ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ကစားသမားဘ၀ကနေ အနားယူမယ့်အကြောင်းကို ဖွင့်ဟခဲ့ပါတယ်။ စီရော်နယ်လ်ဒို ဟာ အသက်(၃၄)နှစ်ရှိနေပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ ခြေစွမ်းကတော့ ထိပ်တန်းအဆင့်မှာရှိနေဆဲကစားသမားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ စီရော်နယ်လ်ဒို ဟာ အသင်းမှာ ပုံစံကောင်းကိုပြခဲ့သလို စီးရီးအေ ၊ အီတလီစူပါဖလား အပြင် နိုင်ငံအသင်းဖြစ်တဲ့ ပေါ်တူဂီအသင်းနဲ့လည်း Nations League ချန်ပီယံဆုကို ရရှိခဲ့တာကြောင့် ၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီရဲ့ ဥရောပအကောင်းဆုံးကစားသမားဆုကို ရရှိဖို့ ရေပန်းစားနေသူပဲဖြစ်ပါတယ်။

စီရော်နယ်လ်ဒို ဟာ သူ့ အနားယူမယ့် အကြောင်းကို မနေ့က TVI နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ စီရော်နယ်လ်ဒို က ” ကျွန်တော် ဒီအကြောင်းကို မတွေးသေးပါဘူး။ လာမယ့်နှစ်မှာ ကျွန်တော် ကစားသမားဘငက အနားယူသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် အသက် (၄၀) သို့ (၄၁)နှစ်လောက်ထိလည်း ကစားနိုင်ပါတယ်။ ကျွန်တော်မသိသေးပါဘူး။ အဖြစ်အပျက်တိုင်းကို ပျော်ရွှင်ပါလို့ ကျွန်တော် အမြဲပြောပါတယ်။ဒီအရည်အချင်းက အရမ်းကောင်းပါတယ်။ ကျွန်တော် ဒီအရာကို ဆက်ပြီးတော့ ကျေနပ်သွားပါမယ် ” လို့ ပြောကြားခဲ့ပါတယ်။ စီရော်နယ်လ်ဒို ရဲ့ ဂျူဗင်တပ်စ်အသင်းဟာ လာမယ့် စနေနေ့ညမှာတော့ ပါးမားအသင်းနဲ့ စီးရီးအေအဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

Ref: Sportskeeda
Photo: NewsBeezer ,Oxygen
Ko Kyue(Akhayar)
www.akhayar.com