This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဥေရာပနဲ႔ ေတာင္အေမရိက အားၿပိဳင္မႈေတြကို ျမင္ေတြ႔ရမယ့္ ရံႈးထြက္ (၁၆)သင္းအဆင့္ ကန္႔လန္႔ကာအဖြင့္

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္ပြဲစဥ္ေတြကေတာ့ ၿပီးဆံုးသြားခဲ့ပါၿပီ။ လက္ရွိခ်န္ပီယံ ဂ်ာမနီအသင္း အုပ္စုအဆင့္က ထြက္ခဲ့ရတာကလြဲလို႔ အသင္းႀကီး အမ်ားစု ရံႈးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီး ေဘာလံုးေလာကရဲ႕ အင္အားႀကီးအသင္းေတြ ထိပ္တိုက္ေတြ႔ဆံုမယ့္ ပြဲစဥ္ေတြနဲ႔ စိတ္ဝင္စားဖို႔ ေကာင္းေနတယ္။ ဒီေန႔ (စေနေန႔)မွာေတာ့ ရံႈးထြက္ (၁၆)သင္းအဆင့္ကို ပြဲစဥ္ (၂)ပြဲနဲ႔ စတင္ကန္႔လန္႔ကာဖြင့္သြားမွာျဖစ္ပါတယ္။ ကမၻာ႔ေဘာလံုးရပ္ဝန္းမွာ အစဥ္အလာႀကီးမားတဲ့ ဥေရာပနဲ႔ ေတာင္အေမရိကတို႔ရဲ႕ အားၿပိဳင္မႈေတြကို ျမင္ေတြ႔ရမွာျဖစ္ၿပီး လက္ရွိကမၻာ႔အေကာင္းဆံုး ကစားသမား (၂)ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ မက္ဆီနဲ႔ စီေရာ္နယ္လ္ဒိုတို႔ရဲ႕ သက္ဆိုင္ရာႏိုင္ငံအသင္းေတြအတြက္ ဘယ္ေလာက္အထိ စြမ္းေဆာင္ေပးႏိုင္မလဲဆိုတာ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

ျပင္သစ္ – အာဂ်င္တီးနား (၃၀.၆.၂၀၁၈ စေနည ၈း၃၀ နာရီ)

ကမၻာ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ ၁၉၉၈ ၿပိဳင္ပြဲေနာက္ပိုင္း အေကာင္းဆံုး ကစားသမား အစုအဖြဲ႔လို႔ ေျပာရေလာက္ေအာင္ ျပင္သစ္လူစာရင္းက စုဖြဲ႔မႈအားေကာင္းေနတယ္။ ေရွ႔၊ လယ္၊ ေနာက္ ကမၻာ႔အေကာင္းဆံုး စာရင္းဝင္ ကစားသမားေတြကို ပိုင္ဆိုင္ထားၿပီး ခ်န္ပီယံဆုကို ပစ္မွတ္ထားေနတဲ့ အသင္းတစ္သင္းပါပဲ။ အာဂ်င္တီးနားအသင္းကေတာ့ ျပင္သစ္အသင္းနဲ႔ ဆန္႔က်င္ဘက္ အေျခအေနကို ေရာက္ေနတယ္။ အၿပီးသတ္စာရင္းမွာ ပါဝင္လာတဲ့ ကစားသမားေတြက အသက္အရြယ္ပိုင္းအရ အက်ဘက္ကို ေရာက္ေနတဲ့ ကစားသမားက မ်ားေနတယ္။ မက္ဆီလို လက္ရွိကမၻာ႔အေကာင္းဆံုး ကစားသမားတစ္ဦးကို ပိုင္ဆိုင္ထားေပမယ့္ ဆမ္ပါအိုလီရဲ႕ အသင္းက နည္းစနစ္ပိုင္းက အားနည္းမႈေတြ ရွိေနတယ္။ မက္ဆီကိုယ္တိုင္ေတာင္ အသင္းမွာ ရုန္းကန္ေနရၿပီး သြင္းဂိုးတစ္ဂိုးရဖို႔ေတာင္ ခက္ခက္ခဲခဲ ရုန္းကန္ေနရတယ္။ ေျခစစ္ပြဲမွာ ရုန္းကန္ခဲ့ရသလို အုပ္စုအဆင့္မွာလည္း ရုန္းကန္ခဲ့ရၿပီး အဆံုးအျဖတ္ပြဲစဥ္ေတြမွာ ရလဒ္ေကာင္းခဲ့လို႔သာ ဒီအဆင့္အထိ အာဂ်င္တီးနားအသင္း ေရာက္ရွိလာခဲ့တာပါ။ ျပင္သစ္အသင္းက အေကာင္းဆံုး ကစားသမား အစုအဖြဲ႔ကို ပိုင္ဆိုင္ထားေပမယ့္ တိုက္စစ္ပိုင္းကေတာ့ အနည္းငယ္လိုအပ္ခ်က္ေတြရွိေနေသးတာကို အုပ္စုပြဲစဥ္ေတြမွာ ျမင္ေတြ႔ခဲ့ရတယ္။ အာဂ်င္တီးနားအသင္းက ရလဒ္ပိုင္းေတြ ဆိုးရြားေနေပမယ့္ ဒီႏွစ္ ကမၻာ႔ဖလားမွာ ကံတရားက သူတို႔ဘက္မွာ ရွိေန သူတို႔ရဲ႕ အရွိန္အဝါက ျပင္သစ္ကို အေကာင္းဆံုး တံုျပန္ႏိုင္တဲ့ အေနအထားမွာ ရွိေနဆဲပါပဲ။ ကမၻာ႔ဖလားသမိုင္းမွာ (၂)ႀကိမ္ ေတြ႔ဆံုဖူးၿပီး (၂)ႀကိမ္စလံုး ျပင္သစ္တို႔ လက္ေျမွာက္အရံႈးေပးခဲ့ရတယ္။ ကစားသမားအင္အားပိုင္း အသာရေနေပမယ့္ မက္ဆီဦးေဆာင္လာမယ့္ အာဂ်င္တီးနားတိုက္စစ္ကို ခက္ခက္ခဲခဲထိန္းခ်ဳပ္ရဖို႔ ရွိေနတယ္။ သာမန္ပြဲကစားခ်ိန္အတြင္း သေရက်ဖို႔မ်ားေနၿပီး အခ်ိန္ပို၊ ပယ္နယ္တီေတြအထိ ေစာင့္ၾကည့္သြားရဖို႔ရွိေနတယ္။

Uruguay-Vs-Portugal

Uruguay-Vs-Portugal

ဥရုေဂြး – ေပၚတူဂီ (၁.၇.၂၀၁၈ တနဂၤေႏြနံနက္ ၀၀း၃၀ နာရီ)

ဥရုေဂြးအသင္းရဲ႕ ကစားပံုက အေကာင္းဆံုး အေနအထားမွာရွိေနတယ္။ အုပ္စုတြင္း ေပးဂိုးမရွိေအာင္ ကစားႏိုင္ခဲ့ၿပီး ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ အုပ္စုပထမေနရာကို ရရွိခဲ့တယ္။ ဆြာရက္ဇ္နဲ႔ ကာဗာနီတို႔လို႔ ကမၻာ႔အေကာင္းဆံုး စာရင္းဝင္ တိုက္စစ္မွဴးေတြကို ပိုင္ဆိုင္ထားေပမယ့္ သြင္းဂိုးေတြ ရရွိဖို႔ကိုေတာ့ ရုန္းကန္ေနရတယ္။ အိမ္ရွင္ရုရွားအသင္းကို ဂိုးျပတ္အႏိုင္ယူခဲ့တဲ့ အုပ္စုေနာက္ဆံုးပြဲက ေျခစြမ္းမ်ိဳး ဆက္ထိန္းႏိုင္ခဲ့ရင္ေတာ့ အရြယ္လြန္ကစားသမားမ်ားေနတဲ့ ေပၚတူဂီခံစစ္ေၾကာင္းက ေက်ာ္ျဖတ္ဖို႔ မခက္ခဲပါဘူး။ စီေရာ္နယ္လ္ဒို ပံုစံေကာင္းျပေနသလို ဂိုဒင္နဲ႔ ဟီမီနက္ဇ္တို႔ ဦးေဆာင္တဲ့ ဥရုေဂြးခံစစ္ေၾကာင္းကလည္း စြမ္းေဆာင္ရည္ပိုင္းအရ အျမင့္ဆံုးကို ေရာက္ေနတယ္။ လာလီဂါမွာ ၿပိဳင္ဘက္ေတြအျဖစ္ အႀကိမ္ႀကိမ္ရင္ဆိုင္ဖူးလို႔ တစ္ေယာက္အေၾကာင္း တစ္ေယာက္ေကာင္းေကာင္းသိေနတဲ့ အေနအထားမ်ိဳးမွာ စီေရာ္နယ္လ္ဒိုကပဲ ဂိုဒင္နဲ႔ ဟီမီနက္ဇ္တို႔ကို ေက်ာ္ျဖတ္ႏိုင္မလား။ သူတို႔ (၂)ဦးကပဲ စီေရာ္နယ္လ္ဒိုကို အေကာင္းဆံုး ထိန္းခ်ဳပ္ႏိုင္မလားဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းေနခဲ့တယ္။ စီေရာ္နယ္လ္ဒိုကို ထိန္းခ်ဳပ္ႏိုင္တာနဲ႔ ေပၚတူဂီတိုက္စစ္အသက္မဲ့သြားတာကို အုပ္စုေနာက္ဆံုးပြဲစဥ္မွာ ျမင္ေတြ႔ခဲ့ရတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ပထမဆံုးအႀကိမ္ ထိပ္တိုက္ရင္ဆိုင္ရမယ့္ ပြဲစဥ္က (၂)သင္းစလံုးအတြက္ (၅၀)၊ (၅၀)ပါပဲ။ ဥရုေဂြးတိုက္စစ္က ကာဗာနီ၊ ဆြာရက္ဇ္တို႔ ပံုစံေကာင္းျပႏိုင္ရင္ ေပၚတူဂီခံစစ္ေၾကာင္း အခ်ိန္ျပည့္ ထိန္းခ်ဳပ္ႏိုင္ဖို႔ မလြယ္လို႔ ဥရုေဂြးအသင္းကို ပိုအႀကိဳက္ေတြ႔မိတယ္။ (၁-၀)ေလာက္နဲ႔ပဲ ဥရုေဂြးေနာက္တစ္ဆင့္တက္ဖို႔မ်ားတယ္။

Photo:Sport Update, Mon Crot
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဥရောပနဲ့ တောင်အမေရိက အားပြိုင်မှုတွေကို မြင်တွေ့ရမယ့် ရှုံးထွက် (၁၆)သင်းအဆင့် ကန့်လန့်ကာအဖွင့်

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ လက်ရှိချန်ပီယံ ဂျာမနီအသင်း အုပ်စုအဆင့်က ထွက်ခဲ့ရတာကလွဲလို့ အသင်းကြီး အများစု ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ဘောလုံးလောကရဲ့ အင်အားကြီးအသင်းတွေ ထိပ်တိုက်တွေ့ဆုံမယ့် ပွဲစဉ်တွေနဲ့ စိတ်ဝင်စားဖို့ ကောင်းနေတယ်။ ဒီနေ့ (စနေနေ့)မှာတော့ ရှုံးထွက် (၁၆)သင်းအဆင့်ကို ပွဲစဉ် (၂)ပွဲနဲ့ စတင်ကန့်လန့်ကာဖွင့်သွားမှာဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးရပ်ဝန်းမှာ အစဉ်အလာကြီးမားတဲ့ ဥရောပနဲ့ တောင်အမေရိကတို့ရဲ့ အားပြိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပြီး လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမား (၂)ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ သက်ဆိုင်ရာနိုင်ငံအသင်းတွေအတွက် ဘယ်လောက်အထိ စွမ်းဆောင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

ပြင်သစ် – အာဂျင်တီးနား (၃၀.၆.၂၀၁၈ စနေည ၈း၃၀ နာရီ)

ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၉၈ ပြိုင်ပွဲနောက်ပိုင်း အကောင်းဆုံး ကစားသမား အစုအဖွဲ့လို့ ပြောရလောက်အောင် ပြင်သစ်လူစာရင်းက စုဖွဲ့မှုအားကောင်းနေတယ်။ ရှေ့၊ လယ်၊ နောက် ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် ကစားသမားတွေကို ပိုင်ဆိုင်ထားပြီး ချန်ပီယံဆုကို ပစ်မှတ်ထားနေတဲ့ အသင်းတစ်သင်းပါပဲ။ အာဂျင်တီးနားအသင်းကတော့ ပြင်သစ်အသင်းနဲ့ ဆန့်ကျင်ဘက် အခြေအနေကို ရောက်နေတယ်။ အပြီးသတ်စာရင်းမှာ ပါဝင်လာတဲ့ ကစားသမားတွေက အသက်အရွယ်ပိုင်းအရ အကျဘက်ကို ရောက်နေတဲ့ ကစားသမားက များနေတယ်။ မက်ဆီလို လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးကို ပိုင်ဆိုင်ထားပေမယ့် ဆမ်ပါအိုလီရဲ့ အသင်းက နည်းစနစ်ပိုင်းက အားနည်းမှုတွေ ရှိနေတယ်။ မက်ဆီကိုယ်တိုင်တောင် အသင်းမှာ ရုန်းကန်နေရပြီး သွင်းဂိုးတစ်ဂိုးရဖို့တောင် ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်။ ခြေစစ်ပွဲမှာ ရုန်းကန်ခဲ့ရသလို အုပ်စုအဆင့်မှာလည်း ရုန်းကန်ခဲ့ရပြီး အဆုံးအဖြတ်ပွဲစဉ်တွေမှာ ရလဒ်ကောင်းခဲ့လို့သာ ဒီအဆင့်အထိ အာဂျင်တီးနားအသင်း ရောက်ရှိလာခဲ့တာပါ။ ပြင်သစ်အသင်းက အကောင်းဆုံး ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင်ထားပေမယ့် တိုက်စစ်ပိုင်းကတော့ အနည်းငယ်လိုအပ်ချက်တွေရှိနေသေးတာကို အုပ်စုပွဲစဉ်တွေမှာ မြင်တွေ့ခဲ့ရတယ်။ အာဂျင်တီးနားအသင်းက ရလဒ်ပိုင်းတွေ ဆိုးရွားနေပေမယ့် ဒီနှစ် ကမ္ဘာ့ဖလားမှာ ကံတရားက သူတို့ဘက်မှာ ရှိနေ သူတို့ရဲ့ အရှိန်အဝါက ပြင်သစ်ကို အကောင်းဆုံး တုံပြန်နိုင်တဲ့ အနေအထားမှာ ရှိနေဆဲပါပဲ။ ကမ္ဘာ့ဖလားသမိုင်းမှာ (၂)ကြိမ် တွေ့ဆုံဖူးပြီး (၂)ကြိမ်စလုံး ပြင်သစ်တို့ လက်မြှောက်အရှုံးပေးခဲ့ရတယ်။ ကစားသမားအင်အားပိုင်း အသာရနေပေမယ့် မက်ဆီဦးဆောင်လာမယ့် အာဂျင်တီးနားတိုက်စစ်ကို ခက်ခက်ခဲခဲထိန်းချုပ်ရဖို့ ရှိနေတယ်။ သာမန်ပွဲကစားချိန်အတွင်း သရေကျဖို့များနေပြီး အချိန်ပို၊ ပယ်နယ်တီတွေအထိ စောင့်ကြည့်သွားရဖို့ရှိနေတယ်။

Uruguay-Vs-Portugal

Uruguay-Vs-Portugal

ဥရုဂွေး – ပေါ်တူဂီ (၁.၇.၂၀၁၈ တနင်္ဂနွေနံနက် ၀၀း၃၀ နာရီ)

ဥရုဂွေးအသင်းရဲ့ ကစားပုံက အကောင်းဆုံး အနေအထားမှာရှိနေတယ်။ အုပ်စုတွင်း ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ အုပ်စုပထမနေရာကို ရရှိခဲ့တယ်။ ဆွာရက်ဇ်နဲ့ ကာဗာနီတို့လို့ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် သွင်းဂိုးတွေ ရရှိဖို့ကိုတော့ ရုန်းကန်နေရတယ်။ အိမ်ရှင်ရုရှားအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲက ခြေစွမ်းမျိုး ဆက်ထိန်းနိုင်ခဲ့ရင်တော့ အရွယ်လွန်ကစားသမားများနေတဲ့ ပေါ်တူဂီခံစစ်ကြောင်းက ကျော်ဖြတ်ဖို့ မခက်ခဲပါဘူး။ စီရော်နယ်လ်ဒို ပုံစံကောင်းပြနေသလို ဂိုဒင်နဲ့ ဟီမီနက်ဇ်တို့ ဦးဆောင်တဲ့ ဥရုဂွေးခံစစ်ကြောင်းကလည်း စွမ်းဆောင်ရည်ပိုင်းအရ အမြင့်ဆုံးကို ရောက်နေတယ်။ လာလီဂါမှာ ပြိုင်ဘက်တွေအဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ဖူးလို့ တစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်းသိနေတဲ့ အနေအထားမျိုးမှာ စီရော်နယ်လ်ဒိုကပဲ ဂိုဒင်နဲ့ ဟီမီနက်ဇ်တို့ကို ကျော်ဖြတ်နိုင်မလား။ သူတို့ (၂)ဦးကပဲ စီရော်နယ်လ်ဒိုကို အကောင်းဆုံး ထိန်းချုပ်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေခဲ့တယ်။ စီရော်နယ်လ်ဒိုကို ထိန်းချုပ်နိုင်တာနဲ့ ပေါ်တူဂီတိုက်စစ်အသက်မဲ့သွားတာကို အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြင်တွေ့ခဲ့ရတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ရမယ့် ပွဲစဉ်က (၂)သင်းစလုံးအတွက် (၅၀)၊ (၅၀)ပါပဲ။ ဥရုဂွေးတိုက်စစ်က ကာဗာနီ၊ ဆွာရက်ဇ်တို့ ပုံစံကောင်းပြနိုင်ရင် ပေါ်တူဂီခံစစ်ကြောင်း အချိန်ပြည့် ထိန်းချုပ်နိုင်ဖို့ မလွယ်လို့ ဥရုဂွေးအသင်းကို ပိုအကြိုက်တွေ့မိတယ်။ (၁-ဝ)လောက်နဲ့ပဲ ဥရုဂွေးနောက်တစ်ဆင့်တက်ဖို့များတယ်။

Photo:Sport Update, Mon Crot
Aung Kyaw Wai (Akhayar)
www.akhayar.com