[Zawgyi]

FA ဖလားဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖို့ရှိနေတဲ့ လူကာကူ Lukaku





REF:Daily Mail
Photo:Daily Mail
Aung Kyaw Wai(Akhayar)
www.akhayar.com

[Unicode]

FA ဖလားဗိုလ္လုပြဲမွာ ပါဝင္နိုင္ဖို့ရွိနေတဲ့ လူကာကူ Lukaku

ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် FA ဖလားဗိုလ်လုပွဲမှာ မန်ယူတိုက်စစ်မှူး တိုက်စစ်မှူး လူကာကူ Lukaku ပါဝင်နိုင်ဖို့ ရှိနေပါတယ်။ လူကာကူဟာ အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့လို့ တခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရက်ရှ်ဖို့ဒ် Rashford နဲ့ လူစားလဲခဲ့ရပါတယ်။ လူကာကူရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ ဒဏ်ရာမှာ ပြင်းထန်မှုမရှိကြောင်း နည်းပြ မော်ရင်ဟို Mourinho က အတည်ပြုပြောကြားခဲ့ပါတယ်။ ဘရိုက်တန်နဲ့ ပွဲမတိုင်ခင် ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ လူကာကူရဲ့ ဒဏ်ရာအခြေအနေကို သတင်းထောက်တွေက မေးမြန်းခဲ့ပြီး နည်းပြမော်ရင်ဟိုက ပြင်းထန်မှုမရှိကြောင်း အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ FA ဖလားဗိုလ်လုပွဲမှာ လူကာကူ ပါဝင်ကစားနိုင်ဖို့ရှိနေပေမယ့် မနက်ဖြန်ကစားမယ့် ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာတော့ လူကာကူပါဝင်မှာ မဟုတ်ဘူးလို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။ “လူကာကူရဲ့ ဒဏ်ရာကို ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုပါသေးတယ်၊ မနက်ဖြန်ကစားမယ့် ပွဲမှာတော့ သူပါဝင်ကစားဖို့မရှိပါဘူး” လို့ နည်းပြမော်ရင်ဟိုက ပြေကြားခဲ့တာ ဖြစ်ပါတယ်။

Romelu Lukaku limps off after suffering an ankle injury against Arsenal at Old Trafford

Romelu Lukaku limps off after suffering an ankle injury against Arsenal at Old Trafford

အခုနှစ်ဘောလုံးရာသီမှာ လူကာကူဟာ အသင်းမှာရှိတဲ့ တခြားကစားသမားတွေထက် ပိုမိုတဲ့ ပွဲထွက်ခွင့်ကို ရရှိထားတဲ့ အဓိက ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။ ရာသီအစက အဲဗာတန်အသင်းကနေ မန်ယူအသင်းကို ပေါင် (၇၅)သန်းနဲ့ ပြောင်းရွှေ့လာတဲ့ လူကာကူဟာ အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၂၇)ဂိုးအထိ ရယူပေးထားနိုင်ခဲ့ပါတယ်။ လူကာကူနဲ့ နည်းပြမော်ရင်ဟိုတို့ရဲ့ အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့ ကစားရမယ့် FA ဖလားဗိုလ်လုပွဲဟာ အရေးပါလျက်ရှိပြီး (၂)သင်းလုံး ဒီရာသီဖလားလက်မဲ့မဖြစ်ရေး နောက်ဆုံးမျှော်လင့်ချက် ဖြစ်နေပါတယ်။

REF:Daily Mail
Photo:Daily Mail
Aung Kyaw Wai(Akhayar)
www.akhayar.com