
RONALDO NAMED 49TH MOST VALUABLE PLAYER IN THE WORLD

[Zawgyi]



HUAWEI Nova 2i
HUAWEI Nova 2i











ကျော်စိုးအောင် (အခရာ)

www.akhayar.com


[Unicode]

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဘောလုံးသမားစာရင်းမှာ ဘယ်သူတွေထိပ်ဆုံးကလဲ

ဆွတ်ဇာလန်နိုင်ငံ (Switzerland) မှာ အခြေစိုက်တဲ့ CIES (International Centre for Sports Studies) အားကစားလေ့လာစောင့်ကြည့်ရေးအဖွဲ့ဟာ ဘောလုံးသမားတွေရဲ့လက်ရှိတန်ကြေးကို ထုတ်ပြန်ခဲ့ပါတယ်။ အသက်အရွယ်၊ နေရာ၊ ခြေစွမ်း၊ စာချုပ်သက်တမ်းနဲ့ နိုင်ငံတကာပွဲရလဒ်တွေအပေါ် မူတည်ပြီး ဘောလုံးသမား (၅ဝ) ရဲ့တန်ဖိုးကို ထုတ်ပြန်ခဲ့ပါတယ်။

HUAWEI Nova 2i
HUAWEI Nova 2i

 HUAWEI Nova 2i အကြောင်း အသေးစိတ်သိရှိရန်

ကမ္ဘာ့တန်ကြေးအမြင့်ဆုံးကစားသမား (၅ဝ) ကို ထုတ်ပြန်တဲ့အခါမှာ PSG တိုက်စစ်မှူး နေမာ (Neymar) က ကာလတန်ကြေး အမေရိကန်ဒေါ်လာ ၂၁၃ သန်းနဲ့ နံပါတ် (၁) နေရာမှာ ရပ်တည်နေပါတယ်။ ‘နေမာ’ ဟာ (၂၅) နှစ်သာ ရှိသေးပြီး PSG ကလပ်နဲ့ ဘရာဇီးအသင်းမှာ ခြေစွမ်းပြနိုင်မှုနဲ့  ကလပ်မှာလည်း စာချုပ်သက်တမ်း (၅) နှစ်ရှိသေးတဲ့အတွက် ထိပ်ဆုံးမှာရပ်တည်နေတာပါ။

PSG တိုက်စစ်မှူး နေမာ (Neymar)
PSG တိုက်စစ်မှူး နေမာ (Neymar)

ဒုတိယနေရာမှာ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် (Lionel Messi) က ဒေါ်လာ ၂ဝ၂.၂ သန်းနဲ့ ရပ်တည်ပါတယ်။ ၂ဝ၁၇ခုနှစ်အတွင်းမှာ ‘မက်ဆီ’ ဟာ ‘နေမာ’ ထက် ခြေစွမ်းပိုကောင်းခဲ့ပေမယ့် အသက်အရွယ်နဲ့ နိုင်ငံအသင်းပေါ်မှာ ခြေစွမ်းမပြနိုင်တဲ့အတွက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် (Lionel Messi)
ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် (Lionel Messi)

တတိယနေရာမှာတော့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း (Harry Kane) က ၁၉၄.၇ သန်းနဲ့ ရပ်တည်နေပါတယ်။ ‘ဟယ်ရီကိန်း’ ဟာ (၂၄) နှစ်သာရှိသေးပြီး ၂ဝ၁၇ ပြက္ခဒိန်တစ်နှစ်တာအတွင်းမှာ (၅၆) ဂိုးအထိ သွင်းယူခဲ့ပြီး  ဥရောပတိုက်ရဲ့ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့လို့ တတိယနေရာမှာ ရောက်နေတာဖြစ်ပါတယ်။

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဘောလုံးသမား ထိပ်ဆုံး (၁ဝ) ဦးစာရင်း
ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဘောလုံးသမား ထိပ်ဆုံး (၁ဝ) ဦးစာရင်း

ပြည်သူ့အချစ်တော် ခရစ္စတီယာနို ရိုနယ်ဒို (Cristiano Ronaldo) ဟာ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဘောလုံးသမား (၅ဝ) စာရင်းမှာ အဆင့် (၄၉) သာ ရပ်တည်နိုင်ခဲ့ပါတယ်။

ပြည်သူ့အချစ်တော် ခရစ္စတီယာနို ရိုနယ်ဒို (Cristiano Ronaldo)
ပြည်သူ့အချစ်တော် ခရစ္စတီယာနို ရိုနယ်ဒို (Cristiano Ronaldo)

‘ရိုနယ်ဒို’ ဟာ သူ့ရဲ့မှော်ဝင်တဲ့ခြေစွမ်းတွေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဖလား၊ ကမ္ဘာ့ကလပ်ဖလားနဲ့ လာလီဂါဖလားတွေ ရရှိအောင် စွမ်းဆောင်နိုင်ရုံမက ပေါ်တူဂီအသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်စေဖို့ တွန်းတင်ခဲ့ပေမယ့် သူ့ရဲ့ကာလတန်ကြေးကို ဒေါ်လာ ၈ဝ.၄ သန်းသာ သတ်မှတ်ခဲ့ပါတယ်။ ကမ္ဘာ့တန်ကြေးအမြင့်ဆုံးဘောလုံးသမား (၅ဝ) စာရင်းမှာ (၃၂) နှစ်ရှိလာပြီဖြစ်တဲ့ ‘ရိုနယ်ဒို’ ဟာ အသက်အကြီးဆုံးဖြစ်ပြီး သူ့ရဲ့အကောင်းဆုံးခြေစွမ်းဟာ အသက်အရွယ်အရ ပျောက်ဆုံးတော့မှာဖြစ်တဲ့အတွက် စာရင်းရဲ့အောက်ခြေမှာ ရောက်သွားတာဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။