[Zawgyi]

စံျပစံုတြဲေတြအျဖစ္လူသိမ်ားအားက်ျခင္းခံရတဲ့ ေဟာလီးဝုဒ္အနုပညာရွင္မ်ား

သူတို႔ စံုတြဲေတြကိုျမင္လိုက္တာနဲ႔ အားမက်တဲ့သူဆိုတာမရွိသေလာက္ကိုရွားပါတယ္။ ေဟာလီးဝုဒ္မွာ အျခားေသာအနုပညာရွင္ေတြနဲ႔ ပရိသတ္ေတြအတြက္စံျပစံုတြဲေတြဆိုရင္လည္း မွားမယ္မထင္ပါဘူး။

Ryan Reynolds and Blake Lively

Blake Lively နဲ႔ Ryan Reynolds တို႔နွစ္ေယာက္ကေတာ့ ေဟာလီးဝုဒ္မွာ ပရိသတ္ေတြၾကားမွာေရာ အနုပညာရွင္အခ်င္းခ်င္းေရာ အားက်ရတဲ့စံုတြဲတစ္တြဲျဖစ္ပါတယ္။

၂၀၁၂ ခုနွစ္မွာ သူတို႔နွစ္ေယာက္ဟာ လက္ထပ္ခဲ့ၾကတာျဖစ္ၿပီး ၂၀၁၅ ခုနွစ္မွာ ပထမကေလးကိုေမြးခဲ့တာျဖစ္ၿပီး သမီးေလးနာမည္ကေတာ့ James လုိ႔ေခၚပါတယ္။ ဒုတိယရင္ေသြးျဖစ္တဲ့ သမီးေလး Ines ကိုေတာ့ ၂၀၁၆ခုနွစ္မွာေမြးခဲ့တာျဖစ္ပါတယ္။

Ryan Gosling and Eva Mendes

ေနာက္ထပ္စံုတြဲတစ္တြဲ ကေတာ့ Ryan Gosling နဲ႔ Eva Mendes ပဲျဖစ္ပါတယ္။ သူတို႔နွစ္ေယာက္ကေတာ့ ၂၀၁၁ ခုနွစ္စက္တင္ဘာလထဲ ကေနယေန႔အထိ တြဲခဲ့တဲ့လက္ေတြဟာခို္င္ျမဲေနၿပီ ျဖစ္တဲ့ အတြက္သူတို႔ နွစ္ေယာက္ရဲ ႔ ခ်စ္သက္တမ္း ဟာဆိုရင္ ၇ နွစ္ေက်ာ္ခန္႔ရွိလို႔လာပါၿပီ။

ယေန႔အခ်ိန္မွာေတာ့  Esmeralda နဲ႔ Amada ဆိုတဲ့သမီးေလးနွစ္ေယာက္ေတာင္ေမြးဖြားထားၿပီျဖစ္ပါတယ္။ သူတို႔နွစ္ေယာက္စလံုးဟာ လက္မထပ္ရေသးေပမယ့္လည္း ခိုင္ျမဲတဲ့ခ်စ္ျခင္းတရားေတြကို ပိုင္ဆိုင္ထားၾကတဲ့အတြက္လူအမ်ား အားက်ရတဲ့စံုတြဲတစ္တြဲျဖစ္ပါတယ္။

Chris Hemsworth and Elsa Pataky

Chris Hemsworth နဲ႔ Elsa Pataky တို႔စံုတြဲကလည္း အားက်စရာေကာင္းတဲ့ ေဟာလီးဝုဒ္စံုတြဲတစ္တြဲ ျဖစ္ပါတယ္။ သူတို႔နွစ္ေယာက္ဟာ ၂၀၁၀ ခုနွစ္မွာလက္ထပ္ခဲ့ၿပီး အခုဆိုရင္ ကေလး ၃ ေယာက္ရွိေနၿပီျဖစ္ပါတယ္။

Thor မင္းသားျဖစ္တဲ့ Chris ရဲ ႔ေျပာျပခ်က္အရ သူ႔ရဲ ႔အမ်ိဳးသမီးျဖစ္တဲ့ Elsa ဟာသူတို႔နွစ္ေယာက္ရဲ ႔ Relationship တစ္ခုအတြက္ အမ်ားႀကီးစြန္႔လႊတ္အနစ္နာခံခဲ့သူတစ္ေယာက္ျဖစ္တယ္လို႔ သိရပါတယ္။

Gerard Pique and Shakira

Shakira နဲ႔ Gerard Pique တို႔နွစ္ေယာက္ကေတာ့ သားနွစ္ေယာက္ကို ေမြးဖြားၿပီးၿပီျဖစ္ပါတယ္။ သူတို႔နွစ္ေယာက္ရဲ ႔ Relationship ကဆိုရင္လည္း ၈ နွစ္နီးပါးေလာက္ရွိပါၿပီ။ သူတို႔နွစ္ေယာက္ေတြ႔ဆံုခဲ့တာကေတာ့ Shakira ရဲ ႔ “Waka Waka” ေတးသီခ်င္းကို ရိုက္ကူးရင္းနဲ႔ ေတြ႔ဆံုခဲ့ၾကတာျဖစ္ပါတယ္။

သူတို႔နွစ္ေယာက္ ကလည္း နာမည္ႀကီးစံုတြဲ တစ္တြဲျဖစ္ၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အလုပ္အကိုင္မတူၾကေပမယ့္လို႔ နားလည္မႈေတြ အျပန္အလွန္ေပးရင္း သိပ္ကိုခ်စ္ၾကတဲ့ စံုတြဲပဲျဖစ္ပါတယ္။

ေနာက္ထပ္စံုတြဲတစ္တြဲကေတာ့ David Beckham နဲ႔ Victoria Beckham တို႔အတြဲပဲျဖစ္ပါတယ္။ သူတို႔နွစ္ေယာက္ဟာ ဆိုရင္လည္း ဇနီးျဖစ္သူကနာမည္ေက်ာ္ ဆယ္လီတစ္ေယာက္ျဖစ္သလို အမ်ိဳးသားျဖစ္သူကလည္း ေအာင္ျမင္တဲ့ေဘာလံုးအေက်ာ္အေမာ္ တစ္ေယာက္ျဖစ္တဲ့ အတြက္ လူအမ်ားအားက်ၾကတဲ့ စံုတြဲတစ္တြဲပါ။

သူတို႔နွစ္ေယာက္ဆံုေတြ႔ခဲ့ၾကတာဆိုရင္ေတာ့ ၁၉၉၇ ခုနွစ္ေလာက္ကျဖစ္ၿပီး ၁၉၉၉ခုနွစ္မွာေတာ့ လက္ထပ္လိုက္ၾကတာျဖစ္ပါတယ္။ ဒီေန႔အခ်ိန္မွာေတာ့ သားသမီးေလးေယာက္ရွိေနၿပီျဖစ္ၿပီး ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘဝကို ပိုင္ဆိုင္ထားတာလည္းျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit:Harper’s Bazaar

www.akhayar.com

[Unicode]

စံပြစုံတွဲတွေအဖြစ်လူသိများအားကျခြင်းခံရတဲ့ ဟောလီးဝုဒ်အနုပညာရှင်များ

သူတို့ စုံတွဲတွေကိုမြင်လိုက်တာနဲ့ အားမကျတဲ့သူဆိုတာမရှိသလောက်ကိုရှားပါတယ်။ ဟောလီးဝုဒ်မှာ အခြားသောအနုပညာရှင်တွေနဲ့ ပရိသတ်တွေအတွက်စံပြစုံတွဲတွေဆိုရင်လည်း မှားမယ်မထင်ပါဘူး။

Ryan Reynolds and Blake Lively

Blake Lively နဲ့ Ryan Reynolds တို့နှစ်ယောက်ကတော့ ဟောလီးဝုဒ်မှာ ပရိသတ်တွေကြားမှာရော အနုပညာရှင်အချင်းချင်းရော အားကျရတဲ့စုံတွဲတစ်တွဲဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ သူတို့နှစ်ယောက်ဟာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ပထမကလေးကိုမွေးခဲ့တာဖြစ်ပြီး သမီးလေးနာမည်ကတော့ James လို့ခေါ်ပါတယ်။ ဒုတိယရင်သွေးဖြစ်တဲ့ သမီးလေး Ines ကိုတော့ ၂၀၁၆ခုနှစ်မှာမွေးခဲ့တာဖြစ်ပါတယ်။

Ryan Gosling and Eva Mendes

နောက်ထပ်စုံတွဲတစ်တွဲ ကတော့ Ryan Gosling နဲ့ Eva Mendes ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ၂၀၁၁ ခုနှစ်စက်တင်ဘာလထဲ ကနေယနေ့အထိ တွဲခဲ့တဲ့လက်တွေဟာခိုင်မြဲနေပြီ ဖြစ်တဲ့ အတွက်သူတို့ နှစ်ယောက်ရဲ့ ချစ်သက်တမ်း ဟာဆိုရင် ၇ နှစ်ကျော်ခန့်ရှိလို့လာပါပြီ။

ယနေ့အချိန်မှာတော့ Esmeralda နဲ့ Amada ဆိုတဲ့သမီးလေးနှစ်ယောက်တောင်မွေးဖွားထားပြီဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ လက်မထပ်ရသေးပေမယ့်လည်း ခိုင်မြဲတဲ့ချစ်ခြင်းတရားတွေကို ပိုင်ဆိုင်ထားကြတဲ့အတွက်လူအများ အားကျရတဲ့စုံတွဲတစ်တွဲဖြစ်ပါတယ်။

Chris Hemsworth and Elsa Pataky

Chris Hemsworth နဲ့ Elsa Pataky တို့စုံတွဲကလည်း အားကျစရာကောင်းတဲ့ ဟောလီးဝုဒ်စုံတွဲတစ်တွဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၀ ခုနှစ်မှာလက်ထပ်ခဲ့ပြီး အခုဆိုရင် ကလေး ၃ ယောက်ရှိနေပြီဖြစ်ပါတယ်။

Thor မင်းသားဖြစ်တဲ့ Chris ရဲ့ပြောပြချက်အရ သူ့ရဲ့အမျိုးသမီးဖြစ်တဲ့ Elsa ဟာသူတို့နှစ်ယောက်ရဲ့ Relationship တစ်ခုအတွက် အများကြီးစွန့်လွှတ်အနစ်နာခံခဲ့သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

Gerard Pique and Shakira

Shakira နဲ့ Gerard Pique တို့နှစ်ယောက်ကတော့ သားနှစ်ယောက်ကို မွေးဖွားပြီးပြီဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ Relationship ကဆိုရင်လည်း ၈ နှစ်နီးပါးလောက်ရှိပါပြီ။ သူတို့နှစ်ယောက်တွေ့ဆုံခဲ့တာကတော့ Shakira ရဲ့ “Waka Waka” တေးသီချင်းကို ရိုက်ကူးရင်းနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

သူတို့နှစ်ယောက် ကလည်း နာမည်ကြီးစုံတွဲ တစ်တွဲဖြစ်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အလုပ်အကိုင်မတူကြပေမယ့်လို့ နားလည်မှုတွေ အပြန်အလှန်ပေးရင်း သိပ်ကိုချစ်ကြတဲ့ စုံတွဲပဲဖြစ်ပါတယ်။

နောက်ထပ်စုံတွဲတစ်တွဲကတော့ David Beckham နဲ့ Victoria Beckham တို့အတွဲပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဆိုရင်လည်း ဇနီးဖြစ်သူကနာမည်ကျော် ဆယ်လီတစ်ယောက်ဖြစ်သလို အမျိုးသားဖြစ်သူကလည်း အောင်မြင်တဲ့ဘောလုံးအကျော်အမော် တစ်ယောက်ဖြစ်တဲ့ အတွက် လူအများအားကျကြတဲ့ စုံတွဲတစ်တွဲပါ။

သူတို့နှစ်ယောက်ဆုံတွေ့ခဲ့ကြတာဆိုရင်တော့ ၁၉၉၇ ခုနှစ်လောက်ကဖြစ်ပြီး ၁၉၉၉ခုနှစ်မှာတော့ လက်ထပ်လိုက်ကြတာဖြစ်ပါတယ်။ ဒီနေ့အချိန်မှာတော့ သားသမီးလေးယောက်ရှိနေပြီဖြစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:Harper’s Bazaar

www.akhayar.com