[Zawgyi]

Idiots၊ Wanted နဲ႔ Reason တို႔နဲ႔အတူ သႀကၤန္ကိုျဖတ္သန္းၾကမလား..

ဒီႏွစ္သႀကၤန္မွာ ျခံအမွတ္(၅၄)၊ ျပည္လမ္းေပၚက God’s Theatre မ႑ပ္မွာ ဘယ္တီးဝိုင္းနဲ႔ ဘယ္အဆိုေတာ္ေတြက သူရဲ႕ပရိသတ္ေတြနဲ႔ အတူကဲၾကမလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။ ဒီ God’s Theatre မ႑ပ္မွာကေတာ့ Rock Music ကို ေရကုန္ေရခမ္းအျပတ္ကဲႏိုင္ၾကဖို႔ Rock ဂီတသမားေတြကို စုစည္းေပးထားၿပီး အမိုက္စားတီးဝိုင္းေတြျဖစ္ၾကတဲ့ Idiots၊ Wanted နဲ႔ Reason တို႔အျပင္ တစ္ျခားေဖ်ာ္ေျဖမႈေတြလည္း ပါဝင္သြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

SIR

God’s Theatre မ႑ပ္နဲ႔ပတ္သက္ၿပီး တာဝန္ရွိသူတစ္ဦးကလည္း “ဒီႏွစ္သၾကၤန္မွာ God’s Theatre နဲ႔အတူ Rock ၾကမယ့္ အမ်ိဳးတို႔အတြက္ အထူးသီးသန္႔ေဖ်ာ္ေျဖေပးမယ့္ အစီအစဥ္ျဖစ္တဲ့အတြက္ တစ္ျခားေသာ အျပင္ပရိသတ္ေတြနဲ႔မေရာယွက္ဘဲ Rocker ေတြပဲ စုေ၀းၿပီး ေပ်ာ္ၾက ကဲၾက ဆြဲၾကဖို႔အတြက္ပါ။ ေဘာ္ဒါတို႔ဘက္က အေရာက္လာဖို႔ပဲ တာ၀န္ယူပါ။ God’s Theatre ရွိတဲ့ ျခံ၀န္းထဲမွာ အရသာရွိတဲ့ စားေသာက္ဖြယ္ရာအစံုအလင္ကို ေရာင္းခ်ေပးမယ့္ မုန္႔ေစ်းတန္းေလးပါရွိေနဦးမွာဆိုေတာ့ ျခံထဲမွာ တစ္ေနကုန္ အမုန္းကဲ၊ အမုန္းဆြဲၾကဖုိ႔ ဖိတ္ေခၚပါတယ္” လို႔ ဆိုပါတယ္။

SIR

God’s Theatre မ႑ပ္ရဲ႕ လက္မွတ္ေစ်းႏႈန္းေတြက Hermes နဲ႔ Poseidon ဆုိၿပီး ႏွစ္မ်ိဳးႏွစ္စားရွိကာ Hermes မွာေတာ့ ၄ ရက္လံုးကို ၇၀၀၀၀ က်ပ္နဲ႔ လက္မွတ္အေစာင္ေရ ၄၀၀ ကို ေရာင္းခ်ေပးသြားမွာျဖစ္ၿပီး ၊ Poseidon အေနနဲ႔ ၄ ရက္လံုးကို ၁၄၀၀၀၀ က်ပ္နဲ႔ လက္မွတ္အေစာင္ေရ ၂၀၀ ကိုေရာင္းခ်ေပးသြားမွာျဖစ္တယ္လုိ႔လည္း သိရပါတယ္။ သႀကၤန္(၄)ရက္တာလံုးမွာ ကုိယ္ျမတ္ႏိုးတဲ့ Rock ဂီတ၊ ကိုယ္အားေပးတဲ့ Idol Artist ေတြနဲ႔အတူ ရင္ဘတ္ခ်င္းနီးတဲ့့ ေဘာ္ဒါအေပါင္းအသင္းေတြပါ ေပ်ာ္ရႊင္စြာျဖတ္သန္းႏိုင္ဖို႔အတြက္လည္း အဖြဲ႔ဝင္ေတြအားလံုးက ဖိတ္ေခၚထားတာျဖစ္ပါတယ္။

SIR

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Idiots၊ Wanted နဲ့ Reason တို့နဲ့အတူ သင်္ကြန်ကိုဖြတ်သန်းကြမလား..

ဒီနှစ်သင်္ကြန်မှာ ခြံအမှတ်(၅၄)၊ ပြည်လမ်းပေါ်က God’s Theatre မဏ္ဍပ်မှာ ဘယ်တီးဝိုင်းနဲ့ ဘယ်အဆိုတော်တွေက သူရဲ့ပရိသတ်တွေနဲ့ အတူကဲကြမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီ God’s Theatre မဏ္ဍပ်မှာကတော့ Rock Music ကို ရေကုန်ရေခမ်းအပြတ်ကဲနိုင်ကြဖို့ Rock ဂီတသမားတွေကို စုစည်းပေးထားပြီး အမိုက်စားတီးဝိုင်းတွေဖြစ်ကြတဲ့ Idiots၊ Wanted နဲ့ Reason တို့အပြင် တစ်ခြားဖျော်ဖြေမှုတွေလည်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

SIR

God’s Theatre မဏ္ဍပ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးကလည်း “ဒီနှစ်သင်္ကြန်မှာ God’s Theatre နဲ့အတူ Rock ကြမယ့် အမျိုးတို့အတွက် အထူးသီးသန့်ဖျော်ဖြေပေးမယ့် အစီအစဉ်ဖြစ်တဲ့အတွက် တစ်ခြားသော အပြင်ပရိသတ်တွေနဲ့မရောယှက်ဘဲ Rocker တွေပဲ စုဝေးပြီး ပျော်ကြ ကဲကြ ဆွဲကြဖို့အတွက်ပါ။ ဘော်ဒါတို့ဘက်က အရောက်လာဖို့ပဲ တာဝန်ယူပါ။ God’s Theatre ရှိတဲ့ ခြံဝန်းထဲမှာ အရသာရှိတဲ့ စားသောက်ဖွယ်ရာအစုံအလင်ကို ရောင်းချပေးမယ့် မုန့်ဈေးတန်းလေးပါရှိနေဦးမှာဆိုတော့ ခြံထဲမှာ တစ်နေကုန် အမုန်းကဲ၊ အမုန်းဆွဲကြဖို့ ဖိတ်ခေါ်ပါတယ်” လို့ ဆိုပါတယ်။

SIR

God’s Theatre မဏ္ဍပ်ရဲ့ လက်မှတ်ဈေးနှုန်းတွေက Hermes နဲ့ Poseidon ဆိုပြီး နှစ်မျိုးနှစ်စားရှိကာ Hermes မှာတော့ ၄ ရက်လုံးကို ၇၀၀၀၀ ကျပ်နဲ့ လက်မှတ်အစောင်ရေ ၄၀၀ ကို ရောင်းချပေးသွားမှာဖြစ်ပြီး ၊ Poseidon အနေနဲ့ ၄ ရက်လုံးကို ၁၄၀၀၀၀ ကျပ်နဲ့ လက်မှတ်အစောင်ရေ ၂၀၀ ကိုရောင်းချပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ သင်္ကြန်(၄)ရက်တာလုံးမှာ ကိုယ်မြတ်နိုးတဲ့ Rock ဂီတ၊ ကိုယ်အားပေးတဲ့ Idol Artist တွေနဲ့အတူ ရင်ဘတ်ချင်းနီးတဲ့ ဘော်ဒါအပေါင်းအသင်းတွေပါ ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့အတွက်လည်း အဖွဲ့ဝင်တွေအားလုံးက ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

SIR

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။