[Zawgyi]

ဘဏ္အေကာင့္ထဲမွာ ၅ေပါင္သာ က်န္ရွိေတာ့တဲ့ Ronaldinho

(၃၈) ႏွစ္ရွိၿပီျဖစ္တဲ့ ကမၻာေက်ာ္ေဘာလုံးသမားေဟာင္း Ronaldinho ရဲ႕ ဘဏ္အေကာင့္ထဲမွာ ၅.၂၄ေပါင္ (၁ဝ,၉ဝ၉ က်ပ္) သာက်န္ရွိေတာ့တယ္လုိ႔ သိရပါတယ္။ ၂ဝ၁၅ခုႏွစ္တုန္းက သူနဲ႔ သူ႕အကုိ Roberto Assis တုိ႔ဟာ အစုိးရခြင့္ျပဳခ်က္မရဘဲ တားျမစ္ေနရာမွာ ေဆာက္လုပ္ေရးလုပ္ခဲ့တဲ့အတြက္ ဒဏ္ရုိက္ခံခဲ့ရပါတယ္။ အေၾကြးေတြဟာ ေပါင္ (၁.၇) သန္းအထိရွိလာၿပီျဖစ္တာေၾကာင့္ ႏုိင္ငံရပ္ျခားကုိ ထြက္ေျပးလုိ႔မရႏုိင္ေအာင္ Rio Grande do Sul ျပည္နယ္တရားရုံးက သူ႕ရဲ႕ ႏုိင္ငံကူးလက္မွတ္ (Passport) ကုိ သိမ္းဆည္းဖုိ႔ ညႊန္ၾကားထားပါတယ္။

Ronaldinho ဟာ တင္ရွိေနတဲ့ အေၾကြးေတြဆပ္ႏုိင္ဖုိ႔ တရုတ္နဲ႔ ဂ်ပန္ႏုိင္ငံေတြမွာ Nike ေၾကာ္ျငာေတြ ရုိက္ကူးၿပီး ပုိက္ဆံျပန္ရွာေနရပါတယ္။ သူဟာ ဘာစီလုိနာအသင္းမွာ ကစားတုန္းက ဘရာဇီးလ္ – စပိန္ (Dual Citizenship) ႏုိင္ငံသားခံယူထားသူျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ဥေရာပတုိက္ကုိ ေရာက္ရွိေနပါတယ္။

ေဘာလုံးသမားဘဝတုန္းက ကမၻာ့ဖလား၊ ခ်န္ပီယံလိဂ္ဖလားနဲ႔ လာလီဂါဖလားေတြရရွိထားရုံမက တစ္ဦးခ်င္းဆုတံဆိပ္အေနနဲ႔ ကမၻာ့အေကာင္းဆုံးေဘာလုံးသမားဆုနဲ႔ Ballon d’Or ဆုေတြကုိ ရရွိထားဖူးတဲ့ Ronaldinho ဟာ ေငြေၾကးစီမံခန္႔ခြဲမႈအားနည္းပုံေၾကာင့္ လက္ရွိအခ်ိန္မွာ အခက္ၾကံဳေနရၿပီပဲျဖစ္ပါတယ္။ သင္ခန္းစာယူၾကရေအာင္ ေငြသုံးၾကမ္းတဲ့သူငယ္ခ်င္းကုိလည္း လက္တို႔ေျပာလုိက္ပါဦး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဘဏ်အကောင့်ထဲမှာ ၅ပေါင်သာ ကျန်ရှိတော့တဲ့ Ronaldinho

(၃၈) နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာကျော်ဘောလုံးသမားဟောင်း Ronaldinho ရဲ့ ဘဏ်အကောင့်ထဲမှာ ၅.၂၄ပေါင် (၁ဝ,၉ဝ၉ ကျပ်) သာကျန်ရှိတော့တယ်လို့ သိရပါတယ်။ ၂ဝ၁၅ခုနှစ်တုန်းက သူနဲ့ သူ့အကို Roberto Assis တို့ဟာ အစိုးရခွင့်ပြုချက်မရဘဲ တားမြစ်နေရာမှာ ဆောက်လုပ်ရေးလုပ်ခဲ့တဲ့အတွက် ဒဏ်ရိုက်ခံခဲ့ရပါတယ်။ အကြွေးတွေဟာ ပေါင် (၁.၇) သန်းအထိရှိလာပြီဖြစ်တာကြောင့် နိုင်ငံရပ်ခြားကို ထွက်ပြေးလို့မရနိုင်အောင် Rio Grande do Sul ပြည်နယ်တရားရုံးက သူ့ရဲ့ နိုင်ငံကူးလက်မှတ် (Passport) ကို သိမ်းဆည်းဖို့ ညွှန်ကြားထားပါတယ်။

Ronaldinho ဟာ တင်ရှိနေတဲ့ အကြွေးတွေဆပ်နိုင်ဖို့ တရုတ်နဲ့ ဂျပန်နိုင်ငံတွေမှာ Nike ကြော်ငြာတွေ ရိုက်ကူးပြီး ပိုက်ဆံပြန်ရှာနေရပါတယ်။ သူဟာ ဘာစီလိုနာအသင်းမှာ ကစားတုန်းက ဘရာဇီးလ် – စပိန် (Dual Citizenship) နိုင်ငံသားခံယူထားသူဖြစ်ပြီး လက်ရှိအချိန်မှာ ဥရောပတိုက်ကို ရောက်ရှိနေပါတယ်။

ဘောလုံးသမားဘဝတုန်းက ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ လာလီဂါဖလားတွေရရှိထားရုံမက တစ်ဦးချင်းဆုတံဆိပ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုနဲ့ Ballon d’Or ဆုတွေကို ရရှိထားဖူးတဲ့ Ronaldinho ဟာ ငွေကြေးစီမံခန့်ခွဲမှုအားနည်းပုံကြောင့် လက်ရှိအချိန်မှာ အခက်ကြုံနေရပြီပဲဖြစ်ပါတယ်။ သင်ခန်းစာယူကြရအောင် ငွေသုံးကြမ်းတဲ့သူငယ်ချင်းကိုလည်း လက်တို့ပြောလိုက်ပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com