[Zawgyi]





August(Akhayar)

www.akhayar.com


[Unicode]

နိုင်ငံရေးသမားကြီး လုပ်တော့မယ့် ရော်နယ်လ်ဒင်ဟို

လှိုင်းတွန့်ဆံပင်၊ ရှေ့ကိုအနည်းငယ်ရောက်နေတဲ့ သွား၊ မှော်ဆန်တဲ့ စွမ်းရည်ပိုင်ရှင် ဘယ်သူလဲလို့မေးရင် ရော်နယ်လ်ဒင်ဟိုလို ပြန်ဖြေမယ့်သူ အများကြီးရှိပါလိမ့်မယ်။ သူဟာ အဝါရောင် ဘရာဇီးလ်နတ်သားအဖြစ် ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာ ထည်ဝါခဲ့ဖူးပါတယ်။

အခုသူက နိုင်ငံရေးလောကထဲ ဝင်ရောက်ဖို့ အသင့်ပြင်နေပါပြီ။ လာမယ့်အောက်တိုဘာလမှာ ကျင်းပမယ့် ဘရာဇီးလ်အထွေထွေရွေးကောက်ပွဲမှာ ရော်နယ်လ်ဒင်ဟို အမတ်နေရာဝင်ရောက်ယှဉ်ပြိုင်သွားမှာပါပဲ။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ နိုင်ငံရေးလောကထဲဝင်ရောက်မယ့်အကြောင်း ရော်နယ်လ်ဒင်ဟိုက အသိပေးခဲ့ပြီး လက်ရှိအချိန်မှာ လိုအပ်တဲ့စာရွက်စာတန်းတွေ အသင့်ဖြစ်နေခဲ့ပါပြီ။ ရော်နယ်လ်ဒင်ဟို ကိုယ်စားပြုယှဉ်ပြိုင်မယ့်ပါတီက Brazil Republican Party (PRB) လို့အမည်ရပါတယ်။

ဘရာဇီးလ်အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်အကြောင်းတရားဝင် ကြေညာပွဲမှာ ရော်နယ်လ်ဒင်ဟိုက ” ကျွန်တော့်နိုင်ငံတိုးတက်မယ့် စီမံကိန်းတစ်ခုမှာ ပါဝင်ခွင့်ရလို့ ပျော်ရွှင်ရပါတယ်။ ဘရာဇီးလ်ပြည်သူတွေအားလုံးအတွက် သစ်လွင်မှုနဲ့ ကျန်းမာပျော်ရွှင်မှုတွေ ဆောင်ယူပေးပါမယ်” လို့ ကတိပေးခဲ့ပါတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။