[Zawgyi]

တက္တူးေတြကို ဘာျဖစ္လုိ႔ ဘာကေလ Ross Barkley ဖ်က္ပစ္ခဲ့တာလဲ

ၿပီးခဲ့တဲ့ ခ်ယ္လ္ဆီး-မန္ယူပဲြမွာ ခ်ယ္လ္ဆီးကြင္းလယ္လူ ဘာကေလရဲ႕ ထူးျခားခ်က္ကုိ ပရိသတ္ေတြ သတိထားမိရဲ႕လား။ အဲဒါကေတာ့ သူ႔ရဲ႕ ဘယ္ဘက္လက္ေမာင္းမွာ ေနရာမလပ္ရွိေနတဲ့ တက္တူးေတြ ထူးထူးဆန္းဆန္း ေပ်ာက္ကြယ္ကုန္တာပါပဲ။ ဘာကေလဟာ မန္ယူနဲ႔ပဲြမွာ လူစား၀င္ကစားခဲ့ၿပီး အသင္းအတြက္ အေရးပါတဲ့ ေခ်ပဂုိးကုိ ေနာက္ဆုံးမိနစ္မွာ သြင္းယူခဲ့တယ္။ ဘာကေလရဲ႕ ပုံစံကုိ ၾကည့္ၿပီး တစ္ခုခုလုိေနသလုိျဖစ္ခဲ့တဲ့ ပရိသတ္ေတြဟာ ေနာက္ဆုံးမွာေတာ့ တက္တူးေတြ မရွိေတာ့တာကုိ သတိထားမိလုိက္တယ္။

Barkley-has-had-his-tattoos-including-a-left-arm-sleeve-removed

Barkley-has-had-his-tattoos-including-a-left-arm-sleeve-removed

ဘာအေၾကာင္းေၾကာင့္မ်ား ဘာကေလ သူ႔ရဲ႕တက္တူးေတြကုိ ဖ်က္ပစ္ခဲ့တာလဲ။ အဲဒါနဲ႔ပတ္သက္ၿပီး ဘာကေလက အခုလုိေျပာျပခဲ့တယ္။ “အဲဒီတက္တူးေတြကို ကၽြန္ေတာ္ ငယ္ငယ္က ထုိးခဲ့တာပါ။ ငယ္ေသးတဲ့အခ်ိန္ဆုိေတာ့ ဘာမွမစဥ္းစားဘဲ ႐ူးေၾကာင္ေၾကာင္ အလုပ္ေတြ လုပ္ျဖစ္ခဲ့တာေပ့ါ။ အသက္(၁၄)ႏွစ္အရြယ္မွာ တက္တူး စထုိးခဲ့ၿပီး အဲဒီအခ်ိန္မွာ ကၽြန္ေတာ္က လူေကာင္ခပ္ႀကီးႀကီးဆုိေတာ့ တက္တူးထုိးမယ့္သူက သိပ္အေမးအျမန္း မရွိခဲ့ဘူး။ အခု တက္တူးေတြ ဖ်က္ခ့ဲေပမယ့္ ေနာက္ထပ္ မထုိးေတာ့ဘူးလုိ႔ အတိအက် မေျပာႏုိင္ပါဘူး။ တကယ္လုိ႔ ကၽြန္ေတာ့္မွာ ကေလးေတြ ရလာရင္ သူတို႔ရဲ႕နာမည္ကုိ တက္တူးထုိးျဖစ္ပါလိမ့္မယ္” လုိ႔ေျပာၾကားခဲ့တယ္။

REF:The Sun
Photo:The Times,The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

တက်တူးတွေကို ဘာဖြစ်လို့ ဘာကလေ Ross Barkley ဖျက်ပစ်ခဲ့တာလဲ

ပြီးခဲ့တဲ့ ချယ်လ်ဆီး-မန်ယူပွဲမှာ ချယ်လ်ဆီးကွင်းလယ်လူ ဘာကလေရဲ့ ထူးခြားချက်ကို ပရိသတ်တွေ သတိထားမိရဲ့လား။ အဲဒါကတော့ သူ့ရဲ့ ဘယ်ဘက်လက်မောင်းမှာ နေရာမလပ်ရှိနေတဲ့ တက်တူးတွေ ထူးထူးဆန်းဆန်း ပျောက်ကွယ်ကုန်တာပါပဲ။ ဘာကလေဟာ မန်ယူနဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို နောက်ဆုံးမိနစ်မှာ သွင်းယူခဲ့တယ်။ ဘာကလေရဲ့ ပုံစံကို ကြည့်ပြီး တစ်ခုခုလိုနေသလိုဖြစ်ခဲ့တဲ့ ပရိသတ်တွေဟာ နောက်ဆုံးမှာတော့ တက်တူးတွေ မရှိတော့တာကို သတိထားမိလိုက်တယ်။

Barkley-has-had-his-tattoos-including-a-left-arm-sleeve-removed

Barkley-has-had-his-tattoos-including-a-left-arm-sleeve-removed

ဘာအကြောင်းကြောင့်များ ဘာကလေ သူ့ရဲ့တက်တူးတွေကို ဖျက်ပစ်ခဲ့တာလဲ။ အဲဒါနဲ့ပတ်သက်ပြီး ဘာကလေက အခုလိုပြောပြခဲ့တယ်။ “အဲဒီတက်တူးတွေကို ကျွန်တော် ငယ်ငယ်က ထိုးခဲ့တာပါ။ ငယ်သေးတဲ့အချိန်ဆိုတော့ ဘာမှမစဉ်းစားဘဲ ရူးကြောင်ကြောင် အလုပ်တွေ လုပ်ဖြစ်ခဲ့တာပေ့ါ။ အသက်(၁၄)နှစ်အရွယ်မှာ တက်တူး စထိုးခဲ့ပြီး အဲဒီအချိန်မှာ ကျွန်တော်က လူကောင်ခပ်ကြီးကြီးဆိုတော့ တက်တူးထိုးမယ့်သူက သိပ်အမေးအမြန်း မရှိခဲ့ဘူး။ အခု တက်တူးတွေ ဖျက်ခဲ့ပေမယ့် နောက်ထပ် မထိုးတော့ဘူးလို့ အတိအကျ မပြောနိုင်ပါဘူး။ တကယ်လို့ ကျွန်တော့်မှာ ကလေးတွေ ရလာရင် သူတို့ရဲ့နာမည်ကို တက်တူးထိုးဖြစ်ပါလိမ့်မယ်” လို့ပြောကြားခဲ့တယ်။

REF:The Sun
Photo:The Times,The Sun
Naing Linn(Akhayar)
www.akhayar.com