[Zawgyi]

အဂၤလန္အသင္း သမိုင္းတစ္ေလွ်ာက္ အေကာင္းဆံုး တုိက္စစ္မွဴးလို႔ Rooney ကို သတ္မွတ္ခဲ႔တဲ႔ Southgate

အဂၤလန္အသင္းနည္းျပ ေဆာက္ဂိတ္ Southgate က ရြန္နီ Rooney ဟာ အဂၤလန္အသင္း သမိုင္းတစ္ေလွ်ာက္ အေကာင္းဆံုး တုိက္စစ္မွဴးလို႔ သတ္မွတ္ခဲ႔ပါတယ္။ အဂၤလန္ေဘာလံုးသမိုင္းမွာ ထိပ္တန္းတိုက္စစ္မွဴးေတြမ်ားစြာရိွေပမယ္႔ ေဆာက္ဂိတ္ က ရြန္နီ ကို အေကာင္းဆံုးလို႔သတ္မွတ္ခဲ႔တာပါ။ ဒီေန႔ညမွာေတာ႔ အဂၤလန္အသင္းဟာ အေမရိကန္အသင္းနဲ႔ ေျခစမ္းကစားသြားမွာျဖစ္ျပီး ဒီပြဲဟာ အဂၤလန္အသင္းအတြက္ အေကာင္းဆုံး ေပးဆပ္ခဲ့တဲ့ ရြန္နီကုိ ဂုဏ္ျပဳတဲ့ပဲြျဖစ္သလုိ သူ႕ရဲ႕ေဖာင္ေဒးရွင္း အတြက္ကစားတဲ႔ပြဲျဖစ္ၿပီး ပဲြရဲ႕နာမည္ကုိေတာ့ ‘A Wayne Rooney Foundation International’ လုိ႔ သတ္မွတ္ထားပါတယ္။

Rooney-And-Southgate

Rooney-And-Southgate

အဂၤလန္အသင္းအတြက္ (၁၁၉)ပြဲကစားထားျပီး (၅၃)ဂိုးယူထားသလို သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆံုးကစားသမားအျဖစ္ ရပ္တည္ေနတဲ႔ ရြန္နီ အတြက္ ဒီပြဲဟာသူ႔ရဲ႕ အဂၤလန္အသင္းအတြက္ ပြဲေပါင္း(၁၂၀)ျပည္႔မယ္႔ပြဲလည္း ျဖစ္လာမွာပါ။

Rooney-England-Record

Rooney-England-Record

ေဆာက္ဂိတ္ က ” ရြန္နီ ရဲ႕ ကစားသမားဘ၀ အစပိုင္းမွာ က်ြန္ေတာ္သူနဲ႔ တြဲကစားဖူးပါတယ္။ သူဟာ ေဘာ္ဘီခ်ာလ္တန္ Bobby Charlton နဲ႔ ဂယ္ရီလိုင္နီကာ Gary Lineker တို႔ရဲ႕ မယံုႏိုင္စရာ ဂိုးသြင္းစံခ်ိန္ေတြကို ခ်ိဳးဖ်က္ခဲ႔သူပါ။ ဒါဟာ က်ြန္ေတာ္႔အတြက္ေတာ႔ ၾကီးက်ယ္တဲ႔ စြမ္းေဆာင္ရည္ပါ ” လို႔ ေျပာၾကားခဲ႔ပါတယ္။

Ref: The Sun
Photo: The Independent , 10z Soccer
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အင်္ဂလန်အသင်း သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်မှူးလို့ Rooney ကို သတ်မှတ်ခဲ့တဲ့ Southgate

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် Southgate က ရွန်နီ Rooney ဟာ အင်္ဂလန်အသင်း သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်မှူးလို့ သတ်မှတ်ခဲ့ပါတယ်။ အင်္ဂလန်ဘောလုံးသမိုင်းမှာ ထိပ်တန်းတိုက်စစ်မှူးတွေများစွာရှိပေမယ့် ဆောက်ဂိတ် က ရွန်နီ ကို အကောင်းဆုံးလို့သတ်မှတ်ခဲ့တာပါ။ ဒီနေ့ညမှာတော့ အင်္ဂလန်အသင်းဟာ အမေရိကန်အသင်းနဲ့ ခြေစမ်းကစားသွားမှာဖြစ်ပြီး ဒီပွဲဟာ အင်္ဂလန်အသင်းအတွက် အကောင်းဆုံး ပေးဆပ်ခဲ့တဲ့ ရွန်နီကို ဂုဏ်ပြုတဲ့ပွဲဖြစ်သလို သူ့ရဲ့ဖောင်ဒေးရှင်း အတွက်ကစားတဲ့ပွဲဖြစ်ပြီး ပွဲရဲ့နာမည်ကိုတော့ ‘A Wayne Rooney Foundation International’ လို့ သတ်မှတ်ထားပါတယ်။

Rooney-And-Southgate

Rooney-And-Southgate

အင်္ဂလန်အသင်းအတွက် (၁၁၉)ပွဲကစားထားပြီး (၅၃)ဂိုးယူထားသလို သမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ ရွန်နီ အတွက် ဒီပွဲဟာသူ့ရဲ့ အင်္ဂလန်အသင်းအတွက် ပွဲပေါင်း(၁၂၀)ပြည့်မယ့်ပွဲလည်း ဖြစ်လာမှာပါ။

Rooney-England-Record

Rooney-England-Record

ဆောက်ဂိတ် က ” ရွန်နီ ရဲ့ ကစားသမားဘ၀ အစပိုင်းမှာ ကျွန်တော်သူနဲ့ တွဲကစားဖူးပါတယ်။ သူဟာ ဘော်ဘီချာလ်တန် Bobby Charlton နဲ့ ဂယ်ရီလိုင်နီကာ Gary Lineker တို့ရဲ့ မယုံနိုင်စရာ ဂိုးသွင်းစံချိန်တွေကို ချိုးဖျက်ခဲ့သူပါ။ ဒါဟာ ကျွန်တော့်အတွက်တော့ ကြီးကျယ်တဲ့ စွမ်းဆောင်ရည်ပါ ” လို့ ပြောကြားခဲ့ပါတယ်။

Ref: The Sun
Photo: The Independent , 10z Soccer
Ko Kyue(Akhayar)
www.akhayar.com