ကျနော်တို့ ဂိမ်မာတွေရဲ့ မရှိမဖြစ် အလိုအပ်ဆုံးအရာက အကောင်းဆုံး Gaming Gear တခုပါ၊ အဲ့ဒါက Desktop လည်း ဖြစ်နိုင်တယ်၊ Laptop လည်းဖြစ်နိုင်တယ်။
ယုတ်စွအဆုံး Mobile Gamer ဖြစ်နေတယ်ဆိုရင်တောင် စွမ်းဆောင်ရည်ကောင်းတဲ့ ဖုန်းတစ်လုံး ရှိနေမှ ဖြစ်မှာပါ။

ဘာလို့လဲ? ဘယ် Gamer မဆို သူတို့ ကျွမ်းကျင်ပိုင်နိုင်တဲ့ Skill တမျိုးစီ ရှိကြပါတယ်။ သူတို့ကိုယ်တိုင်လည်း Gaming Content တွေကို အကောင်းဆုံး ဖန်တီးလိုကြတယ်။

Gamer တွေမှာလည်း ကိုယ်ပိုင် Skilful Content ရှိကြတယ်

အဲ့ဒါက ပေါင်ပေါ်တင်ပြီး ဆော့ပြတာလည်း ဖြစ်နိုင်တယ်၊ အလုပ်နားလို့ ကွန်ပျူတာကို နားနေရာ သယ်သွားပြီး Online ဂိမ်းတွေ ဆော့ကျမယ် စသဖြင့် အတွေးမျိုးစုံရှိကြပါတယ်။

အဲ့တော့ ၅ ကီလိုလောက်လေးတဲ့ Gaming Laptop ကြီးကို ပေါင်ပေါ်တင်ဆော့နိုင်မလား? ဆော့လို့ရခဲ့ရင်တောင် သယ်သွားနိုင်မလားဆိုတဲ့ မေးခွန်းက ပြဿနာဖြစ်သွားစေမှာပါ။

Gaming Laptop တိုင်းက Gamer တွေရဲ့ Unique ဖြစ်ရဲ့လား

ဒီတော့ ဖင်ထူ Gaming Laptop ကြီးတွေကို Ultrabook လောက် ပါးလာအောင် ဒီဇိုင်းဆွဲဖို့ လိုသလို Performance ကိုလည်း လျော့မသွားစေဖို့ Gaming Industry ဖက်က တာဝန်ရှိလာတယ်။

အခု ROG စီးရီးမှာဆိုရင် Mobility ကို ၁၀၀% အာမခံပေးနိုင်တဲ့ လေနတ်သားတစ်ပါးရှိနေပြီ။ Gamer တွေရဲ့ လက်ရည်ကို အဆုံးစွန်ထိ မြင့်တင်ပေးနိုင်မယ့် နောက်ဆုံးပေါ် နည်းပညာတွေ ထွေးပိုက်ထားပါပြီ။
မြင်လိုက်တာနဲ့ ကြွေဆင်းသွားစေရမယ့် ဒီဇိုင်းက ထိတွေ့လိုက်သူ ဘယ်သူမဆို “ငါ့ကိုမလွတ်ပါနဲ့လို့” မပြောရုံတမယ် လှပလွန်းနေပါပြီ။

ပါးပါးလေးနဲ့ ချစ်စရာဆိုတာ MacBook တွက် မဟုတ်တော့ပါဘူး

တည့်ပြောရရင်တော့ MacBook Pro လောက်ကို ပါးလွာသွားပြီး စွမ်းဆောင်ရည်ကလည်း Gaming Desktop တလုံး သုံးနေရသလို အံမခန်းဖြစ်လာခဲ့ပါပြီ။
ဂိမ်မာတွေထဲမှာတောင် သူ့နာမည်ကြားတာနဲ့ “ဟိုက်၊ ရှားပါးလို့” အလိုလို ရှိန်ကုန်ပြီ။ အဲ့တော့ ကျနော် အထင်ကြီးမိသွားအောင် ပြောပြချင်တာက “Zephyrus S” Gaming Laptop ပါပဲ။

ကျနော်ရတဲ့ Review Unit ကတော့ GX701GWR ဖြစ်ပါတယ်။ ၁၇ လက်မ Zephyrus Lineup မှာ စွမ်းဆောင်ရည် မတူကြတဲ့ GX701 Siblings ရှိနေလို့ မော်ဒယ်နာမည် ဖော်ပြလိုက်တာပါ။

Zephyrus တွေ Gamer တွေရဲ့ အိမ်မက်ဖြစ်လာပြီ

ဒီဇိုင်းပိုင်းနဲ့ ကျနော်စကားချည်းလေး စရမယ်ဆိုရင် GX701 ဟာ အထူ ၁၈.၇ မီလီမီတာနဲ့ ကိုယ်ထည်တစ်ခုလုံးကို မဂ္ဂနီစီယမ် သတ္တုစပ်နဲ့ တည်ဆောက်ထားတာပါ။

ဒီလို အလူမီနမ်ထက်တောင် မာကျောတဲ့ သတ္တုနဲ့ ဖွဲ့စည်းထားတာမလို့ Zephyus S ဟာ သာမန်လက်တော့တွေထက် ပိုတောင့်တင်းတယ်၊ ခိုင်မာတယ်။
လက်ထဲမှာ ကိုင်ရတာတောင် “သတ္တုပြားတပြား ကိုင်နေရသလိုမျိုး” စိတ်ကျေနပ်မှု ပေးစွမ်းပါတယ်။

Metal Plate ကိုင်နေရသလို Feeling မျိုးရတယ်

လက်တော့ဖွင့်လိုက်တာနဲ့ အောက်ဖက် ကိုယ်ထည် အလိုလျောက် ကြွတက်လာတဲ့ Active Aerodynamic System (AAS) အပူစွန့်ထုတ် စနစ်ကို မြင်တွေ့ရမှာပါ။
ဘာလို့ ဒီစနစ်သုံးတာလဲ? ASUS အဆိုရ ကမ္ဘာ့ပထမဆုံး AAS စနစ် အသုံးပြုထားတဲ့ Zephyus တွေဟာ တခြား Gaming Laptop တွေထက် အပူစွန့်ထုတ်အားကောင်းတယ်။

AAS က ပါးလွာမှုရဲ့ လျို့ဝှက်ချက်ပဲ

၇ ရာခိုင်နှုန်း Graphics Power” တင်ပေးနိုင်တဲ့အတွက် ပြိုင်ဖက် ပါးပါးတွေထဲမှာ စွမ်းဆောင်ရည် ပိုသာသွားတယ်။
အဲ့လို ပြုမူနိုင်တာဟာ AAS ရဲ့ လေဝင်၊ လေထွက် စနစ်ကြောင့်ဖြစ်ပြီး 12V အားရှိတဲ့ Anti-Dust ပန်ကာ ၂ လက်က Zephyrus အသက်ပဲ။

AAS Cooling စနစ်ကြောင့်သာ ၁၈ မီလီမီတာပဲ အထူရှိတဲ့ Gaming Laptop လေးထဲမှာ 115W ပါဝါသုံးစွဲတဲ့ RTX 2070 (Non Max-Q) ကြီး ထည့်ထားနိုင်တာပါ။
သီအိုရီအရ ပြောရင် ပါဝါစားများလေ၊ အပူပိုထွက်လေဆိုတော့ RTX 2070 ကို အေးအောင်ဘယ်လို လုပ်မလဲ?

RTX 2070 ကိုတောင် Cool Down လုပ်နိုင်တယ်

AAA ဂိမ်းကစားရင် ၈၀°C အထိ တက်လာနိုင်တဲ့ Graphics အပူကို Laptop ပါးပါးလေးက Cooling လုပ်နိုင်ပါ့မလား? ကျနော် Zephyrus ကို မြင်တာနဲ့ စိတ်ထဲမှာ မေးမိပါတယ်။
ဒါနဲ့ Steam Library လေးကို ဖွင့်လိုက်ပြီး Ray Tracing နဲ့ DLSS ထောက်ပံ့တဲ့ Shadow of the Tomb Raider ကောက် ဆော့ပစ်လိုက်တယ်။

Lara က Zephyrus ပေါ်မှာ ပိုချစ်စရာကောင်းတယ်

Nvidia ရဲ့ Real World Lighting နည်းပညာကို မြင်တွေ့လိုက်ရတော့ တကယ်ပဲ မင်သက်မိပါတယ်။
Deep Learning လုပ်နိုင်ပြီး Super Sampling ပေးနိုင်တဲ့အတွက် Lara ဆံနွယ်က ပိုးသားလိုအိနေတယ်၊
အဲ့ Effect ပိတ်လိုက်ရင်တော့ တုံးတိဖြစ်သွားလို့ RTX နဲ့ ဆော့ပြီးရင် GTX ဆီ ပြန်မဆင်းချင်တော့ဘူး။

အဲ့လို ၁၀ မိနစ်လောက် ဆော့လိုက်တော့ Zephyus ကိုယ်ထည် Keyboard အပေါ်ဖက်က ပူတက်လာတယ်၊ လုံးဝကိုင်မရတဲ့အထိပဲ။
ROG Logo အောက်မှာ CPU နဲ့ GPU Center ထားတာဆိုတော့ လုံးဝ Heat Zone ကြီးဖြစ်နေတယ်။

ဒါကို Cooling လုပ်ဖို့ အပူစုပ်ပိုက် ၅ ချောင်း နဲ့ တာဝန်ယူပြီး 12V ပန်ကာကြီးတွေက Thermal Threshold ရောက်တာနဲ့ အဆက်မပြတ် မှုတ်ထုတ်ပေးပါတယ်။

12V Fans က AAS ရဲ့ အနှစ်သာရ

အဲ့မှာ အံ့သြစရာကောင်းတာက 67°C (CPU) နဲ့ 73°C (GPU) လောက်နဲ့ Stable ဖြစ်နေတာပါ။ တခါတလေ Graphics အပူချိန်က 78″C လောက်ထိ တက်လာပေမယ့် လုံးဝ Thermal Throttling ဖြစ်မနေပါဘူး။
Shadow of the Tomb Raider ကို Ultra Setting နဲ့ Ray Tracing ဖွင့်ကစားတာတောင် 72fps (Frame per Second) အောက် လုံးဝ မလျော့ပါဘူး။

sRGB 100% Pantone Certified Display သုံးထားတယ်

GX701GWR က G-Sync Panel ကြီးဆိုတော့ Screen Tearing လုံးဝမရှိတဲ့ Smoothing Gameplay ကို ထပ်ကလိချင်စိတ် ပေါက်လာတယ်။

ဒါနဲ့ Armoury Crate ထဲဝင်ပြီး Optimus Mode ကိုဖြုတ်၊ Dedicated Graphics ပြောင်းပြီး CS:GO ထပ်ဆော့လိုက်တယ်။

G-Sync သုံးချင်ရင် Restart လုပ်ရတဲ့အချက်တော့ ရှိတယ်

အဲ့မှာ 1920 x 1080 Resolution မှာ 144fps ကနေ ယောင်လို့တောင် ပြုတ်ကျတာမျိုး မရှိပါဘူး။
Counter Striker က CPU Intensive ဂိမ်းမဟုတ်ပေမယ့် Frame Rate တွန်းပေးတဲ့အခါ ၂ မျိုးလုံး ရောကြိတ်တာမို့ CPU ရော GPU ရော ပူတက်လာပါတယ်။

သတိထားမိသလောက် 80°C (CPU) နဲ့ 73°C (GPU) ရောက်သွားတာမလို့ ပန်ကာပိုလည်ပါတယ်။ ဒါတောင် 10 min Length ပဲရှိတဲ့ Death Match ကို ဝင်ဆော့တာပါ။
ကြာလေ ပူလေဖြစ်မလာပေမယ့် Temperature ကို Stable ဖြစ်အောင် လည်နေရတဲ့ ပန်ကာသံက ပိုကျယ်လာပါတယ်။

ပွဲတပွဲအဆုံးမှာ 6500 RPM နဲ့ 6700 RPM စီလည်နေတဲ့ CPU ၊ GPU Fan တွေက Armoury Crate Software မှာ 52dBA Noise Level ရောက်နေတယ်လို့ ပြနေပါတယ်။

Fan noise က အနှောက်ယှက်ဖြစ်စေတယ်

49dBA ဆိုတာ Gamer တွေကို Headphone တပ်ဆော့ဖို့ Signal ပြနေတာဖြစ်ပြီး 52dBA Noise က ဂိမ်းအသံကို လုံးဝ အုပ်ထားပစ်လိုက်ပါပြီ။
အဲ့တော့ ပါးပါးလျလျကိုယ်ထည်နဲ့ Insane Performance ကို တာဝန်ယူထားရတဲ့ Zephyrus အတွက် ပန်ကာညံသံက အားနည်းချက် တခုလို့ပြောနိုင်ပါတယ်။

နောက်တချက် ကျနော်သတိထားမိတာက Gaming Laptop တော်တော်များများ Idle State မှာ ပန်ကာမလည်ပါဘူး။ Zephyrus တွေကတော့ 2400 RPM လောက်နဲ့ လည်နေတယ်ဆိုမယ့် 24.3dBA ပဲရှိပါတယ်။

No Noise in IDLE Mode

ဒီလောက် Speed ရှိနေပေမယ့် ပန်ကာလည်နေမှန်းတောင် မသိသာပါဘူး။ ဒီလို Spinning ဖြစ်နေတယ်ဆိုတာကလည်း Active Aero ကြောင့်ဆိုတော့ လေဝင်၊ လေထွက် မတရားကောင်းပြီး ကိုယ်ထည်တခုလုံကိုး အေးမြစနပါတယ်။

ဒီလောက်ဆိုရင် Zephyrus S ရဲ့ Cooling Solution ကို သိသွားပြီထင်ပါတယ်။ Intel Core i7-9750H Processor နဲ့ RTX 2070 ကို Coupling လုပ်ထားပြီး CPU Benchmark တွေမှာရော Graphics Performance တွေမှာ ပြိုင်ဖက်တွေထက် Outscoring လုပ်နိုင်တာ AAS စနစ်ကြောင့်ပါ။

GX703 လို ဖင်ထူ Gaming Laptop ထက် ၂ ဆမက ပိုပါး၊ ပိုပေါ့သွားပေမယ့် စွမ်းဆောင်ရည်ကိုတော့ လုံးဝအထင်သေးလို့ မရပါဘူး။
အဲ့တော့ GX701 နဲ့ GX531 လို ဆွဲဆောင်မှုရှိတဲ့ Ultrabook Gaming Laptop မှာ ဘာတွေ ပေးဆပ်လိုက်ရလဲ?

ဈေးကြီးတယ်

ပထမဆုံးကတော့ ဈေးနှုန်းပါ။ ဒေါ်လာ ၂,၉၀၀ ကျသင့်မယ့် GX701 ဟာ Level တူ Gaming Laptop ထက် ဒေါ်လာ ၅၀၀ လောက် ဈေးပိုပေးရပါတယ်။ ဒိအတွက် ကျနော်တို့ ပြန်ရလိုက်တာက Work and Play

GX531 ဆိုရင် 2.1Kg ပဲရှိတဲ့အတွက် 2.7Kg အလေးချိန်ရှိတဲ့ GX701 ထက် ပိုပေါ့ပါတယ်။ အဲ့တော့ ဒီ Zephyrus S ၂ လုံးကိုသာ ပိုင်ဆိုင်ထားရင်တော့ တခြားလက်တော့ ပြောင်းသုံးဖို့ စဉ်းစားမိမယ်မထင် ($3,000 ကို ထည့်မတွက်ရင်ပေါ့)

ဘာလို့ ဒီလိုပြောရသလဲဆိုရင် Zephyrus S ကိုင်ဖူးတဲ့ ဘယ်သူမဆို အကျင့်ပါသွားတာ ၂ ချက်ရှိပါတယ်။ ပထမဆုံးကတော့ ညာဖက်မှာ ထားထားတဲ့ Touchpad အနေထားလေးပါ။
Keyboard နဲ့ Touchpad ၂ ခုလုံးကို AAS Thermal Zone ပေါ်မတင်ထားဘဲ အောက်ဖက်ပြောင်းလိုက်တာဆိုတော့ လက်တင်ဆော့လည်း အပူမခံစားမိတော့ဘူး။

Zephyrus သုံးရင် အကျင့်ပျက်တာ ၂ ခုရှိတယ်

GX701 ကီးဘုတ် စသုံးတုန်းက ကသိကအောက် နိုင်တယ်ဆိုမယ့် ရိုက်နေရင်း အဆင်ပြေလာပါတယ်။ ညာဖက်မှာ Touchpad ထားလိုက်တာ ဘယ်လောက် အသုံးဝင်လာလဲသိလာပါတယ်။

အဲ့မှာ လှိမ့်လို့ရတဲ့ Volume Wheel ကလည်း Mute လုပ်လို့ မတရားကောင်း။ အသံ၊ အတိုးလျှော့ လုပ်လို့လဲကောင်းတော့ သုံးရပိုအဆင်ပြေတယ်။

Keyboard ကလည်း Per-key RGB ရတာဆိုတော့ စိတ်ကြိုက်ကလိုလိုက်တာ Zephyus ကြီးက Disco Laptop လုံးလုံးကို ဖြစ်သွားပါတယ်။
AAS ပေါ်က ROG Logo လင်းလို့ရတယ်ဆိုမယ့် ASUS အဆိုရ 3°C လောက် အပူပိုတက်စေတယ်လို့ ပြောပါတယ်။

Per-key Setup

RGB Logo က Heat Spot ပေါ်မှာရှိနေတယ်

အဲ့ဒါကြောင့် Laptops Light Zone ကို ဂိမ်းကစားရင် ပိတ်ထားလိုက်တာ ပိုသင့်တော်ပါတယ်။ အပူတက်လာတာ Control လုပ်နိုင်တယ်ဆိုမယ့် အပူရှိနေသရွေ့ကတော့ ဘယ် Electronic ပစ္စည်းမှ သက်ဆိုးမရှည်ပါဘူး။

ဒီပြဿနာကို Intel နဲ့ Nvidia တို့ တချိန်ချိန်မှာ ဖြေရှင်းပေးနိုင်မယ် ထင်ပါတယ်။

GX701 ရဲ့ အဓိက အားသာချက်တွေ သိပြီးသွားရင် ကျေကွဲစရာ ပြောရဦးမှာက Web-cam ပါမလာပါဘူး။ ကျနော့်အထင် ဂိမ်မာ အများစု Built-in Web-cam မသုံးကျဘူးဆိုတော့ Panel အတွက် နေရာပေးလိုက်ဟန်ရှိပါတယ်။
ဒါပေမယ့် စိတ်မညစ်ရအောင် GX701 ဘူးထဲမှာ သီးသန့် Web-cam ထည့်ပေးထားတယ်။ သုံးကြည့်ရသလောက်ဆိုရင်လည်း Built-in တွေထက် သိသိသာသာ ပိုကောင်းပါတယ်။

အသံထွက် ပိုကောင်းတယ်

GX701 မှာ 2.5W Speaker ၂ လုံး သုံးထားတာဆိုတော့ တခြား Gaming Laptop တွေထွက် မသိမသာ ပိုကောင်းပါတယ်။


Smart AMP အထောက်ပံ့နဲ့ Hi-Res Audio စနစ်တွေလည်း ပါသေးတာဆိုတော့ Laptop Speaker နဲ့ ဂိမ်းကောင်းကောင်းဆော့လိုသူ၊ ရုပ်ရှင်ကြည့်ချင်သူတွေအတွက်ပါ အသုံးတည့်ပါတယ်။

Armoury Crate က Zephyrus ရဲ့ Power Limit

Software ပိုင်းလေး ရင်းနှီးသွားအောင် ပြောရရင် Armoury Crate က စွမ်းဆောင်ရည် နောက်တဆင့် တိုးပေမယ့် ASUS Software လို့ သုံးသပ်ရမှာပါ။

Power Mode ကို WindowsSilentBalancedTurbo နဲ့ Manual ၅ မျိုး ထည့်ပေးထားပါတယ်။
GX701 က တခုထဲသော 76Whr Battery သုံးတာဆိုတော့ အလုပ်လုပ်ဖို့အတွက်ဆိုရင် Windows Mode နဲ့သုံးတာ အားပိုခံပါတယ်။

Silent ကတော့ CPU ၊ GPU ပါဝါ Limit လုပ်လိုက်တာဖြစ်ပြီး ပန်ကာသံမညံ အေးအေးလူးလူး ကစားချင်တယ်ဆိုရင် ပိုသင့်တော်ပါတယ်။

Balanced ကတော့ Default Speed အတိုင်း အလုပ်လုပ်မယ်၊ Turbo ဆိုရင်တော့ ROG OC Mode နဲ့အသုံးပြုနိုင်သလို Performance ပိုတက်လာမယ်၊ ပန်ကာသံပိုကျယ်လာပါမယ်။
ဒီ Mode အားလုံးကို နှစ်သက်သလို ရွေးသုံးနိုင်တယ်ဆိုမယ့် ကျနော်ကတော့ Manual ကို ပိုကြိုက်ပါတယ်။

Great for Fine Tuning Graphics Setting

ကျနော့် Type ကိုက Game အားလုံးကို Ultra တင်ဆော့တာမျိုးမဟုတ်ဘဲ ကိုယ့် Graphics Power အားသာတဲ့အလျောက် Game Setting ကို Optimize လုပ် ကစားလေ့ရှိပါတယ်။
ဥပမာ .. CS:GO ၊ PUBG မှာဆိုရင် fps ကို ဦးစားပေးပါတယ်။ Visual လှနေလဲ မထူးတဲ့အတွက် 144fps ကိုပဲ Target ထားပြီး Low Setting နဲ့ပဲ ကစားပါတယ်။
အယ် Battlefield V ၊ Shadow of the Tomb Raider နဲ့ Metro Exdous လို Ray Tracing ဂိမ်းမျိုးကျပြန်တော့ Visual အရမ်းလှတဲ့အတွက် Custom Ultra Setting ထားပြီး 60fps ဝန်းကျင်ပဲဆော့ပါတယ်။

Manual Control

အဲ့တော့ GPU Overload တာမျိုးမရှိဘဲ ကျနော်သုံးရသလောက် RTX 2070 ဟာ Average 67°C ပဲရှိတယ်၊ CPU ကတော့ 70°C ဝန်းကျင်ရှိတယ်ဆိုတော့ AAS Cooling လည်း သက်တောင့်သက်သာ အလုပ်လုပ်ရပါတယ်။

ဒါကြောင့် Silent Gaming ကို Push လုပ်နိုင်သလို Manual Power Mode မှာ Fan Speed ကို 62% လောက်ပဲ သုံးပါတယ်။

Zephyrus က System Control အရမ်းကောင်းတယ်

အဲ့ဒါကြောင့် Zephyrus ကြီးဟာ တကယ်သုံးတတ်ရင် အကျိုးပြုတဲ့ Machine လို့ ပြောနိုင်ပါတယ်။ အခုချိန်ထိ Touchpad ကို ညာဖက်မှာ သွားစမ်းမိနေသလို Volume Control လုပ်ဖို့ Wheel လေးကို သွားယောင်ပြီး စမ်းမိနေတုန်းပါ။

Scenario Profile

အဲ့လောက်ထိကို Obsess ဖြစ်စေတယ်

GX701 ဟာ ဈေးကြီးတဲ့ Luxury Gaming Laptop ဖြစ်နေပေမယ့် သုံးရတဲ့ Feeling ကိုက တခြား Laptop သုံးရတာနဲ့ မတူပါဘူး။

အပေါ်က ကျနော် Mention လုပ်လာတဲ့ အားသာချက်တွေ ဖတ်ကြည့်ရင်း ပါးပါးလျလျ Gaming Laptop အတွက် ASUS အားထုတ်မှုတွေကိုလည်း ချီးကျူးရမှာပါ။
ဝယ်ချင်တယ်ဆိုရင်တော့ ဝယ်ပါ (ငွေကိုငှဲ့စရာ မလိုဘူးဆိုရင်ပေါ့) အဲ့လိုမှမဟုတ်ဘဲ အခုဆောင်းပါးလေးဖတ်ရှုရင်း နှစ်သက်မိသွားရင် ကျနော့်အပြစ်မဟုတ်တော့ဘူးထင်ပါတယ်။

2B (Akhayar)
www.akhayar.com