[Zawgyi]

မာေဆးလ္အသင္းကို ေျပာင္းေရႊ႕ခဲ႔တဲ႔ စထ႐ုမန္း Strootman

႐ုိးမားအသင္းရဲ႕ နယ္သာလန္ကြင္းလယ္လူ စထ႐ုမန္း Strootman ဟာ ျပင္သစ္လီဂူးကလပ္ မာေဆးလ္အသင္းကို ေျပာင္းေရႊ႕ေၾကးေပါင္(၂၂.၆)သန္းနဲ႔ေျပာင္းေရႊ႕ခဲ႔ပါတယ္။ စထ႐ုမန္း Strootman ဟာ ႐ုိးမားအသင္းမွာ(၅)နွစ္ၾကာ ကစားအျပီးမွာေတာ႔ အခုလို ျပင္သစ္ေျမကို ေျပာင္းေရႊ႕ခဲ႔တာပါ။ ႐ုိးမားအသင္းဟာ အခုေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ကြင္းလယ္ကစားသမားေတြျဖစ္တဲ႔ အန္ဇြန္ဇီ N’Zonzi ၊ ပတ္စ္တိုရီ Pastore တို႔ကိုေခၚယူႏိုင္ခဲ႔တာေၾကာင္႔ စထ႐ုမန္း Strootman ဟာ အသင္းေျပာင္းေရႊ႕ခဲ႔တာ ျဖစ္ပါတယ္။

Strootman

Strootman

စထ႐ုမန္း Strootman ဟာ ႐ုိးမားအသင္းကို စေရာက္ျခင္းမွာ ေျခစြမ္းျပကစားႏိုင္ခဲ႔ျပီး မန္ယူအသင္းရဲ႕ ပစ္မွတ္ထားျခင္းကို ခံခဲ႔ရသူပါ။ ေနာက္ပိုင္းမွာေတာ႔ ႐ုိးမားအသင္းမွာ စထ႐ုမန္း Strootman ဟာ ဒဏ္ရာျပႆနာေတြနဲ႔႐ုန္းကန္ခဲ႔ရျပီး ျပီးခဲ႔တဲ႔ေဘာလံုးရာသီကေတာ႔ အသင္းအတြက္ပြဲေပါင္း(၄၂)ပြဲပါ၀င္ကစားခဲ႔ပါတယ္။ ႐ုိးမားအသင္းရဲ႕အားကစားဒါ႐ုိက္တာ မြန္ခ်ီ Monchi က ” စထ႐ုမန္း Strootman က ျပီးခဲ႔တဲ႔ေဘာလံုးရာသီက ပြဲေပါင္း(၄၂)ပြဲကစားခဲ႔ပါတယ္။ သူက ကစားသမားေကာင္းတစ္ဦးပါ။ ဒါေပမဲ႔ ဒီဆံုးျဖတ္ခ်က္ကိုေတာ႔ ကလပ္အသင္း ၊ နည္းျပနဲ႔ကစားသမားတို႔က အတူတကြျပဳလုပ္ခဲ႔ၾကတာပါ ” လို႔ေျပာၾကားခဲ႔ပါတယ္။

Ref: Football Italia
Photo: Voce Bianconera , Sempreinter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မာဆေးလ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ စထရုမန်း Strootman

ရိုးမားအသင်းရဲ့ နယ်သာလန်ကွင်းလယ်လူ စထရုမန်း Strootman ဟာ ပြင်သစ်လီဂူးကလပ် မာဆေးလ်အသင်းကို ပြောင်းရွှေ့ကြေးပေါင်(၂၂.၆)သန်းနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ စထရုမန်း Strootman ဟာ ရိုးမားအသင်းမှာ(၅)နှစ်ကြာ ကစားအပြီးမှာတော့ အခုလို ပြင်သစ်မြေကို ပြောင်းရွှေ့ခဲ့တာပါ။ ရိုးမားအသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အန်ဇွန်ဇီ N’Zonzi ၊ ပတ်စ်တိုရီ Pastore တို့ကိုခေါ်ယူနိုင်ခဲ့တာကြောင့် စထရုမန်း Strootman ဟာ အသင်းပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

Strootman

Strootman

စထရုမန်း Strootman ဟာ ရိုးမားအသင်းကို စရောက်ခြင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး မန်ယူအသင်းရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသူပါ။ နောက်ပိုင်းမှာတော့ ရိုးမားအသင်းမှာ စထရုမန်း Strootman ဟာ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ဘောလုံးရာသီကတော့ အသင်းအတွက်ပွဲပေါင်း(၄၂)ပွဲပါဝင်ကစားခဲ့ပါတယ်။ ရိုးမားအသင်းရဲ့အားကစားဒါရိုက်တာ မွန်ချီ Monchi က ” စထရုမန်း Strootman က ပြီးခဲ့တဲ့ဘောလုံးရာသီက ပွဲပေါင်း(၄၂)ပွဲကစားခဲ့ပါတယ်။ သူက ကစားသမားကောင်းတစ်ဦးပါ။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကိုတော့ ကလပ်အသင်း ၊ နည်းပြနဲ့ကစားသမားတို့က အတူတကွပြုလုပ်ခဲ့ကြတာပါ ” လို့ပြောကြားခဲ့ပါတယ်။

Ref: Football Italia
Photo: Voce Bianconera , Sempreinter
Ko Kyue(Akhayar)
www.akhayar.com