[Zawgyi] 





Ref: TheLowDown

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Rocket Internet လုပ်ငန်းစုမြန်မာပြည်မှထွက်ခွာ

2012 ခုနှစ်ဝန်းကျင်က မြန်မာနိုင်ငံကိုစတင်ဝင်ရောက်လာခဲ့တဲ့ Online အခြေပြုကုမ္ပဏီတွေကို ဖန်ုတီးပေးနေတဲ့ Gruop တစ်ခုပဲဖြစ်ပါတယ်။ Rocket Internet Group ကတော့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာအခြေစိုက်ထားတာဖြစ်ပြီး 2007 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ 

Rocket Internet ရဲ့မြန်မာနိုင်ငံမှာရှိတဲ့ Online Service တွေကိုတော့ Asia Pacific Internet Group (APACIG) ကဦးစီးဆောင်ရွက်နေခဲ့တာပဲဖြစ်ပါတယ်။ APICIG လက်အောက်မှာတော့ Carmudi ၊ ads.com ၊ everJobs အစရှိတဲ့လုပ်ငန်းခွဲတွေပါဝင်ပါတယ်။ Carmudi ကိုတော့ motors.com.mm အနေနဲ့ပြန်ခွဲပေးထားပြီး ads.com.mm နှင့် work.com.mm အပြင် house.com.mm စတာတွေအဖြစ် ပြည်တွင်းအတွက်ပြန်လုပ်ပေးထားတဲ့ Website နဲ့ Facebook Page တွေကိုဖျက်သိမ်းသွားခဲ့ပါတယ်။ 

အခုလို အရှေ့တောင်အာရှလုပ်ငန်းစုတွေကိုဖျက်သိမ်းသွားတာကတော့ မြန်မာနိုင်ငံအပါအဝင် အနီးပတ်ဝန်းကျင်နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နံမယ့် ကုမ္ပဏီတွေနည်းလာတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာရတဲ့အတွက်ကြောင့်လို့ဆိုပါတယ်။ Rocket Internet ရဲ့ပိုင်ဆိုင်တဲ့ Share တွေတော့အများကြီးရှိပေမယ့် အရှေ့တောင်အာရှဖက်မှာတော့ လုပ်ငန်းဆက်လက်ရပ်တည်ဖို့အစီအစဉ်မရှိတော့တာလည်းပါပါတယ်။ ads.com.mm ကိုလည်း အသုံးပြုသူအများအပြားရှိခဲ့ပြီး အသုံးပြုသူတွေနှစ်သက်တဲ့ အခမဲ့ကြော်ငြာ Website တစ်ခုဖြစ်ခဲ့ပါတယ်။ motors.com.mm ကတော့ အခုအချိန်အထိရပ်တန့်ခြင်းမရှိသေးတာကိုတွေ့ရပါတယ်။ 

Ref: TheLowDown

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။