[Zawgyi]

ေမဂ်ာလိဂ္ကလပ္ DC ယူႏုိက္တက္အသင္းနဲ႔ (၃)ႏွစ္ခဲြစာခ်ဳပ္ခ်ဳပ္ဆုိခဲ့တဲ့ ရြန္နီ Rooney

အဂၤလန္၀ါရင့္တိုက္စစ္မွဴး ရြန္နီ Rooney ဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔႕ ေမဂ်ာလိဂ္ကလပ္ DC ယူႏုိက္တက္အသင္းနဲ႔ ေပါင္(၁၂.၅)သန္းတန္ဖုိးရွိတဲ့ (၃)ႏွစ္ခဲြစာခ်ဳပ္ခ်ဳပ္ဆုိခဲ့ပါတယ္။ အသက္(၃၂)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ရြန္နီဟာ ၿပီးခဲ့တဲ့ရာသီအစက မန္ယူအသင္းကေန အသင္းေဟာင္း အဲဗာတန္ကုိ (၂)ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီး ရာသီ၀က္ေနာက္ပုိင္းမွာ ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးခဲ့သလုိ အခုအခါ ေမဂ်ာလိဂ္မွာ ကစားသမားဘ၀သစ္တစ္ခု စတင္ဖုိ႔ ဆုံးျဖတ္ခဲ့တာပါ။

Wayne-Rooney-has-been-unveiled-by-DC-United-as-their-latest-signing-

Wayne-Rooney-has-been-unveiled-by-DC-United-as-their-latest-signing-

အဲဗာတန္အသင္းက ၿပီးခဲ့တဲ့ေမလကတည္းက ရြန္နီကုိ အသင္းကထြက္ခြာခြင့္ျပဳခဲ့တာျဖစ္ၿပီး သူ႔အတြက္ ေျပာင္းေရႊ႕ေၾကး ဘယ္ေလာက္ရသလဲဆုိတာ မထုတ္ျပန္ခဲ့ေပမယ့္ DC ယူႏုိက္တက္အသင္းဟာ အဲဗာတန္အသင္းမွာ ရြန္နီရရွိေနတဲ့ တစ္ပတ္လစာေပါင္(၁၅၀၀၀၀)ကုိ အဲဗာတန္အသင္းနဲ႔က်န္ရွိေနတဲ့ စာခ်ဳပ္သက္တမ္းလက္က်န္အထိ ေပးေခ်သြားဖုိ႔ သေဘာတူညီခဲ့ပါတယ္။ ရြန္နီဟာ ေမဂ်ာလိဂ္ၿပိဳင္ပဲြအေျပာင္းအေရႊ႕ေစ်းကြက္ စတင္မယ့္ ဇူလုိင္(၁၀)ရက္မွာ DC ယူႏုိက္တက္အသင္းကုိ တရား၀င္ေျပာငး္ေရႊ႕မွာျဖစ္ၿပီး ပရိသတ္နဲ႔ မိတ္ဆက္ပဲြအခမ္းအနားကုိေတာ့ အခုလာမယ့္တနလၤာေန႔က်ရင္ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

Rooney-has-signed-a-three-and-a-half-year-deal-

Rooney-has-signed-a-three-and-a-half-year-deal-

ရြန္နီက”သမုိင္းသစ္တစ္ခု စတင္မယ့္အခ်ိန္မွာ DC ယူႏုိက္တက္အသင္းကုိ ေျပာင္းေရႊ႕ခြင့္ရခဲ့တာက တကယ့္ကုိ စိတ္လႈပ္ရွားစရာပါ။ လာမယ့္ရက္သတၱပတ္အတြင္းမွာ ကြင္းသစ္ႀကီးကုိလည္း ဖြင့္လွစ္ေတာ့မွာျဖစ္ပါတယ္။ အေမရိကနဲ႔ ေမဂ်ာလိဂ္ကုိ ေျပာင္းေရႊ႕ခဲ့တာက ကၽြန္ေတာ့္ ကစားသမားဘ၀အတြက္ ေနာက္ထပ္ ေျခလွမ္းတစ္ရပ္ပါပဲ။ ေမဂ်ာလိဂ္မွာ ေအာင္ျမင္မႈရယူဖုိ႔ ဆႏၵျပင္းျပေနၿပီး DC ယူႏုိက္တက္အသင္းအတြက္ ရာႏႈန္းျပည့္ေပးဆပ္သြားမွာျဖစ္သလုိ ကၽြန္ေတာ္ကစားခဲ့တဲ့အသင္းတိုင္းမွာလည္း အဲဒီခံယူခ်က္နဲ႔ ကစားခဲ့တာျဖစ္ပါတယ္”လုိ႔ေျပာၾကားခဲ့တယ္။ ရြန္နီအေနနဲ႔ DC ယူႏုိက္တက္အသင္းမွာ ေက်ာနံပါတ္(၉) အက်ႌကုိ ၀တ္ဆင္မွာျဖစ္ၿပီး လာမယ့္ဇူလုိင္လ(၁၄)ရက္မွာ ကစားမယ့္ ဗန္ကူးဗား၀ႈိက္ကတ္ Vancouver Whitecaps နဲ႔ပဲြက်ရင္ DC ယူႏုိက္တက္အသင္းအတြက္ ပဲြထြက္ကစားဖုိ႔ရွိေနပါတယ္။

ရြန္နီရဲ႕ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Premier League: 2006–07, 2007–08, 2008–09, 2010–11, 2012–13
FA Cup: 2015–16
Football League Cup: 2005–06, 2009–10, 2016–17
FA Community Shield: 2007, 2010, 2011, 2016
UEFA Champions League: 2007–08
UEFA Europa League: 2016–17
FIFA Club World Cup: 2008

REF:Daily Mail
Photo:Daily Mail,DC United Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မေဂျာလိဂ်ကလပ် DC ယူနိုက်တက်အသင်းနဲ့ (၃)နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တဲ့ ရွန်နီ Rooney

အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ရွန်နီ Rooney ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့ မေဂျာလိဂ်ကလပ် DC ယူနိုက်တက်အသင်းနဲ့ ပေါင်(၁၂.၅)သန်းတန်ဖိုးရှိတဲ့ (၃)နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွန်နီဟာ ပြီးခဲ့တဲ့ရာသီအစက မန်ယူအသင်းကနေ အသင်းဟောင်း အဲဗာတန်ကို (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ရာသီဝက်နောက်ပိုင်းမှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးခဲ့သလို အခုအခါ မေဂျာလိဂ်မှာ ကစားသမားဘဝသစ်တစ်ခု စတင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Wayne-Rooney-has-been-unveiled-by-DC-United-as-their-latest-signing-

Wayne-Rooney-has-been-unveiled-by-DC-United-as-their-latest-signing-

အဲဗာတန်အသင်းက ပြီးခဲ့တဲ့မေလကတည်းက ရွန်နီကို အသင်းကထွက်ခွာခွင့်ပြုခဲ့တာဖြစ်ပြီး သူ့အတွက် ပြောင်းရွှေ့ကြေး ဘယ်လောက်ရသလဲဆိုတာ မထုတ်ပြန်ခဲ့ပေမယ့် DC ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းမှာ ရွန်နီရရှိနေတဲ့ တစ်ပတ်လစာပေါင်(၁၅၀၀၀၀)ကို အဲဗာတန်အသင်းနဲ့ကျန်ရှိနေတဲ့ စာချုပ်သက်တမ်းလက်ကျန်အထိ ပေးချေသွားဖို့ သဘောတူညီခဲ့ပါတယ်။ ရွန်နီဟာ မေဂျာလိဂ်ပြိုင်ပွဲအပြောင်းအရွှေ့ဈေးကွက် စတင်မယ့် ဇူလိုင်(၁၀)ရက်မှာ DC ယူနိုက်တက်အသင်းကို တရားဝင်ပြောင်းရွှေ့မှာဖြစ်ပြီး ပရိသတ်နဲ့ မိတ်ဆက်ပွဲအခမ်းအနားကိုတော့ အခုလာမယ့်တနင်္လာနေ့ကျရင် ပြုလုပ်သွားမှာဖြစ်ပါတယ်။

Rooney-has-signed-a-three-and-a-half-year-deal-

Rooney-has-signed-a-three-and-a-half-year-deal-

ရွန်နီက”သမိုင်းသစ်တစ်ခု စတင်မယ့်အချိန်မှာ DC ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တာက တကယ့်ကို စိတ်လှုပ်ရှားစရာပါ။ လာမယ့်ရက်သတ္တပတ်အတွင်းမှာ ကွင်းသစ်ကြီးကိုလည်း ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ အမေရိကနဲ့ မေဂျာလိဂ်ကို ပြောင်းရွှေ့ခဲ့တာက ကျွန်တော့် ကစားသမားဘဝအတွက် နောက်ထပ် ခြေလှမ်းတစ်ရပ်ပါပဲ။ မေဂျာလိဂ်မှာ အောင်မြင်မှုရယူဖို့ ဆန္ဒပြင်းပြနေပြီး DC ယူနိုက်တက်အသင်းအတွက် ရာနှုန်းပြည့်ပေးဆပ်သွားမှာဖြစ်သလို ကျွန်တော်ကစားခဲ့တဲ့အသင်းတိုင်းမှာလည်း အဲဒီခံယူချက်နဲ့ ကစားခဲ့တာဖြစ်ပါတယ်”လို့ပြောကြားခဲ့တယ်။ ရွန်နီအနေနဲ့ DC ယူနိုက်တက်အသင်းမှာ ကျောနံပါတ်(၉) အကျႌကို ဝတ်ဆင်မှာဖြစ်ပြီး လာမယ့်ဇူလိုင်လ(၁၄)ရက်မှာ ကစားမယ့် ဗန်ကူးဗားဝှိုက်ကတ် Vancouver Whitecaps နဲ့ပွဲကျရင် DC ယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားဖို့ရှိနေပါတယ်။

ရွန်နီရဲ့ကစားသမားဘဝ အောင်မြင်မှုများ

Premier League: 2006–07, 2007–08, 2008–09, 2010–11, 2012–13
FA Cup: 2015–16
Football League Cup: 2005–06, 2009–10, 2016–17
FA Community Shield: 2007, 2010, 2011, 2016
UEFA Champions League: 2007–08
UEFA Europa League: 2016–17
FIFA Club World Cup: 2008

REF:Daily Mail
Photo:Daily Mail,DC United Twitter
Naing Linn(Akhayar)
www.akhayar.com