[Zawgyi]

ပတ္စတိုရီ Pastore ကို ေပါင္ (၂၂)သန္းနဲ႔ ေခၚယူခဲ့တဲ့ ရိုးမားအသင္း

PSG အသင္းရဲ႕ ကြင္းလယ္လူ ပတ္စတိုရီ Pastore ကို ေပါင္ (၂၂)သန္းနဲ႔ ရိုးမားအသင္းက အၿပီးသတ္ ေခၚယူခဲ့ပါတယ္။ အာဂ်င္တီးနား ကြင္းလယ္လူ ပတ္စတိုရီ Pastore ဟာ ရိုးမားအသင္းရဲ႕ အခုႏွစ္ေႏြရာသီအေျပာင္းအေရႊ႕အတြင္း (၈)ဦးေျမာက္ ကစားသမား ေခၚယူမႈျဖစ္ခဲ့ပါတယ္။ အင္တာမီလန္အသင္းကို ေျပာင္းေရႊ႕သြားတဲ့ ကြင္းလယ္လူ ႏိုင္ဂိုလန္ Nainggolan ေနရာမွာ အစားထိုးဖို႔ ပတ္စ္တိုရီ Pastore ကို ေခၚယူခဲ့တာျဖစ္ၿပီး (၅)ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။ ပတ္စတိုရီ Pastore အေနနဲ႔ ၂၀၁၁ ခုႏွစ္မွာ စီးရီးေအကလပ္ ပါလာမိုအသင္းကေန ျပင္သစ္လီဂူးထိပ္သီး PSG အသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး အီတလီေျမကို တစ္ေက်ာ႔ျပန္ေျခခ်ေတာ့မွာ ျဖစ္ပါတယ္။ PSG အသင္းမွာ ကစားခဲ့တဲ့ (၇)ႏွစ္ၾကာ ကာလအတြင္း ၿပိဳင္ပြဲစံု (၂၆၅)ပြဲကစား (၄၅)ဂိုးအထိ သြင္းယူေပးခဲ့ၿပီး အမွတ္ေပးခ်န္ပီယံဆု (၅)ႀကိမ္ အပါအဝင္ ဆုဖလားေပါင္း (၁၆)ခုအထိ ရယူေပးခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။

Pastore-signs

Pastore-signs

အင္တာမီလန္ ကစားသမားေတြျဖစ္တဲ့ ေနာက္ခံလူ ဆန္တြန္ Santon နဲ႔ ကြင္းလယ္လူ ဇာနီယုိ Zanio တို႔ကို ေခၚယူၿပီး နာရီပိုင္းအၾကာမွာပဲ ပတ္စ္တိုရီ Pastore ကို ထပ္မံေခၚယူခဲ့တာျဖစ္ၿပီး ရိုးမားအသင္းရဲ႕ အခုႏွစ္ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္း (၈)ဦးေျမာက္ ေခၚယူခဲ့တာျဖစ္ပါတယ္။

Javier-Pastore

Javier-Pastore

ရိုးမားအသင္း ကစားသမား ေခၚယူမႈမ်ား

ပတ္စ္တိုရီ Pastore (PSG, £22m)
ကလြိဳက္ဗတ္ Kluivert (Ajax, £15m)
အန္တီကိုရစ္ Ante Coric (Dinamo Zagreb, £5m)
မီရန္တီ Mirante (Bolonga, £3.5m)
ဆန္တြန္ Santon (Inter Milan, မေဖာ္ျပ)
ဇာနီယို Zanio (Inter Milan, မေဖာ္ျပ)
မာကာႏို Marcano (Porto, အလြတ္)
ဘရိုင္ယန္ Bryan (Atalanta, အငွား)

REF:Daily Mail
Photo:Twitter, Futbol SapiensEl Siglo de Torreón
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ပတ်စတိုရီ Pastore ကို ပေါင် (၂၂)သန်းနဲ့ ခေါ်ယူခဲ့တဲ့ ရိုးမားအသင်း

PSG အသင်းရဲ့ ကွင်းလယ်လူ ပတ်စတိုရီ Pastore ကို ပေါင် (၂၂)သန်းနဲ့ ရိုးမားအသင်းက အပြီးသတ် ခေါ်ယူခဲ့ပါတယ်။ အာဂျင်တီးနား ကွင်းလယ်လူ ပတ်စတိုရီ Pastore ဟာ ရိုးမားအသင်းရဲ့ အခုနှစ်နွေရာသီအပြောင်းအရွှေ့အတွင်း (၈)ဦးမြောက် ကစားသမား ခေါ်ယူမှုဖြစ်ခဲ့ပါတယ်။ အင်တာမီလန်အသင်းကို ပြောင်းရွှေ့သွားတဲ့ ကွင်းလယ်လူ နိုင်ဂိုလန် Nainggolan နေရာမှာ အစားထိုးဖို့ ပတ်စ်တိုရီ Pastore ကို ခေါ်ယူခဲ့တာဖြစ်ပြီး (၅)နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ပတ်စတိုရီ Pastore အနေနဲ့ ၂၀၁၁ ခုနှစ်မှာ စီးရီးအေကလပ် ပါလာမိုအသင်းကနေ ပြင်သစ်လီဂူးထိပ်သီး PSG အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အီတလီမြေကို တစ်ကျော့ပြန်ခြေချတော့မှာ ဖြစ်ပါတယ်။ PSG အသင်းမှာ ကစားခဲ့တဲ့ (၇)နှစ်ကြာ ကာလအတွင်း ပြိုင်ပွဲစုံ (၂၆၅)ပွဲကစား (၄၅)ဂိုးအထိ သွင်းယူပေးခဲ့ပြီး အမှတ်ပေးချန်ပီယံဆု (၅)ကြိမ် အပါအဝင် ဆုဖလားပေါင်း (၁၆)ခုအထိ ရယူပေးခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

Pastore-signs

Pastore-signs

အင်တာမီလန် ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ ဆန်တွန် Santon နဲ့ ကွင်းလယ်လူ ဇာနီယို Zanio တို့ကို ခေါ်ယူပြီး နာရီပိုင်းအကြာမှာပဲ ပတ်စ်တိုရီ Pastore ကို ထပ်မံခေါ်ယူခဲ့တာဖြစ်ပြီး ရိုးမားအသင်းရဲ့ အခုနှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း (၈)ဦးမြောက် ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Roma-new-midfielder-Pastore

Roma-new-midfielder-Pastore

ရိုးမားအသင်း ကစားသမား ခေါ်ယူမှုများ

ပတ်စ်တိုရီ Pastore (PSG, £22m)
ကလွိုက်ဗတ် Kluivert (Ajax, £15m)
အန်တီကိုရစ် Ante Coric (Dinamo Zagreb, £5m)
မီရန်တီ Mirante (Bolonga, £3.5m)
ဆန်တွန် Santon (Inter Milan, မဖော်ပြ)
ဇာနီယို Zanio (Inter Milan, မဖော်ပြ)
မာကာနို Marcano (Porto, အလွတ်)
ဘရိုင်ယန် Bryan (Atalanta, အငှား)

REF:Daily Mail
Photo:Twitter, Futbol SapiensEl Siglo de Torreón
Aung Kyaw Wai (Akhayar)
www.akhayar.com