[Zawgyi]

ဂုိးသြင္းၿပီးေအာင္ပဲြခံတဲ့ ပုံစံကုိ ရွင္းျပလုိက္တဲ့ ရြန္နီ Wayne Rooney

အဂၤလန္၀ါရင့္တိုက္စစ္မွဴး ရြန္နီ Wayne Rooney ဟာ သူ ဂုိးသြင္းၿပီးရင္ လက္ႏွစ္ဖက္ကုိ မုိးေပၚေျမွာက္ၿပီး ေအာင္ပဲြခံတဲ့ ပုံစံနဲ႔ပတ္သက္တဲ့အေၾကာင္းရင္းကုိ ရွင္းျပလုိက္ပါၿပီ။ ေမဂ်ာလိဂ္ကလပ္ DC ယူႏုိက္တက္အသင္းမွာ ကစားေနတဲ့ ရြန္နီဟာ အခုေနာက္ပုိင္း ဂုိးသြင္းၿပီးတိုင္းမွာ အဲဒီလုိပုံစံနဲ႔ အၿမဲလုိလုိ ေအာင္ပဲြခံေလ့ရွိၿပီး သူ႔ရဲ႕ေအာင္ပဲြခံပုံနဲ႔ပတ္သက္လုိ႔ ပရိသတ္ေတြက စိတ္၀င္တစားရွိခဲ့ၾကတယ္။ ရြန္နီက “ဂုိးသြင္းၿပီးရင္ လက္ႏွစ္ဖက္ကုိ မုိးေပၚေျမႇာက္ ေအာင္ပဲြခံရတဲ့အေၾကာင္းက ကၽြန္ေတာ့္ ဇနီးရဲ႕ အငယ္ဆုံး ညီမေလး Rosie အတြက္ျဖစ္ပါတယ္။ သူမဟာ ၂၀၁၃ ခုႏွစ္တုန္းက ကြယ္လြန္ခဲ့ၿပီး အဲဒီအခ်ိန္မွာ သူမရဲ႕ အသက္က (၁၄)ႏွစ္သာရွိပါေသးတယ္” လုိ႔ သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

Wayne-Rooney-celebrations

Wayne-Rooney-celebrations

အသက္(၃၃)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ရြန္နီဟာ အဲဗာတန္၊ မန္ယူအသင္းတို႔နဲ႔အတူ ပရီးမီးယားလိဂ္ ကစားသမားဘ၀ကုိ ျဖတ္သန္းခဲ့ၿပီး ၿပီးခဲ့တ့ဲရာသီကုန္မွာ အဲဗာတန္အသင္းနဲ႔ လမ္းခဲြခ့ဲသူပါ။ ၾကာသပေတးေန႔က အေမရိကန္နဲ႔ ကစားခဲ့တဲ့ေျခစမ္းပဲြမွာ အဂၤလန္အသင္းအတြက္ ေနာက္ဆုံးႏႈတ္ဆက္တဲ့ပဲြအျဖစ္ ပါ၀င္ကစားခဲ့သူ ရြန္နီဟာ ဂုိးမသြင္းႏုိင္ခဲ့ေပမယ့္လည္း အဂၤလန္အသင္း ႏုိင္ပဲြရခဲ့လုိ႔ သူ႔အတြက္ ေက်နပ္စရာျဖစ္ခဲ့ရပါတယ္။

REF:.sportskeeda
Photo:dailymai,bostonherald,sportskeeda
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဂိုးသွင်းပြီးအောင်ပွဲခံတဲ့ ပုံစံကို ရှင်းပြလိုက်တဲ့ ရွန်နီ Wayne Rooney

အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ရွန်နီ Wayne Rooney ဟာ သူ ဂိုးသွင်းပြီးရင် လက်နှစ်ဖက်ကို မိုးပေါ်မြှောက်ပြီး အောင်ပွဲခံတဲ့ ပုံစံနဲ့ပတ်သက်တဲ့အကြောင်းရင်းကို ရှင်းပြလိုက်ပါပြီ။ မေဂျာလိဂ်ကလပ် DC ယူနိုက်တက်အသင်းမှာ ကစားနေတဲ့ ရွန်နီဟာ အခုနောက်ပိုင်း ဂိုးသွင်းပြီးတိုင်းမှာ အဲဒီလိုပုံစံနဲ့ အမြဲလိုလို အောင်ပွဲခံလေ့ရှိပြီး သူ့ရဲ့အောင်ပွဲခံပုံနဲ့ပတ်သက်လို့ ပရိသတ်တွေက စိတ်ဝင်တစားရှိခဲ့ကြတယ်။ ရွန်နီက “ဂိုးသွင်းပြီးရင် လက်နှစ်ဖက်ကို မိုးပေါ်မြှောက် အောင်ပွဲခံရတဲ့အကြောင်းက ကျွန်တော့် ဇနီးရဲ့ အငယ်ဆုံး ညီမလေး Rosie အတွက်ဖြစ်ပါတယ်။ သူမဟာ ၂၀၁၃ ခုနှစ်တုန်းက ကွယ်လွန်ခဲ့ပြီး အဲဒီအချိန်မှာ သူမရဲ့ အသက်က (၁၄)နှစ်သာရှိပါသေးတယ်” လို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

Wayne-Rooney-celebrations

Wayne-Rooney-celebrations

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွန်နီဟာ အဲဗာတန်၊ မန်ယူအသင်းတို့နဲ့အတူ ပရီးမီးယားလိဂ် ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး ပြီးခဲ့တဲ့ရာသီကုန်မှာ အဲဗာတန်အသင်းနဲ့ လမ်းခွဲခဲ့သူပါ။ ကြာသပတေးနေ့က အမေရိကန်နဲ့ ကစားခဲ့တဲ့ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းအတွက် နောက်ဆုံးနှုတ်ဆက်တဲ့ပွဲအဖြစ် ပါဝင်ကစားခဲ့သူ ရွန်နီဟာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း အင်္ဂလန်အသင်း နိုင်ပွဲရခဲ့လို့ သူ့အတွက် ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။

REF:.sportskeeda
Photo:dailymai,bostonherald,sportskeeda
Naing Linn(Akhayar)
www.akhayar.com