[Zawgyi]

ရုိနယ္ဒုိဟာ မက္ဆီနဲ႔ေနမာထက္ ပုိသာတယ္လုိ႔ ခ်ီးက်ဴးလုိက္တဲ့ ေတာ့တီ

အီတလီအသင္းရဲ႕ဂႏၱဝင္တုိက္စစ္မွဴးႀကီး ဖရန္စစၥကုိေတာ့တီ (Francesco Totti) ဟာ ရုိနယ္ဒုိ၊ မက္ဆီနဲ႔ ေနမာတုိ႔ဟာ ေခတ္တစ္ေခတ္ရဲ႕အေကာင္းဆုံးကစားသမားေတြပါလုိ႔ ထုတ္ေဖာ္ခ်ီးက်ဴးလုိက္ပါတယ္။ ကမၻာ့အေကာင္းဆုံးေဘာလုံးသမားဆုနဲ႔ ပတ္သက္ၿပီး သူတုိ႔ေတြပဲ ဆန္ကာတင္ပါႏုိင္ေၾကာင္းကုိပဲ ထပ္ေလာင္းေျပာဆုိသြားပါတယ္။

“ရုိနယ္ဒုိ၊ မက္ဆီနဲ႔ ေနမာတုိ႔ဟာ

အေကာင္းဆုံးေဘာလုံးသမားေတြပါ။

အခုခ်ိန္မွာေတာ့ ကမၻာ့အေကာင္းဆုံးဟာ

ဘယ္သူလဲလုိ႔ေမးလာရင္ လြန္ခဲ့တဲ့ (၁၂) လအတြင္း

စြမ္းေဆာင္ရည္ကုိ အကဲျဖတ္ၿပီးေတာ့ ရုိနယ္ဒုိလုိ႔ပဲ

ေျပာရမွာပါ။ အခုခ်ိန္မွာ ရုိနယ္ဒုိက မက္ဆီနဲ႔ ေနမာထက္

စြမ္းေဆာင္ရည္ ပုိေကာင္းပါတယ္”

ရုိးမားအသင္းရဲ႕ အားကစားဒါရုိက္တာ ေတာ့တီဟာ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းရဲ႕စြမ္းေဆာင္ရည္ကုိလည္း ခ်ီးက်ဴးသြားပါတယ္။ ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ ဇီဒန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းကုိ လာလီဂါဖလား၊ ခ်န္ပီယံလိဂ္ဖလားနဲ႔ ဥေရာပစူပါဖလားေတြ ရရွိေအာင္ စြမ္းေဆာင္ခဲ့လုိ႔ အေကာင္းဆုံးနည္းျပအျဖစ္ ခ်ီးက်ဴးခဲ့ပါတယ္။

ဂ်ဴဗင္တပ္အသင္းရဲ႕ ဂႏၱဝင္ဂုိးသမားႀကီး ဘူဖြန္

ဂ်ဴဗင္တပ္အသင္းရဲ႕ ဂႏၱဝင္ဂုိးသမားႀကီး ဘူဖြန္

ဂ်ဴဗင္တပ္အသင္းရဲ႕ ဂႏၱဝင္ဂုိးသမားႀကီး ဘူဖြန္ကုိ ကမၻာ့အေကာင္းဆုံးဂုိးသမားအျဖစ္ ခ်ီးက်ဴးသြားပါတယ္။ (၃၉) ႏွစ္ရွိၿပီျဖစ္တဲ့ ဘူဖြန္ဟာ (၁၂) ကုိက္အတြင္းမွာ ၈၃ရာခုိင္ႏႈန္းအထိ ကာကြယ္ႏုိင္ခဲ့တဲ့ ဂုိးသမားျဖစ္ပါတယ္။

“ကြ်န္ေတာ္ ဘူဖြန္ကုိ ပင္နယ္တီေလးႀကိမ္

သြင္းဖူးခဲ့တယ္။ ႏွစ္ႀကိမ္ပဲ ဂုိးအျဖစ္ ေျပာင္းလဲႏုိင္ခဲ့တာ

တကယ္ေတာ္တဲ့ ဂုိးသမားႀကီးပါဗ်ာ။ ၿပီးခဲ့တဲ့ ႏွစ္တုန္းက

ခ်န္ပီယံလိဂ္ဗုိလ္လုပြဲအထိ ေရာက္ခဲ့ေသးတယ္။”

၁၉၇၆ခုႏွစ္ စက္တင္ဘာလ (၂၇) ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ ေတာ့တီဟာ ၁၉၈၉ခုႏွစ္မွာ ရုိးမားလူငယ္အသင္းမွာ ကစားခဲ့ပါတယ္။ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကုိ  ၁၉၉၃ခုႏွစ္ မတ္လ၂၈ရက္ေန႔မွာ Brescia Calcio အသင္းနဲ႔ ရင္ဆုိင္တဲ့ပြဲမွာ စတင္ကစားခဲ့ၿပီး ပါဝင္ခဲ့တဲ့ (၇၈၆) ပြဲမွာ (၃ဝ၇) ဂုိးအထိ သြင္းယူႏုိင္ခဲ့ပါတယ္။ ၂ဝ၁၇ခုႏွစ္ ေမလ (၂၇) ရက္ေန႔မွာ ကစားသမားဘဝမွ အနားယူခဲ့ၿပီး လက္ရွိအခ်ိန္မွာ ရုိးမားအသင္းရဲ႕ အားကစားဒါရုိက္တာအျဖစ္ တာဝန္ယူေဆာင္ရြက္ေနပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ရိုနယ်ဒိုဟာ မက်ဆီနဲ့နေမာထက် ပိုသာတယ်လို့ ချီးကျူးလိုက်တဲ့ တော့တီ

အီတလီအသင်းရဲ့ဂန္တဝင်တိုက်စစ်မှူးကြီး ဖရန်စစ္စကိုတော့တီ (Francesco Totti) ဟာ ရိုနယ်ဒို၊ မက်ဆီနဲ့ နေမာတို့ဟာ ခေတ်တစ်ခေတ်ရဲ့အကောင်းဆုံးကစားသမားတွေပါလို့ ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုနဲ့ ပတ်သက်ပြီး သူတို့တွေပဲ ဆန်ကာတင်ပါနိုင်ကြောင်းကိုပဲ ထပ်လောင်းပြောဆိုသွားပါတယ်။

“ရိုနယ်ဒို၊ မက်ဆီနဲ့ နေမာတို့ဟာ

အကောင်းဆုံးဘောလုံးသမားတွေပါ။

အခုချိန်မှာတော့ ကမ္ဘာ့အကောင်းဆုံးဟာ

ဘယ်သူလဲလို့မေးလာရင် လွန်ခဲ့တဲ့ (၁၂) လအတွင်း

စွမ်းဆောင်ရည်ကို အကဲဖြတ်ပြီးတော့ ရိုနယ်ဒိုလို့ပဲ

ပြောရမှာပါ။ အခုချိန်မှာ ရိုနယ်ဒိုက မက်ဆီနဲ့ နေမာထက်

စွမ်းဆောင်ရည် ပိုကောင်းပါတယ်”

ရိုးမားအသင်းရဲ့ အားကစားဒါရိုက်တာ တော့တီဟာ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းရဲ့စွမ်းဆောင်ရည်ကိုလည်း ချီးကျူးသွားပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ ဥရောပစူပါဖလားတွေ ရရှိအောင် စွမ်းဆောင်ခဲ့လို့ အကောင်းဆုံးနည်းပြအဖြစ် ချီးကျူးခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ ဂန္တဝင်ဂိုးသမားကြီး ဘူဖွန်

ဂျူဗင်တပ်အသင်းရဲ့ ဂန္တဝင်ဂိုးသမားကြီး ဘူဖွန်

ဂျူဗင်တပ်အသင်းရဲ့ ဂန္တဝင်ဂိုးသမားကြီး ဘူဖွန်ကို ကမ္ဘာ့အကောင်းဆုံးဂိုးသမားအဖြစ် ချီးကျူးသွားပါတယ်။ (၃၉) နှစ်ရှိပြီဖြစ်တဲ့ ဘူဖွန်ဟာ (၁၂) ကိုက်အတွင်းမှာ ၈၃ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမားဖြစ်ပါတယ်။

“ကျွန်တော် ဘူဖွန်ကို ပင်နယ်တီလေးကြိမ်

သွင်းဖူးခဲ့တယ်။ နှစ်ကြိမ်ပဲ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာ

တကယ်တော်တဲ့ ဂိုးသမားကြီးပါဗျာ။ ပြီးခဲ့တဲ့ နှစ်တုန်းက

ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်ခဲ့သေးတယ်။”

၁၉၇၆ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ တော့တီဟာ ၁၉၈၉ခုနှစ်မှာ ရိုးမားလူငယ်အသင်းမှာ ကစားခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို  ၁၉၉၃ခုနှစ် မတ်လ၂၈ရက်နေ့မှာ Brescia Calcio အသင်းနဲ့ ရင်ဆိုင်တဲ့ပွဲမှာ စတင်ကစားခဲ့ပြီး ပါဝင်ခဲ့တဲ့ (၇၈၆) ပွဲမှာ (၃ဝ၇) ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ၂ဝ၁၇ခုနှစ် မေလ (၂၇) ရက်နေ့မှာ ကစားသမားဘဝမှ အနားယူခဲ့ပြီး လက်ရှိအချိန်မှာ ရိုးမားအသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com