[Zawgyi]

ေနမာ Neymar ရဲ႕အေျပာင္းအေရႊ႕ကုိ စီေရာ္နယ္လ္ဒုိ C.Ronaldo တားဆီးႏုိင္မွာ မဟုတ္ဘူးလုိ႔ သုံးသပ္ခဲ့တဲ့ မာဆယ္လုိ Marcelo

ရီးယဲလ္အသင္းေနာက္ခံလူ မာဆယ္လုိ Marcelo က ေနမာ Neymar ဟာ တစ္ခ်ိန္ခ်ိန္မွာ ရီးယဲလ္အသင္းကုိ ေသခ်ာေပါက္ ေျပာင္းေရႊ႕မွာျဖစ္ၿပီး အဲဒီကိစၥကုိ စီေရာ္နယ္လ္ဒုိ C.Ronaldo က တားဆီးႏုိင္မွာ မဟုတ္ဘူးလုိ႔ သုံးသပ္ေျပာဆုိခဲ့ပါတယ္။ ရီးယဲလ္အသင္းဟာ အခုေႏြရာသီကာလမွာ ေနမာကုိ ေခၚယူဖုိ႔ ႀကိဳးပမ္းသြားမယ္ဆုိၿပီး သတင္းေတြထြက္ေပၚေနၿပီး ေနမာကုိယ္တိုင္ကလည္း ရီးယဲလ္အသင္းဆီ ေျပာင္းေရႊ႕ဖုိ႔ ဆႏၵျပင္းျပေနပါတယ္။

Cristiano-Ronaldo-and-Neymar

Cristiano-Ronaldo-and-Neymar

တကယ္လုိ႔ ရီးယဲလ္အသင္းကုိသာ ေနမာ ေျပာင္းေရႊ႕ျဖစ္ခဲ့ရင္ ကမၻာေက်ာ္ကစားသမား(၂)ဦး တစ္သင္းတည္းမွာ အတူကစားဖုိ႔ ျဖစ္ႏုိင္ပ့ါမလားဆုိၿပီး ေမးခြန္းေတြလည္း ထြက္ေပၚေနတယ္။ မာဆယ္လုိက”ခရစၥတီယာႏုိဟာ ရီးယဲလ္အသင္းပုိင္ရွင္ မဟုတ္ပါဘူး။ ဒါေၾကာင့္ အသင္းဥကၠဌသာ ကစားသမားသစ္တစ္ဦးကုိ ေခၚယူလုိတယ္ဆုိရင္ တကယ္ေခၚမွာပါ။ စီေရာ္နယ္လ္ဒုိ ရီးယဲလ္အသငး္မွာ ဆက္ရွိေနရင္ေရာ၊ ေနမာက ရီးယဲလ္ကုိ ေျပာင္းလုိ႔မရဘူးလား။ ရီးယဲလ္မွာ စီေရာ္နယ္လ္ဒုိ ဆက္ရွိဖုိ႔ ကၽြန္ေတာ္တို႔ အားလုံးဆႏၵရွိၾကသလုိ ေနမာအတြက္လည္း တံခါးဖြင့္ထားပါတယ္။ ရီးယဲလ္ဆုိတာကလည္း အေကာင္းဆုံးကစားသမားေတြကုိ အၿမဲတမ္းရွာေဖြေနတာျဖစ္ၿပီး တစ္ေန႔ေန႔က်ရင္ ေနမာဟာ ရီးယဲလ္ကုိ ေျပာင္းေရႊ႕ပါလိမ့္မယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။

REF:Goal.com
Photo:The Sun,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နေမာ Neymar ရဲ့အပြောင်းအရွှေ့ကို စီရော်နယ်လ်ဒို C.Ronaldo တားဆီးနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ခဲ့တဲ့ မာဆယ်လို Marcelo

ရီးယဲလ်အသင်းနောက်ခံလူ မာဆယ်လို Marcelo က နေမာ Neymar ဟာ တစ်ချိန်ချိန်မှာ ရီးယဲလ်အသင်းကို သေချာပေါက် ပြောင်းရွှေ့မှာဖြစ်ပြီး အဲဒီကိစ္စကို စီရော်နယ်လ်ဒို C.Ronaldo က တားဆီးနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ အခုနွေရာသီကာလမှာ နေမာကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပြီး နေမာကိုယ်တိုင်ကလည်း ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေပါတယ်။

Cristiano-Ronaldo-and-Neymar

Cristiano-Ronaldo-and-Neymar

တကယ်လို့ ရီးယဲလ်အသင်းကိုသာ နေမာ ပြောင်းရွှေ့ဖြစ်ခဲ့ရင် ကမ္ဘာကျော်ကစားသမား(၂)ဦး တစ်သင်းတည်းမှာ အတူကစားဖို့ ဖြစ်နိုင်ပ့ါမလားဆိုပြီး မေးခွန်းတွေလည်း ထွက်ပေါ်နေတယ်။ မာဆယ်လိုက”ခရစ္စတီယာနိုဟာ ရီးယဲလ်အသင်းပိုင်ရှင် မဟုတ်ပါဘူး။ ဒါကြောင့် အသင်းဥက္ကဌသာ ကစားသမားသစ်တစ်ဦးကို ခေါ်ယူလိုတယ်ဆိုရင် တကယ်ခေါ်မှာပါ။ စီရော်နယ်လ်ဒို ရီးယဲလ်အသင်းမှာ ဆက်ရှိနေရင်ရော၊ နေမာက ရီးယဲလ်ကို ပြောင်းလို့မရဘူးလား။ ရီးယဲလ်မှာ စီရော်နယ်လ်ဒို ဆက်ရှိဖို့ ကျွန်တော်တို့ အားလုံးဆန္ဒရှိကြသလို နေမာအတွက်လည်း တံခါးဖွင့်ထားပါတယ်။ ရီးယဲလ်ဆိုတာကလည်း အကောင်းဆုံးကစားသမားတွေကို အမြဲတမ်းရှာဖွေနေတာဖြစ်ပြီး တစ်နေ့နေ့ကျရင် နေမာဟာ ရီးယဲလ်ကို ပြောင်းရွှေ့ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF:Goal.com
Photo:The Sun,Getty Images
Naing Linn(Akhayar)
www.akhayar.com