ဒဏ်ရာပြဿနာကြောင့် အနားယူနေရတဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ဒဏ်ရာက ပြန်သက်သာလာပြီဖြစ်တာကြောင့် အေဂျက်စ်နဲ့ကစားမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ပွဲထွက်ပါဝင်လာဖို့ရှိနေတယ်လို့ သိရပါတယ်။ စီရော်နယ်လ်ဒို ဟာ ဒဏ်ရာပြဿနာကြောင့် အနားယူခဲ့ရပေမယ့် အေဂျက်စ်နဲ့ ပွဲမှာပွဲထွက်ပါဝင်နိုင်ဖို့အတွက် လုံလောက်တဲ့ ကြံခိုင်မှုရှိနေတယ်လို့ သိရပါတယ်။ စီရော်နယ်လ်ဒို ပွဲထွက်ပါဝင်လာနိုင်မယ့် အကြောင်းကို ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီ Allegri က အတည်ပြုခဲ့တာဖြစ်ပါတယ်။

အယ်လီဂရီ က ” စီရော်နယ်လ်ဒိုဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းကောင်းကောင်းလုပ်နေပါပြီ။ သူ မနက်ဖြန်ညကြရင် ပွဲအစကတည်းက ပါဝင်လာပါလိမ့်မယ် ” လို့ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေဟာ ဂျူဗင်တပ်စ်ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့ပြီး ဒီပွဲမှာ စီရော်နယ်လ်ဒို ခြေစွမ်းပြကစားနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။ စီရော်နယ်လ်ဒိုဟာ အသက်(၃၄)နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် အကောင်းဆုံးခြေစွမ်းတွေကိုဆက်ထိန်းထားနိုင်သလို ဒီရာသီမှာ ဂျူဗင်တပ်စ်တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နေပြီး ပြိုင်ပွဲစုံ(၃၆)ပွဲကစား (၂၄)ဂိုးသွင်းယူထားပါတယ်။

Ref: Sportskeeda
Photo: Daily Mail , ZeroZero
Ko Kyue(Akhayar)
www.akhayar.com