[Zawgyi]



Rafael Nadal

Rafael Nadal


Roger Federer

Roger Federer


ချစ်ခင်လေးစားရပါသောပရိသတ်များအားလုံးမင်္ဂလာပါ…ကျွန်တော်ဒါရိုက်တာအဖြစ်နဲ့ရိုက်ကူးခဲ့တဲ့ Ananda ရုပ်ရှင်ဇာတ်ကားဟာ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးကနေထုတ်လုပ်ရိုက်ကူးခဲ့တယ် ဆိုပေမယ့် အခုစာကိုဖတ်နေတဲ့မိတ်ဆွေလည်း ပိုင်ပါတယ်…နိုင်ငံတစ်နိုင်ငံ၊လူမျိုးစုတစ်ခု ဒါမှမဟုတ် လုပ်ငန်းနယ်ပယ်တစ်ခုမှာ အတူတကွရေးခဲ့ကြတဲ့ သမိုင်း ဆိုတာကို လူတစ်ဦးတစ်ယောက်တည်းက ပိုင်ဆိုင်ခွင့်မရှိသလိုပါပဲ…Ananda ရုပ်ရှင်ဇာတ်ကားကို မြန်မာရုပ်ရှင်ကိုချစ်မြတ်နိုးသော မည်သူမဆိုပိုင်ဆိုင်ခွင့်ရှိပါတယ်…ကျွန်တော်တို့မြန်မာ့ရုပ်ရှင်မှာ ရှိသင့်တယ်ထင်တဲ့ ဇာတ်ကားအမျိုးအစားတစ်ခုကို ပေါ်ပေါက်လာစေချင်တဲ့ရည်ရွယ်ချက်နဲ့ ကျန်တာဘာမှမစဉ်းစားပဲ ရိုက်ရက်ပေါင်း ဂျူတီခုနစ်ဆယ်အထိရိုက်ကူးခဲ့ပြီး CGI အထူးပြုလုပ်ချက်တွေကိုအချိန်နှစ်နှစ်ကျော်ဖန်တီးခဲ့တဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်…နောင်အနာဂါတ်မှာ မြန်မာလူငယ်တွေရိုက်ကူးတဲ့ သိပ္ပံဇာတ်ကားတွေ၊ VFX အသားပေးဇာတ်ကားတွေဖွံ့ဖြိုးလာဖို့အတွက် အားလုံးက မဖြစ်နိုင်ပါဘူး လို့စောင့်ကြည့်နေတဲ့ကြားက မရ ရအောင်ကြိုးစားယူခဲ့ရတဲ့ ဇာတ်ကားတစ်ခုလည်းဖြစ်ပါတယ်၊မခက်ဘူးလား ဆိုရင်တော့ ခက်ပါတယ်…မရဘူးလား ဆိုရင်တော့ ရတာပါပဲ……မြန်မာ့ရုပ်ရှင်အနာဂါတ်ကို ကျွန်တော်တို့အားလုံးအတူတကွပြောင်းလဲကြရအောင် လို့ ချစ်ခင်လေးစားစွာဖိတ်ခေါ်လိုက်ပါတယ်…With love,ညိုမင်းလွင်

Posted by Nyo Min Lwin on Thursday, May 17, 2018


အခရာ (Akhayar)

[Unicode]

ကမ္ဘာ့အဆင့် (၁) တင်းနစ်သမားအဖြစ် ပဉ္စမအကြိမ်ပြန်ဖြစ်သွားတဲ့ ရော်ဂျာဖက်ဒဲရား (Roger Federer)

ရော်ဂျာဖက်ဒဲရား (Roger Federer) ဟာ ကြေးစားတင်းနစ်အဖွဲ့အစည်း (Association of Tennis Professionals – ATP) က သတ်မှတ်တဲ့ ကမ္ဘာ့အဆင့် (၁) တင်းနစ်သမားအဖြစ် ပဉ္စမအကြိမ်ရပ်တည်နိုင်ခဲ့ပါတယ်။ သူဟာ (မတ်လ (၂၄) ရက် – မိုင်ယာမီအိုးပင်းပြိုင်ပွဲပြီးကတည်းက) မကစားခဲ့တာ နှစ်လကျော်ကြာခဲ့ပြီဖြစ်ပေမယ့် အဓိကပြိုင်ဘက် စပိန်တင်းနစ်ကစားသမား ရာဖေးလ် နာဒယ် (Rafael Nadal) ဟာ မက်ဒရစ်အိုးပင်းပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်သွားခဲ့တာကြောင့် နံပါတ် (၁) နေရာကို ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Rafael Nadal

Rafael Nadal

ဒါ့ကြောင့်မို့ ရော်ဂျာဖက်ဒဲရားဟာ ကမ္ဘာ့အဆင့် (၁) တင်းနစ်သမားနေရာကို ပဉ္စမအကြိမ်အထိ အရယူနိုင်တဲ့ တစ်ဦးတည်းကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ (၃၆) နှစ်ရှိပြီဖြစ်တဲ့အတွက် အသက်ကြီးဆုံး ကမ္ဘာ့အဆင့် (၁) တင်းနစ်သမားစံချိန်ကို တင်နိုင်ခဲ့ပါတယ်။

Roger Federer

Roger Federer

ဝင်ဘယ်ဒန်ဖလား (၈) ကြိမ်၊ သြစတေးလျအိုးပင်း (၆) ကြိမ်၊ အမေရိကန်အိုပင်း (၅) ကြိမ်၊ ပြင်သစ်အိုးပင်း (၁) ကြိမ်နဲ့ စုစုပေါင်းပြိုင်ပွဲစုံ ဆုဖလား (၂ဝ) အထိ ဗိုလ်စွဲထားသူဖြစ်ပါတယ်။

ချစ်ခင်လေးစားရပါသောပရိသတ်များအားလုံးမင်္ဂလာပါ…ကျွန်တော်ဒါရိုက်တာအဖြစ်နဲ့ရိုက်ကူးခဲ့တဲ့ Ananda ရုပ်ရှင်ဇာတ်ကားဟာ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးကနေထုတ်လုပ်ရိုက်ကူးခဲ့တယ် ဆိုပေမယ့် အခုစာကိုဖတ်နေတဲ့မိတ်ဆွေလည်း ပိုင်ပါတယ်…နိုင်ငံတစ်နိုင်ငံ၊လူမျိုးစုတစ်ခု ဒါမှမဟုတ် လုပ်ငန်းနယ်ပယ်တစ်ခုမှာ အတူတကွရေးခဲ့ကြတဲ့ သမိုင်း ဆိုတာကို လူတစ်ဦးတစ်ယောက်တည်းက ပိုင်ဆိုင်ခွင့်မရှိသလိုပါပဲ…Ananda ရုပ်ရှင်ဇာတ်ကားကို မြန်မာရုပ်ရှင်ကိုချစ်မြတ်နိုးသော မည်သူမဆိုပိုင်ဆိုင်ခွင့်ရှိပါတယ်…ကျွန်တော်တို့မြန်မာ့ရုပ်ရှင်မှာ ရှိသင့်တယ်ထင်တဲ့ ဇာတ်ကားအမျိုးအစားတစ်ခုကို ပေါ်ပေါက်လာစေချင်တဲ့ရည်ရွယ်ချက်နဲ့ ကျန်တာဘာမှမစဉ်းစားပဲ ရိုက်ရက်ပေါင်း ဂျူတီခုနစ်ဆယ်အထိရိုက်ကူးခဲ့ပြီး CGI အထူးပြုလုပ်ချက်တွေကိုအချိန်နှစ်နှစ်ကျော်ဖန်တီးခဲ့တဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်…နောင်အနာဂါတ်မှာ မြန်မာလူငယ်တွေရိုက်ကူးတဲ့ သိပ္ပံဇာတ်ကားတွေ၊ VFX အသားပေးဇာတ်ကားတွေဖွံ့ဖြိုးလာဖို့အတွက် အားလုံးက မဖြစ်နိုင်ပါဘူး လို့စောင့်ကြည့်နေတဲ့ကြားက မရ ရအောင်ကြိုးစားယူခဲ့ရတဲ့ ဇာတ်ကားတစ်ခုလည်းဖြစ်ပါတယ်၊မခက်ဘူးလား ဆိုရင်တော့ ခက်ပါတယ်…မရဘူးလား ဆိုရင်တော့ ရတာပါပဲ……မြန်မာ့ရုပ်ရှင်အနာဂါတ်ကို ကျွန်တော်တို့အားလုံးအတူတကွပြောင်းလဲကြရအောင် လို့ ချစ်ခင်လေးစားစွာဖိတ်ခေါ်လိုက်ပါတယ်…With love,ညိုမင်းလွင်

Posted by Nyo Min Lwin on Thursday, May 17, 2018

သူဟာ ကမ္ဘာ့အဆင့် (၁) တင်းနစ်သမားအဖြစ် ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၈ခုနှစ်အထိ (၂၃၇ ပတ်) ပထမအကြိမ် ၊ ၂ဝဝ၉ခုနှစ်မှ ၂ဝ၁ဝအထိ (၄၈ ပတ်) ဒုတိယအကြိမ်၊ ၂ဝ၁၂ခုနှစ် (၁၇ ပတ်) တတိယအကြိမ်၊ ၂ဝ၁၈ခုနှစ် (၆ပတ်) စတုတ္ထအကြိမ်နဲ့ လက်ရှိပဉ္စမအကြိမ်အထိ ဆက်ထိန်းနိုင်တာပါ။ ကမ္ဘာ့အဆင့် (၁) တင်းနစ်သမားအဖြစ် (၃ဝ၉) ပတ်အထိ ရပ်တည်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်သွားခဲ့ပါတယ်။

အခရာ (Akhayar)