[Zawgyi]

UEFA ရဲ႕ အေကာင္းဆုံးသြင္းဂုိးဆုကုိ ဆြတ္ခူးခဲ့တဲ့ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo

ဂ်ဴဗင္တပ္စ္အသငး္ ေတာင္ပံတိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဟာ ဥေရာပေဘာလုံးအဖဲြ႕ခ်ဳပ္ (UEFA)က ခ်ီးျမႇင့္တဲ့ ၂၀၁၇-၁၈ ရာသီ ဥေရာပေဘာလုံးေလာကမွာ အေကာင္းဆုံး သြင္းဂုိးဆုကုိ ဆြတ္ခူးရရွိခဲ့ပါတယ္။ စီေရာ္နယ္လ္ဒုိ ဆုရခဲ့တဲ့ဂုိးကေတာ့ ပရိသတ္ေတြ သိၿပီးသားျဖစ္ေလာက္မွာပါ။ ဂ်ဴဗင္တပ္စ္အသင္းကုိ (၃-၀)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္ ပထမအေက်ာ႔တုန္းက ေနာက္ျပန္ကန္ခ်က္နဲ႔ လွလွပပ ကန္သြင္းခဲ့တဲ့ဂုိးက ၂၀၁၇-၁၈ ရာသီအတြက္ အေကာင္းဆုံးဂုိးအျဖစ္ ေရြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။

Cristiano-Ronaldo-goal-against-Juventus

Cristiano-Ronaldo-goal-against-Juventus

ဒီဂုိးသြင္းယူၿပီးတဲ့အခ်ိန္မွာ ဂ်ဴဗင္တပ္စ္ပရိသတ္ေတြက မတ္တပ္ရပ္ လက္ခုပ္တီး ဂုဏ္ျပဳခဲ့ၾကၿပီး အဲဒီအျဖစ္အပ်က္က ဂ်ဴဗင္တပ္စ္အသင္းဆီ စီေရာ္နယ္လ္ဒုိ ေျပာင္းေရႊ႕ဖုိ႔ ဆုံးျဖတ္ခဲ့တဲ့ အဓိက အေၾကာင္းအရင္းပါပဲ။ စီေရာ္နယ္လ္ဒုိရဲ႕ ဂုိးက မဲအေရအတြက္ (၁၉၇၄၉၆)မဲအထိ ရရွိခဲ့ၿပီး အေကာင္းဆုံးသြင္းဂုိးအျဖစ္ ေရြးခ်ယ္ခံခဲ့ရတာ ျဖစ္ပါတယ္။ ဒုတိယေနရာကုိေတာ့ ယူ႐ုိပါလိဂ္ကြာတားဖုိင္နယ္ လုိက္ပ္ဇစ္နဲ႔ကစားခဲ့တဲ့ပဲြမွာ ၿပိဳင္ဘက္ ကစားသမားေတြကုိ ေက်ာ္ျဖတ္သြင္းယူခဲ့တဲ့ မာေဆးလ္ေတာင္ပံကစားသမား ပါယက္ Payet က ရရွိခဲ့ၿပီး တတိယေနရာကုိ ဥေရာပ ယူ-၁၇ ခ်န္ပီယံရွစ္ ဗုိလ္လုပဲြမွာ စပိန္အမ်ိဳးသမီးအသင္းအတြက္ ဂုိးသြင္းယူခဲ့တဲ့ နာဗာ႐ုိ Navarro က ရရွိခဲ့တယ္။ အေကာင္းဆုံးသြင္းဂုိးဆု ရရွိခဲ့တဲ့အတြက္ စီေရာ္နယ္လ္ဒုိက “ကၽြန္ေတာ့္ကုိ မဲေပးခဲ့ၾကတဲ့ ပရိသတ္ေတြကုိ ေက်းဇူးတင္ပါတယ္။ အဲဒီအခုိက္အတန္႔ကုိ ဘယ္ေတာ့မွ ေမ့ႏုိင္မွာ မဟုတ္ပါဘူး။ အထူးသျဖင့္ ဂ်ဴဗင္တပ္စ္ ပရိသတ္ေတြရဲ႕ အားေပးမႈကုိပါပဲ”လုိ႔ သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ေရးသားခဲ့တယ္။ UEFA ဟာ ဥေရာပအေကာင္းဆုံးသြင္းဂုိးဆုကုိ ၂၀၁၅ ခုႏွစ္က စတင္ ခ်ီးျမႇင့္ခဲ့ၿပီး ၂၀၁၅၊ ၂၀၁၆ မွာ မက္ဆီ Messi ၊ ၂၀၁၇ မွာ မန္ဇူကစ္ Mandzukic တို႔က ဆြတ္ခူးရရွိခဲ့ပါတယ္။

စီေရာ္နယ္လ္ဒုိရဲ႕ ဂုိးကုိ ၾကည့္ရန္ လင့္ခ္

ပါယက္ရဲ႕ဂုိးကုိ ၾကည့္ရန္ လင့္ခ္

နာဗာ႐ုိရဲ႕ ဂုိးကုိ ၾကည့္ရန္ လင့္ခ္

REF:sportskeeda
Photo:Goal.com,Sports Discourse
Naing Linn(Akhayar)
www.akhayar.com

[Unicode]

UEFA ရဲ့ အကောင်းဆုံးသွင်းဂိုးဆုကို ဆွတ်ခူးခဲ့တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo

ဂျူဗင်တပ်စ်အသင်း တောင်ပံတိုက်စစ်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က ချီးမြှင့်တဲ့ ၂၀၁၇-၁၈ ရာသီ ဥရောပဘောလုံးလောကမှာ အကောင်းဆုံး သွင်းဂိုးဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ စီရော်နယ်လ်ဒို ဆုရခဲ့တဲ့ဂိုးကတော့ ပရိသတ်တွေ သိပြီးသားဖြစ်လောက်မှာပါ။ ဂျူဗင်တပ်စ်အသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့တုန်းက နောက်ပြန်ကန်ချက်နဲ့ လှလှပပ ကန်သွင်းခဲ့တဲ့ဂိုးက ၂၀၁၇-၁၈ ရာသီအတွက် အကောင်းဆုံးဂိုးအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

Cristiano-Ronaldo-goal-against-Juventus

Cristiano-Ronaldo-goal-against-Juventus

ဒီဂိုးသွင်းယူပြီးတဲ့အချိန်မှာ ဂျူဗင်တပ်စ်ပရိသတ်တွေက မတ်တပ်ရပ် လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြပြီး အဲဒီအဖြစ်အပျက်က ဂျူဗင်တပ်စ်အသင်းဆီ စီရော်နယ်လ်ဒို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ အဓိက အကြောင်းအရင်းပါပဲ။ စီရော်နယ်လ်ဒိုရဲ့ ဂိုးက မဲအရေအတွက် (၁၉၇၄၉၆)မဲအထိ ရရှိခဲ့ပြီး အကောင်းဆုံးသွင်းဂိုးအဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယနေရာကိုတော့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် လိုက်ပ်ဇစ်နဲ့ကစားခဲ့တဲ့ပွဲမှာ ပြိုင်ဘက် ကစားသမားတွေကို ကျော်ဖြတ်သွင်းယူခဲ့တဲ့ မာဆေးလ်တောင်ပံကစားသမား ပါယက် Payet က ရရှိခဲ့ပြီး တတိယနေရာကို ဥရောပ ယူ-၁၇ ချန်ပီယံရှစ် ဗိုလ်လုပွဲမှာ စပိန်အမျိုးသမီးအသင်းအတွက် ဂိုးသွင်းယူခဲ့တဲ့ နာဗာရို Navarro က ရရှိခဲ့တယ်။ အကောင်းဆုံးသွင်းဂိုးဆု ရရှိခဲ့တဲ့အတွက် စီရော်နယ်လ်ဒိုက “ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အဲဒီအခိုက်အတန့်ကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ဂျူဗင်တပ်စ် ပရိသတ်တွေရဲ့ အားပေးမှုကိုပါပဲ”လို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့တယ်။ UEFA ဟာ ဥရောပအကောင်းဆုံးသွင်းဂိုးဆုကို ၂၀၁၅ ခုနှစ်က စတင် ချီးမြှင့်ခဲ့ပြီး ၂၀၁၅၊ ၂၀၁၆ မှာ မက်ဆီ Messi ၊ ၂၀၁၇ မှာ မန်ဇူကစ် Mandzukic တို့က ဆွတ်ခူးရရှိခဲ့ပါတယ်။

စီရော်နယ်လ်ဒိုရဲ့ ဂိုးကို ကြည့်ရန် လင့်ခ်

ပါယက်ရဲ့ဂိုးကို ကြည့်ရန် လင့်ခ်

နာဗာရိုရဲ့ ဂိုးကို ကြည့်ရန် လင့်ခ်

REF:sportskeeda
Photo:Goal.com,Sports Discourse
Naing Linn(Akhayar)
www.akhayar.com