အခုနွေရာသီအပြောင်းအရွှေ့မှာ မန်ယူကနေ အင်တာမီလန်ကို ပေါင်(၇၃)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ လူကာကူ Romelu Lukaku ဟာ လက်ချီနဲ့ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်(၁)မှာ အသင်းသစ်အတွက် ပွဲဦးထွက် ကစားခဲ့ပြီး (၁)ဂိုးသွင်းယူခဲ့တာကြောင့် မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ အင်တာမီလန်အသင်းဟာ လက်ချီကို (၄)ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး မိနစ်(၆၀)မှာ လူကာကူက မာတီနက်ဇ် Lautaro Martinez ရဲ့ ကန်ချက် ဂိုးသမားနဲ့ထိထွက်လာတာကနေ ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လူကာကူဟာ ကလပ်အသင်း(၄)သင်းအတွက် ပထမဆုံးလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါပြီ။ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း လူကာကူဟာ ၀က်စ်ဘရွန်းအသင်းမှာ အငှားနဲ့ သွားကစားတုန်းက ၂၀၁၂၊ သြဂုတ်လ(၈)ရက် လီဗာပူးလ်နဲ့ဆုံတွေ့ခဲ့တဲ့ပွဲမှာ အသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရခဲ့ပြီး တတိယဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် အဲဗာတန်အသင်းကို အငှားသွားကစားခဲ့ချိန်မှာ ၂၀၁၄၊ မေလ(၃)ရက် မန်စီးတီးနဲ့ပွဲမှာ ပွဲဦးထွက်ကစားခဲ့သလို တစ်ဂိုးသွင်းယူခဲ့ပြီး ၂၀၁၇ ခုနှစ်၊ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့ချိန်မှာလည်း ၀က်စ်ဟမ်းအသင်းနဲ့ပွဲဦးထွက်မှာ (၂)ဂိုးသွင်းယူခဲ့ပါတယ်။ လူကာကူအနေနဲ့ အင်တာမီလန်နဲ့ ပွဲဦးထွက်မှာ ဂိုးသွင်းယူခဲ့ပေမယ့် အသင်းပရိသတ်တွေကတော့ သူ့ရဲ့ ဘောလုံးအထိန်းအသိမ်း အားနည်းမှုတွေကြောင့် စိတ်တိုင်းမကျဖြစ်နေပြီး Twitter မှာ ဝေဖန်ရေးသားခဲ့ကြပါတယ်။

လက်ချီနဲ့ပွဲက လူကာကူရဲ့ခြေစွမ်းကို ကြည့်ရန် ရုပ်သံလင့်ခ်

REF:The Sun
Photo:REUTERS, AP
Naing Linn(Akhayar)
www.akhayar.com