[Zawgyi]

Nike နဲ႔ လမ္းခြဲဖြယ္ရွိတဲ့ တင္းနစ္ေက်ာ္ Roger Federer

ကမၻာ့အဆင့္ (၂) ဆြစ္ဇာလန္တင္းနစ္ေက်ာ္ Roger Federer ဟာ Nike နဲ႔ လမ္းခြဲဖြယ္ရွိတယ္လုိ႔ သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။ ဂ်ပန္အဝတ္အထည္တံဆိပ္ Uniqlo နဲ႔ (၁ဝ) ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိဖြယ္ရွိတယ္လုိ႔ သိရပါတယ္။ သူဟာ Nike နဲ႔ လက္တြဲတုန္းက တစ္ႏွစ္ကုိ ေဒၚလာ ၁ဝ သန္း (ေပါင္ ၇.၅ သန္း) ရရွိေပမယ့္ Uniqlo ကေတာ့ တစ္ႏွစ္ကုိ ေဒၚလာ သန္း ၃ဝ (ေပါင္ ၂၂.၅ သန္း) အထိ ေပးေခ်သြားမယ္လုိ႔ သိရျပန္ပါတယ္။

Roger Federer

Roger Federer

တကယ္လုိ႔ Roger Federer ဟာ တင္းနစ္ကစားသမားဘဝက အနားယူသြားရင္ေတာင္ အဆုိပါႏႈန္းထားကုိ ဆက္လက္ေပးေခ်သြားမွာျဖစ္ပါတယ္။  သူဟာ ၂ဝ၁၈ ခုႏွစ္အတြင္းမွာ ေဒၚလာ ၇၇.၂ သန္း ဝင္ေငြရွိခဲ့ၿပီး ကမၻာ့သတၱမေျမာက္ဝင္ေငြအေကာင္းဆုံး အားကစားသမားျဖစ္ပါတယ္။ Uniqlo နဲ႔သာ စာခ်ဳပ္လုိက္မယ္ဆုိရင္ လက္ရွိဝင္ေငြထက္ ၃ဝ ရာခုိင္ႏႈန္းအထိ ပုိမ်ားလာမယ္လုိ႔ သုံးသပ္ရပါတယ္။

Uniqlo

Uniqlo

သူတုိ႔ရဲ႕အမွတ္တံဆိပ္ကုိ ကမၻာကုိ ထုိးေဖာက္ခ်င္ေနတဲ့ Uniqlo ကေတာ့ အရင္တုန္းက ဆားဘီးယား တင္းနစ္ေက်ာ္ Novak Djokovic နဲ႔ လက္တြဲခဲ့ဖူးပါတယ္။ ဒါ့ေၾကာင့္ ေနာက္လမွာ က်င္းပမယ့္ ၿဗိတိန္ဝင္ဘယ္ဒန္ (Wimbledon) တင္းနစ္ၿပိဳင္ပြဲမွာ Roger Federer ကုိ Uniqlo ဝတ္စုံနဲ႔ ျမင္ေတြ႕ရဖြယ္ရွိပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

Nike နဲ့ လမ်းခွဲဖွယ်ရှိတဲ့ တင်းနစ်ကျော် Roger Federer

ကမ္ဘာ့အဆင့် (၂) ဆွစ်ဇာလန်တင်းနစ်ကျော် Roger Federer ဟာ Nike နဲ့ လမ်းခွဲဖွယ်ရှိတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဂျပန်အဝတ်အထည်တံဆိပ် Uniqlo နဲ့ (၁ဝ) နှစ်စာချုပ်ချုပ်ဆိုဖွယ်ရှိတယ်လို့ သိရပါတယ်။ သူဟာ Nike နဲ့ လက်တွဲတုန်းက တစ်နှစ်ကို ဒေါ်လာ ၁ဝ သန်း (ပေါင် ၇.၅ သန်း) ရရှိပေမယ့် Uniqlo ကတော့ တစ်နှစ်ကို ဒေါ်လာ သန်း ၃ဝ (ပေါင် ၂၂.၅ သန်း) အထိ ပေးချေသွားမယ်လို့ သိရပြန်ပါတယ်။

Roger Federer

Roger Federer

တကယ်လို့ Roger Federer ဟာ တင်းနစ်ကစားသမားဘဝက အနားယူသွားရင်တောင် အဆိုပါနှုန်းထားကို ဆက်လက်ပေးချေသွားမှာဖြစ်ပါတယ်။  သူဟာ ၂ဝ၁၈ ခုနှစ်အတွင်းမှာ ဒေါ်လာ ၇၇.၂ သန်း ဝင်ငွေရှိခဲ့ပြီး ကမ္ဘာ့သတ္တမမြောက်ဝင်ငွေအကောင်းဆုံး အားကစားသမားဖြစ်ပါတယ်။ Uniqlo နဲ့သာ စာချုပ်လိုက်မယ်ဆိုရင် လက်ရှိဝင်ငွေထက် ၃ဝ ရာခိုင်နှုန်းအထိ ပိုများလာမယ်လို့ သုံးသပ်ရပါတယ်။

Uniqlo

Uniqlo

သူတို့ရဲ့အမှတ်တံဆိပ်ကို ကမ္ဘာကို ထိုးဖောက်ချင်နေတဲ့ Uniqlo ကတော့ အရင်တုန်းက ဆားဘီးယား တင်းနစ်ကျော် Novak Djokovic နဲ့ လက်တွဲခဲ့ဖူးပါတယ်။ ဒါ့ကြောင့် နောက်လမှာ ကျင်းပမယ့် ဗြိတိန်ဝင်ဘယ်ဒန် (Wimbledon) တင်းနစ်ပြိုင်ပွဲမှာ Roger Federer ကို Uniqlo ဝတ်စုံနဲ့ မြင်တွေ့ရဖွယ်ရှိပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com